Huawei သည် BrandZ ၏ ကမ္ဘာ့တန်ဖိုးအရှိဆုံးအမှတ်တံဆိပ်အဆင့်များတွင် အဆင့် ၄၅ အထိတိုးတက်လာ

WPP နှင့် Kantar တို့မှထုတ်ပြန်သော BrandZ Top 100 Most Valuable Brands တွင် Huawei သည်အဆင့် ၄၅နေရာတွင် ရပ်တည် နေပြီး USD 29.4 Billion တန်ကြေးရှိသောအမှတ်တံဆိပ်တန်ဖိုး (ယမန်နှစ်ကထပ်စာလျင် ၉ရာခိုင်နှုန်းတိုးမြင့်လာခဲ့) ဖြင့်ယခင်နှစ်ထပ်စာလျှင် အဆင့်နှစ်နေရာတိုးတက်လာခဲ့ခြင်းဖြစ်သည်။
၂၀၂၀ ခုနှစ်သည် Huawei အတွက် ကမ္ဘာအနှံ့တွင်တန်ဖိုးအရှိဆုံးကုန်အမှတ်တံဆိပ် ၅၀ တွင် တစ်ခုအဖြစ် ပါဝင်နေခဲ့သည်မှာငါးနှစ်ဆက်တိုက် ရှိပြီဖြစ်သည်။ အစီရင်ခံစာများအရကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်များ၏ စုစုပေါင်း တန်ဖိုးသည် ယမန်နှစ်ဖြင့်နှိုင်းယှဉ်ကြည့်ပါက စုစုပေါင်း ၅.၉ ရာခိုင်နှုန်းမြင့်တက်လာပါသည်။နည်းပညာပိုင်း နယ်ပယ်မှ အမှတ်တံဆိပ်များသည် ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်များ၏စုစုပေါင်းတန်ဖိုးများအနက် ၁၅ နှစ်ဆက်တိုက် အများဆုံး ပါဝင်လျက်ရှိပြီး ထိပ်တန်းအမှတ်တံဆိပ် ၁၀၀ ၏ ၃၇ ရာခိုင်နှုန်းကိုကိုယ်စားပြုနေပါသည်။ ထို့အပြင် တရုတ်နိုင်ငံမှ အမှတ်တံဆိပ်များသည်ထိပ်တန်း၁၀၀တွင်၁၇ခုအထိပါဝင်နေပြီး ‘Top 20 Risers’ စာရင်းတွင်လည်း အမှတ်တံဆိပ် ၅ ခုသည် တန်ဖိုးအမြင့်ဆုံးအမှတ်တံဆိပ်အဖြစ်အသိအမှတ်ပြုခြင်းခံရသည်။
Huawei သည် ယမန်နှစ်များတွင်ပြည်တွင်းနှင့်ပြည်ပကမ်းလှမ်းချက်များကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်စေရန် ဗျူဟာများဖြင့်ပြင်ဆင်ခဲ့ပါသည်။ ဖေဖော်ဝါရီလတွင်ပြုလုပ်ခဲ့သော Virtual Launch တွင်မျက်နှာပြင်ခေါက်နိုင်သော 5G HUAWEI Mate Xsအပါအဝင် HUAWEI MatePad Pro 5G တက်ဘလက်နှင့် Huawei ၏ ပထမဆုံး App Store platform တစ်ခုဖြစ်သည့်AppGalleryကိုမိတ်ဆက်ခဲ့သည်။ထို့အပြင် Huawei သည် All-Scenario Seamless AI Life Strategy ကိုမိတ်ဆက်ခဲ့ပြီးအသုံးပြုသူများအတွက် 5G မှ AI အထိအီလက်ထရောနစ်နည်းပညာတွင်ပိုမိုကောင်းမွန်သည့် အတွေ့အကြုံများကို ပေးစွမ်းနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများကိုပိုမိုတိုးမြှင့်သွားမည်ဟုလည်းဖော်ပြခဲ့ပါသည်။ ပြီးခဲ့သည့် လအနည်းငယ်အတွင်းတွင်မိတ်ဆက်ခဲ့သော HUAWEI P40 Series သည်ကင်မရာစမတ်ဖုန်းဖြင့် သုံးစွဲသူများအတွက် အကောင်းမွန်ဆုံးသောဓာတ်ပုံအတွေ့အကြုံကိုပေးစွမ်းပြီးမိုဘိုင်းဓာတ်ပုံနည်းပညာကိုတစ်ခေတ်ဆန်းစေခဲ့သည်။

