Huawei ၏ AI အထောက်အကူပြု နည်းပညာဝန်ဆောင်မှုများက မြန်မာနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးတွင်ကူညီ

ပြည်သူလူထုကိုအကူအညီပေးရန်COVID-19 တိုက်ဖျက်ရေးအကောင်အထည်ဖော်မှုတစိတ်တပိုင်းအနေဖြင့် Huawei ကမြန်မာငွေကျပ် ( ၇၂,၇၄၈,၅၆၂/-) တန်ဖိုးရှိ artificial intelligence (AI) ဆိုင်ရာနည်းပညာဝန်ဆောင်မှုများ၊ ဗီဒီယိုဆွေးနွေးပွဲစနစ်နှင့်စမတ်ဖုန်းများကို မြန်မာနိုင်ငံအတွက်ပံ့ပိုးပေးလျက်ရှိကြောင်းသိရသည်။
COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မြေပြင်ဆက်သွယ်မှုဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းပြီး ချိတ်ဆက်မှုများကို သေချာစေရန်နှင့်ဆန်းသစ်သည့်နည်းပညာများ၊ အရေးတကြီးလိုအပ်သည့်ဝန်ဆောင်မှုများကို ပံ့ပိုးပေး ရန်တို့အတွက် Huawei ကရန်ကုန်တိုင်း‌ဒေသကြီးအစိုးရ၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက် ခဲ့ခြင်းလည်းဖြစ်သည်။
ကပ်ရောဂါကိုတိုက်ဖျက်ရန်အတွက်ပထမဦးဆုံးအရေးကြီးသည်မှာကျန်းမာရေးစနစ်များဖြစ်သည်။ Huawei ၏ ဆက်သွယ် ရေးဆေးပညာ (telemedicine) လုပ်ထုံးများကိုဗီဒီယိုတိုက်ရိုက်ထုတ်လွှင့်ခေါ်ဆိုမှု၊ အဝေးရောက်ပူးပေါင်းလုပ်ကိုင်မှု၊ အဝေးထိန်းရောဂါဆန်းစစ်မှု၊ အဝေးထိန်းအကာအကွယ်ပေးမှုစသည့်အဓိကအချက်လေးချက်တွင်အခြေခံကာ လက်တွေ့ လုပ်ကိုင်ဆန်းသစ်ထားခြင်းဖြစ်သည်။ ယင်းအဓိကအချက်များအားလုံးကို မြန်မာနိုင်ငံအပါအဝင်အာရှပစိဖိတ်ဒေသတွင်း နိုင်ငံများတွင်လက်တွေ့သုံးစွဲနေကြပြီဖြစ်သည်။

Photo Source http://www.facebook.com/Huawei

“HUAWEI CLOUDဟာတရုတ်နိုင်ငံကမိတ်ဖက်များနဲ့ လက်တွဲပြီးကပ်ရောဂါကိုတိုက်ဖျက်ဖို့အတွက် Cloud၊ AI စတဲ့ဆန်း သစ်တဲ့နည်းပညာတွေကိုအသုံးပြုနေခဲ့ပြီး AI နည်းပညာသုံး CT scan ရောဂါဆန်းစစ်မှု၊အွန်လိုင်းပညာရေးနဲ့ တယ်လီကွန်း နည်းပညာပိုင်း တွေမှာအတွေ့အကြုံကြွယ်ဝနေပါပြီ။ အခုဆိုရင်ဒီအကြပ်အတည်းတွင်းကစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့အတွက်မြန်မာပြည်သူတွေကိုကျွန်တော်တို့ကနည်းပညာပံ့ပိုးမှုနဲ့ အကောင်းဆုံးအားထုတ် ကူညီပေးသွားမှာဖြစ် ပါတယ်။ဒီ solution တွေဟာကျန်းမာရေးပညာရှင်တွေနဲ့ဆေးရုံတွေမှာလုပ်ကိုင်နေတဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်လုပ် သားတွေအတွက် အဝေးရောက်ဆွေးနွေးတိုင်ပင်မှုတွေပြုလုပ်နိုင်ဖို့၊ ရောဂါဆန်းစစ်မှုနဲ့ကုသမှုဆိုင်ရာထိရောက်မှုတွေကို တိုးမြှင့်နိုင်ဖို့နဲ့အစိုးရနဲ့ဆေးရုံတွေကြားအချိန်နဲ့တပြေးညီ အဆက်မပြတ်ဆက်သွယ်မှုတွေပြုလုပ်နိုင်စေဖို့ လုပ်ဆောင်ပေး သွားမှာဖြစ်ပါတယ်”ဟု Huawei Myanmar ၏ CEO Mr.Ding Zhaoyi က ပြောကြားသည်။
မြန်မာနိုင်ငံတွင် Huawei ၏ဆက်သွယ်ရေးဆေးပညာဆိုင်ရာonline conference စနစ်ကို COVID-19 ရောဂါပိုးရှိသူ လူနာဦးရေ ၂,၀၀၀ အထိလက်ခံကုသပေးနိုင်ရန်ပြင်ဆင်ထားသော ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)နှင့် ရန်ကုန်ဆေး တက္ကသိုလ်(၁)တို့တွင်တပ်ဆင်ထားပြီး အစိုးရနှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆေးဝါးကျွမ်းကျင်ပညာရှင်များကို ကပ်ရောဂါကာကွယ်ခြင်း၊ နိုင်ငံအနှံ့ရှိဌာနများ၊ လူများတစ်ပြိုင်နက်ပူးပေါင်းချိတ်ဆက်ကာအွန်လိုင်းတွင် ဆွေးနွေးခြင်းနှင့် နိုင်ငံတစ်ဝှမ်းမှ ဆေးရုံ၊ ဆေးတက္ကသိုလ်များအပြန်အလှန်ချိတ်ဆက်ကာ ဆေးပညာရှင်များအချင်းချင်းဆွေးနွေး၊ သင်ကြားခြင်းများပြုလုပ်စေနိုင်ရန် အကူအညီပေးခဲ့သည်။ ယင်းစနစ်၏လုပ်ဆောင်မှုမှာ ရောဂါရှာဖွေမှု၏စွမ်းဆောင်ရည်ကို သာတိုးတက်စေသည်မဟုတ်ဘဲ ဆေးဘက်အဖွဲ့အစည်းတစ်ရပ်လုံးအပေါ်ရောဂါကူးစက်နိုင်ချေကိုပါ လျော့နည်းစေမည် ဖြစ်သည်။ ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကူးစက်မြန်ရောဂါကိုတိုက်ဖျက်ရာတွင်ပိုမိုထိရောက်စေရန် အကူအညီပေးနိုင်ရုံမက ဆရာဝန်များအနေဖြင့် လူနာများ၏ CT ကိုဖတ်ရှုကာရောဂါရှာဖွေချိန်ကို သိသာစွာလျှော့ ချပေးနိုင်မည့်အမြန်နှုန်းမြင့်မား၍ဒေတာအကူးအပြောင်းကြာချိန် (latency) အလွန်နည်းပါးသော Huawei ၏ AI နည်းပညာသုံးရောဂါရှာဖွေမှုနှင့်ကုသမှုစနစ်တို့ကိုလည်းတပ်ဆင်ပေးခဲ့သည်။

