MPT သုံးစွဲသူများအတွက် ဒေတာနှစ်ဆရမည့် “Super Double Data Pack” ပရိုမိုးရှင်းအစီအစဉ်ကို မိတ်ဆက်

MPT ၏ ဒေတာများကို အစဉ်တစိုက် သုံးစွဲသူများ အားလုံးအတွက် အင်တာနက်ဒေတာပက်ကေ့ချ်များ ဝယ်ယူခြင်းဖြင့် ဒေတာနှစ်ဆ ရရှိနိုင်မည့် “စူပါဒေတာနှစ်ဆ ပက်ကေ့ချ်” ပရိုမိုးရှင်းအစီအစဉ်ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရ သည်။
MPT အနေဖြင့် ၎င်း၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ အကျိုးကျေးဇူးများကိုသုံးစွဲသူများ ရရှိခံစားနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ အစွန်အဖျား ဒေသများအထိ ကွန်ရက်ဖြန့်ကျက်ထားကာ နိုင်ငံလူဦးရေ၏ ၉၆ရာခိုင်နှုန်း ကျော် ကို လွှမ်းခြုံထားသော အကျယ်ပြန့်ဆုံး၊ အလျင်မြန်ဆုံး နှင့် ယုံကြည်စိတ်ချရသည့် ဆက်သွယ်ရေး ကွန်ရက်ကို တည်ထောင်ထားပြီးဖြစ်ပါသည်။ ပက်ကေ့ချ်တစ်ခုအတွက်သာ တန်ဖိုးကျသင့်ပြီး ထပ်ဆောင်းကုန်ကျမှုမရှိဘဲ ဒေတာနှစ်ဆ ရရှိနိုင်မည့် “Super Double Data Pack” ၏ အကျိုးခံစားခွင့်ကို ရယူထားခြင်းအားဖြင့် MPT အသုံးပြုသူများသည် အင်တာနက်ကြည့်ရှုခြင်း၊ အွန်လိုင်းဂိမ်းကစားခြင်း၊ ရုပ်ရှင်တိုက်ရိုက်ကြည့်ရှုခြင်းများအပြင် လူမှုရေး ကွန်ရက်များမှ မိမိတို့၏ မိသားစု၊ သူငယ်ချင်းများနှင့် အချိန်နာရီများစွာ ပိုမိုအဆက်အသွယ်မပြတ် ရှိနေနိုင်မည် ဖြစ်သည်။

Photo Source https://web.facebook.com/mptofficialpage/

“ကျွန်တော်တို့ MPT အနေနဲ့ အသုံးပြုသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေနဲ့ ဝန်ဆောင်မှုတွေ ပေးစွမ်းနိုင်ဖို့ စဉ်ဆက်မပြတ် ဆန်းသစ်တီထွင် ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ရဲ့ ဒေတာပက်ကေ့ချ် အသစ်တွေက သုံးစွဲသူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ မိုဘိုင်းလ်အင်တာနက်ကို အသုံးပြုရာမှာ အဆင်ပြေစေဖို့ ဈေးနှုန်းချိုသာမှုကို အလေးထားပြီး ပြန်လည်လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ မိုဘိုင်းလ်ဖုန်းအသုံးပြုသူ တွေအနေနဲ့ MPT ရဲ့ မြန်နှုန်းမြင့်ကွန်ရက်တွေက တစ်ဆင့် မိမိတို့ရဲ့ ဒီဂျစ်တယ်လူမှုဘဝတွေကို ပိုပြီးပြည့်စုံကောင်းမွန် စေနိုင်တယ်ဆိုတာ သိနိုင်ပါတယ်။ ဒေတာနှစ်ဆ ထပ်ဆောင်းပေးမယ့် “Super Double Data Pack” ကို ရယူထားမယ်ဆိုရင် သုံးစွဲသူတွေက မိမိတို့ ကြိုက်နှစ်သက်တဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကို အွန်လိုင်းကနေ ကြည့်ရှုနိုင်ခြင်း၊ မိုဘိုင်းလ်ဂိမ်းကစားခြင်း နဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေကို ကိုယ့်ရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူတူ ပိုမိုမျှဝေခံစားနိုင်မှာ ဖြစ်ပါတယ်” ဟု MPT-KSGM JO မှ စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima မှ ပြောကြားသည်။
MPT မှ ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားသော ကြိုတင်ငွေဖြည့်စနစ်သုံးနှင့် အသုံးပြုပြီးမှ ပေးချေသည့် စနစ်သုံး GSM/WCDMA ဝန်ဆောင်မှု ရယူထားသူမျာအားလုံးသည် “Super Double Data Pack” ပက်ကေ့ချ်များကို ဝယ်ယူနိုင်ပါသည်။ Base Tariff အသုံးပြုသူများသည် ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ်များကို ပြောင်းလဲ အသုံးပြုပြီး “Super Double Data Pack” ကို ဝယ်ယူနိုင်သည်။

Photo Source https://web.facebook.com/mptofficialpage/

အသုံးပြုသူများအနေဖြင့် ပက်ကေ့ချ်များဝယ်ယူရာတွင် အကန့်အသတ်မရှိ အကြိမ်အရေအတွက် အများအပြား ဝယ်ယူနိုင် သည်။ ပက်ကေ့ချ်၏ မူလဒေတာ သက်တမ်းမှာ ရက် (၃၀) ဖြစ်ပြီး သက်တမ်း ကုန်ဆုံးပြီး (၇) ရက်အတွင်း ဒေတာ ပက်ကေ့ချ် အသစ် ထပ်မံဝယ်ယူပါက အသုံးပြုရန် ကျန်ရှိနေသော မူလဒေတာ ပမာဏကို ထပ်မံဝယ်ယူသော ပက်ကေ့ချ်၏ နောက်ဆုံးသက်တမ်းအထိ ပေါင်းစည်းအသုံးပြုနိုင်ပါသည်။ “Super Bonus Data” (အထူးအပိုဆောင်းဒေတာ)၏ သက်တမ်းမှာ (၇)ရက် ဖြစ်ပြီး ထိုကာလအတွင်း Package အသစ်ထပ်မံ ဝယ်ယူပါက Super Bonus Data အချင်းချင်း၏ ဒေတာပမာဏကို ပေါင်းစည်း အသုံးပြုနိုင်မည် ဖြစ်သည်။
MPT အသုံးပြုသူများသည် “Super Double-Data Package” ပရိုမိုးရှင်း၏ မူလဒေတာပမာဏ လက်ကျန်များ၊ အထူးအပိုဆောင်းဒေတာများ နှင့် အသုံးပြုခွင့်ရရှိသည့် နောက်ဆုံးသက်တမ်းကို MPT4U App သို့မဟုတ် *224# သို့ ခေါ်ဆို၍စစ်ဆေးသိရှိနိုင်ပါသည်။