MPT မှ Official Partner အဖြစ် မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး E-Sports အသင်း “Burmese Ghouls” အားပံ့ပိုး

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သော MPT သည် မြန်မာနိုင်ငံတွင် အကောင်းဆုံးနှင့် လူကြိုက်အများဆုံး E-Sports အသင်းဖြစ်သော “Burmese Ghouls” အသင်း၏ Official Partner အဖြစ် ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။ MPT သည် ယခုကဲ့သို့ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ၏ အီလက်ထရောနစ် အားကစားကဏ္ဍ (E-Sports) ဖွံ့ဖြိုးတိုးတက်မှု အတွက် ၎င်း၏ ကတိကဝတ်အတိုင်း နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ရန် ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံရှိ အကောင်းဆုံး E-Sports အသင်း၏ Official Partner အဖြစ် MPT သည် ဂိမ်းကစားခြင်းကို စိတ်အားထက်သန်သော မြန်မာလူငယ်များအားလုံးအတွက် အခွင့်အလမ်းသစ်များကို ဖန်တီးပေးရန် ရည်ရွယ် ထားပါသည်။ MPT အနေဖြင့် အာရှနိုင်ငံများ၏ အီလက်ထရောနစ် အားကစားကဏ္ဍ (E-Sports) လောကတွင် တက်သစ်စကြယ်ပွင့်အဖြစ် ပေါ်ထွန်းလာစေရန် ပြည်တွင်းနှင့် နိုင်ငံတကာ E-Sports ပြိုင်ပွဲများ၌ပါ ဝင်မည့် “Burmese Ghouls” အသင်းကို ကူညီပံ့ပိုးပေးသွားမည် ဖြစ်သည်။

Photo Source https://www.facebook.com/beghouls/

“Burmese Ghouls” အသင်းအား ၂၀၁၆ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အာဆီယံဒေသတွင်းရှိ အကောင်းဆုံး E-Sports အသင်းများထဲတွင် တစ်သင်းအပါအဝင်ဖြစ်ပြီး DOTA2, PUBG, Mobile Legends, AOV နှင့် VAIN GLORY ဂိမ်းများ၏ နိုင်ငံတကာပြိုင်ပွဲများတွင်လည်း မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဂုဏ်ယူစွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ ၂၀၂၀ပြည့်နှစ် ဒုတိယနှစ်ဝက်တွင် အဆိုပါအဖွဲ့သည် နိုင်ငံတကာ ပြိုင်ပွဲများဖြစ်သည့် MPL-MM Season 4 (Mobile Legends)၊ ONE Esports Mobile Legends: Bang Bang Invitational (Mobile Legends) နှင့် MESL: Road To Razer SEA-INVITATIONAL 2020 (PUBG) ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
“MPT အနေဖြင့် Burmese Ghouls အသင်းကို Official Partner အဖြစ် ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်။ ဒီပံ့ပိုး ကူညီမှုဟာဆိုရင် MPT အနေနဲ့ မြန်မာနိုင်ငံရဲ့ အီလက်ထရောနစ်အားကစားကဏ္ဍ (E-Sports) ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် MPT ရဲ့ ရည်မှန်းချက်ကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အီလက်ထရောနစ် အားကစားကဏ္ဍ (E-Sports) ဟာ အလွန်နုနယ်သေးပေမယ့် မုန်တိုင်းတစ်ခုလိုပဲ လှုပ်ခတ် စေနိုင်ခဲ့ပါတယ်။ လက်ရှိ “Burmese Ghouls” အသင်းဟာဆိုရင် မြန်မာနိုင်ငံမှာသာမက အာဆီယံနိုင်ငံတွေမှာပါ အကောင်းဆုံး E-Sports အသင်းတွေထဲက တစ်သင်းပဲ ဖြစ်ပါတယ်။ ဒီအသင်းရဲ့ အဖွဲ့ဝင်တွေကလည်း မြန်မာနိုင်ငံအနှံ့အပြားမှာ ပရိသတ် အခိုင်အမာ ရှိပြီးသားဖြစ်သလို အခုလို ပူးပေါင်းမှုနဲ့အတူ မြန်မာပြည်က အရည်အချင်းရှိတဲ့ ပါရမီရှင်လူငယ်ကစား သမားတွေအားလုံးအတွက် စိတ်လှုပ်ရှား အံ့သြဖွယ် ကောင်းတဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်” ဟု MPT-KGSM Joint Operations မှ စီးပွားရေးဌာနကြီး၏ အရာရှိချုပ် ဖြစ်သူ Mr. Tetsunori Nagashima မှ ပြောကြားသည်။

Photo Source https://www.facebook.com/beghouls/

MPT သည် Mobile Legends: Bang Bang SEA CUP 2018 MPT Qualifier နှင့် PUBG National Championship 2020 ကဲ့သို့ နိုင်ငံတကာပွဲစဉ်များအပါအဝင် မြန်မာနိုင်ငံ၏ အီလက်ထရောနစ် အားကစားကဏ္ဍ (E-Sports) ပြိုင်ပွဲများကို ၂၀၁၈ ခုနှစ်မှစ၍ ပံ့ပိုးကူညီခဲ့ပါသည်။ MPT သည် ကမ္ဘာ့အကျော်ကြားဆုံး မိုဘိုင်းလ်ဂိမ်း များနှင့် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ပြီး သုံးစွဲသူများအတွက် ပိုမိုထူးခြားကောင်းမွန်သည့် ဒီဂျစ်တယ် လူနေမှုဘဝများ ရရှိစေရန် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် အီလက်ထရောနစ် အားကစားကဏ္ဍ (E-Sports) နှင့် ဖျော်ဖြေရေးကဏ္ဍတွင်လည်း ဝန်ဆောင်မှုသစ်များ ဖန်တီးဆောင်ရွက်လျက်ရှိနေပါသည်။ MPTသည် မြန်မာနိုင်ငံအတွင်းရှိ ဂိမ်းဝါသနာရှင်များအတွက် မိုဘိုင်းလ်ဒေတာသုံးစွဲရာတွင် အကန့်အသတ်မရှိ အသုံးပြုနိုင်သည့် PUBG ဒေတာ ပက်ကေ့ချ်နှင့် ဂိမ်းအသုံးပြုခြင်း ဒေတာပက်ကေ့ချ်များကိုလည်း မိတ်ဆက် ခဲ့သည်။
MPT သည် “Burmese Ghouls” အား Official Partner အဖြစ်ထောက်ပံ့ကူညီပေးခြင်းဖြင့် မြန်မာနိုင်ငံ၏ အီလက် ထရောနစ် အားကစားကဏ္ဍ (E-Sports) ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် တက်နိုင်သမျှ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာ E-Sports ပရိသတ်များ အနေဖြင့် “Burmese Ghouls” ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်သော https://www.facebook.com/beghouls/ နှင့် အမျိုးမျိုးသော streaming ပလက်ဖောင်းများမှ တစ်ဆင့်လည်း အသင်း လှုပ်ရှားမှုများကို စောင့်ကြည့်နိုင်မည်ဖြစ်သည်။