Photo Source http://www.facebook.com/Huawei

“အခုလို လှူဒါန်းပေးတဲ့ အလှူရှင်တွေကို ကျွန်တော့်အနေနဲ့အထူးပဲကျေးဇူးတင်ပါတယ်။ ပြည်သူတွေရဲ့ လှူဒါန်းမှု ပူးပေါင်း ပါဝင်မှု၊ ဝိုင်းဝန်းထည့်ဝင်မှုတွေဟာ COVID 19 ရောဂါတိုက်ဖျက်ရေးကို ဆောင်ရွက်နေရတဲ့သူတွေအတွက် စိတ်ဓါတ် ခွန်အားကို ပိုပြီးဖြစ်စေပါတယ်။ ကမ္ဘာ့အလယ်မှာလည်း တကယ့်ကို မျက်နှာပန်းလှတဲ့နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ခက်ခဲတဲ့အချိန်တွေမှာ ယခုလို ပါဝင်ပေးမှုတွေကို အမြဲမှတ်တမ်းတင်ထားမှာပါ။ ဒီအခြေအနေကို ဆက်လက်ထိန်းသိမ်းပြီး နောင်ကြုံလာခဲ့မယ့်အခြေအနေတွေ ရှိခဲ့မယ်ဆိုလည်း အင်တိုက်အားတိုက်နဲ့ ကျွန်တော်တို့ အခုလိုပဲ ညီညီညွတ်ညွတ်နဲ့ ဆက်လက်ဖြေရှင်းဆောင်ရွက်နိုင်ပါစေလို့ဆန္ဒပြုပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မှပြောကြားသည်။
HUAWEI CLOUD ပလက်ဖောင်းပေါ်တွင်အခြေခံထားသည့် Huawei ၏ AI နည်းပညာသုံးရောဂါဆန်းစစ်မှု solution များက COVID-19 သံသယလူနာများကိုမြန်ဆန်စွာဆန်းစစ်အတည်ပြုပေးသောကြောင့် ရောဂါဆန်းစစ်မှုကြာချိန်ကို သိသာစွာလျှော့ချပေးသည်။ ရောဂါ၏ကနဦးအခြေအနေ၊အားကောင်းသည့်အခြေအနေ၊ ပြင်းထန်သည့်အခြေအနေများကို သိသာစွာခွဲခြားပေးနိုင်သဖြင့်ကုသရေးအတွက်အချိန်ကိုချွေတာနိုင် သလိုအလုပ်များပိခြင်းကိုလည်း လျှော့ချပေးနိုင်မည်ဖြစ် သည်။
ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်တွင် HUAWEI CLOUD ကထုတ်လုပ်ထားသော EIHealth စနစ်ကို အသုံးပြုကာ မျိုးရိုးဗီဇပစ္စည်း (genome) ပျံ့နှံ့မှုကိုစောင့်ကြည့်ခြင်း၊ ပျံ့နှံ့မှုတားဆီးသည့်ဆေးဝါးကို silo screening စနစ်တွင် အသုံးပြုခြင်းနှင့် AI နည်းပညာသုံး CT ဖြင့်လူနာဆန်းစစ်ခြင်းဝန်ဆောင်မှုများပံ့ပိုးလျက်ရှိသည်။
ပိုမိုသိရှိလိုပါက အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
http://www.facebook.com/Huawei