Apps များကိုရှာဖွေနိုင်မည့် Petal Search Widget – Find Apps ဝန်ဆောင်မှုသစ်ကို HUAWEI မှ မိတ်ဆက်

ထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Huawei သည် Huaweiဖုန်းအသုံးပြုသူများအတွက် မိုလွယ်ကူလျင်မြန်စွာဖြင့် Application များကိုအလွယ်တကူရှာဖွေဒေါင်းလုတ်ဒ်ရယူနိုင်မည့် Petal Search Widget – Find Apps ဝန်ဆောင်မှုကို မိတ်ဆက်ခဲ့ပြီဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေငြာခဲ့ပြီးဖြစ်ကြောင်းသိရသည်။
အဆိုပါ ဝန်ဆောင်မှုကိုလွယ်ကူစွာရရှိနိုင်မည်ဖြစ်ပြီး Huawei ဖုန်းအသုံးပြုသူများအနေနှင့် Petal Search – Find Apps (အပလီကေးရှင်း) ကို App Gallery မှတစ်ဆင့် Download ပြုလုပ်ထည့်သွင်းပြီးအဆိုပါ Apps မှတစ်ဆင့် ပိုမိုများပြားသည့် Apps များကိုအလွယ်တကူရှာဖွေရယူအသုံးပြုနိုင်မည်ဖြစ်သည်။

Photo Source https://web.facebook.com/HuaweimobileMM/

အဆိုပါ Petal Search Widget – Find Apps ဝန်ဆောင်မှုကို Huawei Mobile Services (HMS) စနစ်သုံး စမတ်ဖုန်း များဖြစ်သည့် P40 Pro၊ Mate 30 Pro၊ nova 7i၊ Y8p၊ Y7p၊ Y6p၊ Y5p အစရှိသည့် စမတ်ဖုန်းများတွင်သာမက MatePad Pro၊MatePad T8 အစရှိတဲ့ HMS စနစ်သုံးတက်ဘလက်များအတွက်ပါရရှိနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် Petal Search Widget – Find Apps ဝန်ဆောင်မှုနှင့် အတူHuawei Mobile Services (HMS) ကိုအသုံးပြုထားသည့် စမတ်ဖုန်းများတွင် Apps များကိုပိုမိုလွယ်ကူစွာရယူနိုင်မည့် နည်းလမ်းတစ်ခုတိုးတက်လာခြင်းလည်းဖြစ်ပါသည်။ Huawei ဖုန်းများတွင် Apps များကိုရယူနိုင်မည့် နည်းလမ်းများမှာအောက်ပါအတိုင်းဖြစ်သည်။

(၁) Phone Clone -ယခင်ဖုန်းဟောင်းမှApps များ၊ ဖုန်း Contacts များ၊ ဖိုင်များနှင့် ဓာတ်ပုံ၊ ဗီဒီယိုအစရှိသည် တို့ကိုဖုန်းအသစ်သို့ အချိန်ခဏလေးအတွင်းလွယ်ကူစွာဖြင့် ကူးပြောင်းရယူနိုင်မည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။
(၂) AppGallery – AppGalleryသည် Huawei ၏ တရားဝင် App Store ဖြစ်ပြီးလက်ရှိအချိန်တွင် လစဉ်သုံးစွဲသူပေါင်း သန်း၄၂၀ ခန့်ရှိကာလက်ရှိရယူနိုင်မည့် Apps အရေအတွက်လည်းစဉ်ဆက်မပြတ် တိုးပွားလာနေသော App Store Platform တစ်ခုလည်း ဖြစ်သည်။
(၃) Petal Search Widget – Find Apps – လက်ရှိ မိတ်ဆက်လိုက်သောနည်းပညာဝန်ဆောင်မှုအသစ်ဖြစ်ပြီးSearch Engine နှင့်အတူHome Screen တွင် Widget ပါ ထုတ်ထားပြီးအဆိုပါ Widget မှတစ်ဆင့် App များကိုပါ လွယ်ကူလျင်မြန်စွာရယူနိုင်မည့် နည်းပညာဖြစ်ပါသည်။
Petal Search Widget – Find Apps သည် Petal Search Engine ကိုကျောထောက်နောက်ခံယူထားပြီး App များကိုလွယ်ကူစွာရယူနိုင်ရုံသာမကအသုံးပြုသူများအတွက် ရှာဖွေမှုအတွေ့အကြုံသစ်ကိုပါ ရရှိစေမှာဖြစ်ပါသည်။ လက်ရှိအချိန်တွင် မိမိရှာဖွေလိုက်သောApp ကိုရင်းမြစ်များစွာမှ ရှာဖွေပေးပြီးမည့်သည့် ရင်းမြစ်မှ လာသည်ကိုပါ တစ်ပါ တည်းဖော်ပြပေးထားပါသည်။ App များကိုအလွယ်တကူ Update ပြုလုပ်နိုင်မည့် Feature ကိုပါ ထည့်သွင်းပေး ထားပါသည်။ ထို့အပြင် Petal Search Widget သည် HUAWEI App Gallery နှင့် တစ်သားတည်းဖြစ်အောင် ပေါင်းစည်းတည်ဆောက်ထားသည့်အတွက် App Gallery မှ ထိပ်တန်း App များ၊ လူသုံးအများဆုံး App များကိုပါ အလွယ်တကူတွေ့မြင်နိုင်မည်ဖြစ်သည်။ Huawei App Gallery သည်လည်းစဉ်ဆက်မပြတ် တိုးတက်နေသောApp Store Platform တစ်ခုဖြစ်ပြီးအပတ်စဉ် App အသစ် ရာပေါင်းများစွာအသစ်ဝင်ရောက်လာလျက်ရှိသည်။

Photo Source https://web.facebook.com/HuaweimobileMM/

လက်ရှိအချိန်တွင် Petal Search Widget – Find Apps ဝန်ဆောင်မှုကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၄၅ နိုင်ငံတွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်ပြီးဘာသာစကားအထောက်အပံ့ အမျိုး၄၀ အထိဖြင့်ဝန်ဆောင်မှု ရရှိနိုင်မှာဖြစ်ပါသည်။ ထို့အပြင်Petal Search Widget – Find Apps ဝန်ဆောင်မှုကိုစဉ်ဆက်မပြတ်တိုးတက်လာစေရန် အဆင့်ဆင့် အဆင့်မြှင့် တင်သွားမှာဖြစ်ပြီး Huawei ဖုန်းအသုံးပြုသူများအနေနှင့် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများကိုရရှိနိုင်ဦးမှာ ဖြစ်သည်။ Petal Search Widget – Find Apps ကို Huawei AppGalleryတွင် Download ရယူပြီးအသုံးပြုနိုင်ပြီဖြစ်သည်။
Petal Search Widget – Find Apps ကို HUAWEI AppGallery မှ ရယူနိုင်ရန် – https://bit.ly/2Bb5SmT
Petal Search Widget – Find Appsအသုံးပြုပုံကိုအဆင့်ဆင့်လေ့လာနိုင်ရန် – https://bit.ly/31yjL98