photo Source  https://web.facebook.com/huaweitechmm/

BrandZ ၏ ထုတ်ပြန်ချက်များသည် Worldwide Mobile Device Trackers များမှ ရရှိသောအချက်အလက်များကို မူတည်၍ တွက်ချက်ထားသော IDC ၏သုံးလတစ်ကြိမ်ကြေညာချက်များကိုလည်း ထည့်သွင်းတွက်ချက်ထုတ်ပြန်ထားသည်။ အနှစ်ချုပ်အားဖြင့် Huawei သည် ၁၇.၈ ရာခိုင်နှုန်းဈေးကွက်ရှယ်ယာဖြင့် ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်သူအဖြစ် ရပ်တည်ခဲ့သည်။ Wearables Smart Devices များကိုတင်ပို့ရောင်းချမှုသည် နှစ်စဉ် ၆၂.၂ ရာခိုင်နှုန်းတိုးတက်လျက်ရှိသည်။ ကမ္ဘာ့ တက်ဘလက်ဈေးကွက်တွင် Huawei သည် ဈေးကွက်ရှယ်ယာ ၁၂ ရာခိုင်နှုန်းဖြင့် တတိယအကြီးဆုံးတက်ဘလက်ရောင်းချသူအဖြစ် ရပ်တည်လျက်ရှိသည်။ ထို့အပြင် Analyst Firm ဖြစ်သော Canalys မှထုတ်ပြန်ချက်အရ Huawei သည် ကမ္ဘာ့ထိပ်တန်း wireless audio product manufactures ၅ ခုတွင်တစ်ခုအဖြစ် ရပ်တည်နေပါသည်။ တစ်ကိုယ်ရည်သုံးကွန်ပြူတာများကိုထုတ်လုပ်သော PC အပိုင်းအတွက်လည်း Huawei သည် ယခုနှစ်ပထမသုံးလပတ်တွင် နှစ်စဉ်ရောင်းအား ၁၂၀ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။

photo Source  https://web.facebook.com/huaweitechmm/

ထို့အပြင် စီးပွားရေးအတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်သော Boston Consulting Group (BCG) သည် နှစ်စဉ် ထုတ်ဖော်ပြသသည့် Most Innovative Companies report တွင် Huawei သည် ကမ္ဘာ့ ၆ခုမြောက် အဆင့်ရှိသည့် တီထွင်ဆန်းသစ်သောကုမ္ပဏီစာရင်းတွင်ပါဝင်လာပြီး ယခင်နှစ်တွင် ၄၂ အဆင့်တွင်သာရှိခဲ့သည်။ BCG ကို သြဂုတ်လ ၂၀၁၉ မှ အောက်တိုဘာ ၂၀၁၉ အထိ စစ်တမ်းကောက်ယူမှု အပေါ်အခြေခံပြီးအဆင့်သတ်မှတ်ချက်များရှိသည်။ BCG သည် ကမ္ဘာလုံးဆိုင်ရာအတွေးအခေါ်၊ လုပ်ငန်းဆိုင်ရာအမြင်၊ စက်မှုလုပ်ငန်းပြတ်တောက်ခြင်းနှင့် တန်ဖိုးဖန်တီးခြင်း အစရှိသည့် အချက်များအပါအဝင် ရှုထောင့်အမျိုးမျိုးမှ ကုမ္ပဏီ၏စွမ်းဆောင်ရည်ကိုအကဲဖြတ်ခြင်းဖြစ်သည်။ ထိပ်တန်းကုမ္ပဏီ ၅၀ တွင် Huawei သည်အမြင့်ဆုံးတိုးတက်မှုရှိခဲ့ပြီးတရုတ်ကုမ္ပဏီများထဲတွင် အမြင့်ဆုံးရရှိခဲ့သောအဆင့်လည်းဖြစ်ပါသည်။
HUAWEI ထုတ်ကုန်တွေနဲ့ဝန်ဆောင်မှုတွေကိုနိုင်ငံပေါင်း ၁၇၀ မှာ ဖြန့်ကျက်ထားပြီးကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံခန့်က သုံးစွဲလျက်ရှိနေသည်။ အမေရိက၊ဂျာမနီ၊ဆွီဒင်၊ရုရှား၊အိန္ဒိယနှင့် တရုတ်နိုင်ငံများတွင် R&D (Research and Development) သုတေသနစင်တာပေါင်း ၁၄ ခုတည်ဆောက်ထားပြီး HUAWEI Consumer Business Group အောက်တွင် Smartphones ၊ PC ၊ Tablets ၊ Wearables Gadgets များ Cloud ဝန်ဆောင်မှုအဓိက အစိတ်ပိုင်း ၃ ခုနှင့် လည်ပတ်နေသည်။ ကမ္ဘာတဝှမ်း ဖြန့်ကျက်ထားသော HUAWEI နည်းပညာများသည် Telecommunication နယ်ပယ်တွင် ၃၂ နှစ်ကျော်ကြာဖြတ်သန်းခဲ့ရသော အတွေ့ကြုံပေါ်အခြေခံထားတာဖြစ်ပြီး ကမ္ဘာတဝှမ်းကသုံးစွဲသူများအတွက် ခေတ်မီ နည်းပညာသစ်များကို အစဉ်မြဲယူဆောင်လာဖို့ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။