Ooredoo မှ မြန်မာ့ပထမဦးဆုံးဒစ်ဂျစ်တယ်ဒီဇိုင်းတီထွင်ဆန်းသစ်မှုပြိုင်ပွဲ APPathon ကိုအွန်လိုင်းမှကျင်းပမည်

အူရီဒူးမြန်မာအနေဖြင့် အများပြည်သူ၏ ဒစ်ဂျစ်တယ်လူမှုဘဝကို ပြည့်စုံကောင်းမွန်စေမည်ဆိုသည့် ရည်မှန်းချက်နှင့်အညီ ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲဖော်ဆောင်ခြင်းကို စူးစိုက်နှစ်မြှုပ်ဆောင်ရွက်လျက်ရှိပြီး မြန်မာလူငယ်များကိုလည်း ၎င်းထူးခြား ပြောင်မြောက်သည့် ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းတွင် ပါဝင်နိုင်ရန် အခွင့်အရေးပေးအပ်လိုပါသည်။
ဒစ်ဂျစ်တယ်ဂေဟစနစ်ကို အားပေးရန် စူးစိုက်နှစ်မြှုပ်ဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဒစ်ဂျစ်တယ်ဒီဇိုင်းတီထွင်ဆန်းသစ်မှုပြိုင်ပွဲကြီးဖြစ်သည့် “APPathon” ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မည်သည့်အဆင့်မှမဆို ဆန်းသစ်တီထွင်ဖန်တီးနိုင်သည့်App ဒီဇိုင်းပညာရှင်များအားလုံးကို ပါဝင်ယှဉ်ပြိုင်ရန် တိုက်တွန်း အားပေးပြီး ၎င်းတို့၏ ဒီဇိုင်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် ပါဝင်ယှဉ်ပြိုင်၍ စိတ်လှုပ်ရှားဖွယ်ဆုကြီးများကို အနိုင်ရရှိနိုင် မည်ဖြစ်ပါသည်။

Photo Source https://www.facebook.com/APPathon-134234918121792

APPathon ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာလူငယ်လူရွယ်များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် လုပ်ဆောင်နိုင် စွမ်းတို့ကို အားပေးပြီး မျိုးဆက်သစ်ဒစ်ဂျစ်တယ် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို အတူတကွပေါင်းစပ်ဆောင်ရွက်နိုင်စေရန် ဖြစ်ပါသည်။ ယင်းဆန်းသစ်တီထွင်မှုပြိုင်ပွဲသည် ထုတ်ကုန်ဒီဇိုင်း ဆန်းသစ်မှုကိုအားပေးပြီး ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် “My Ooredoo” အက်ပလီကေးရှင်းကိုအသုံးပြုသူများလွယ်ကူစွာအသုံးပြုလာနိုင်ရန်နှင့် ပိုမိုကောင်းမွန်သည့် သုံးစွဲသူ အတွေ့အကြုံများရရှိလာစေရန် ဆန်းသစ်မှုရှိသောဒီဇိုင်းပိုင်းဆိုင်ရာဖန်တီးမှုများဖြင့် ဒီဇိုင်းသစ်ဖန်တီးပုံဖော်ရမည် ဖြစ်ပါသည်။ ပြိုင်ပွဲတစ်လျှောက်တွင် ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် အူရီဒူးနှင့် သက်ဆိုင်ရာလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ ထံမှ ပြန်လည်အကြံပြုချက်များနှင့် လမ်းညွှန်မှုများကိုလည်းရရှိမည်ဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ ယခုလို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဒစ်ဂျစ်တယ် ဒီဇိုင်းတီထွင်ဆန်းသစ်မှု အွန်လိုင်းပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အသိဉာဏ်မြင့်မားပြီး ဆန်းသစ်တီထွင်ဖန်တီးနိုင်တဲ့လူငယ်တွေအားလုံးကို အခွင့်အရေးပေးနိုင်တဲ့အတွက် ကျေနပ်ဝမ်းမြောက်မိပါတယ်။ ပါဝင်ယှဉ်ပြိုင်သူတွေအနေနဲ့ ဆက်သွယ်ရေးလုပ်ငန်း နယ်ပယ်အတွေ့အကြုံရရှိရုံမျှမက မျိုးဆက်သစ်အက်ပလီကေးရှင်းတွေမှာ ၎င်းတို့ရဲ့ ဒီဇိုင်းဖန်တီးမှုတွေကို တစ်စိတ်တစ်ပိုင်း အနေနဲ့ ပါဝင်နိုင်မယ့်အခွင့်အရေးကိုပါရရှိမှာဖြစ်ပါတယ်” ဟု အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. AlokVerma က ပြောကြားသည်။
Visual ဒီဇိုင်းပိုင်းစိတ်အားထက်သန်သည့်အသက်၁၈နှစ်နှင့်အထက် မည်သူမဆိုနှင့် (အငယ်တန်း၊ အပျော်တမ်း၊ ပညာရှင်အဆင့်စသဖြင့်) မည်သည့်အဆင့်မှမဆို အဖွဲ့ဝင်တစ်ဦးမှသုံးဦးအထိပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင် မည့်သူများသည်prototyping toolsများ၊ အွန်လိုင်းဆက်သွယ်ရေးပလက်ဖောင်းများကို ရင်းနှီးကျွမ်းဝင်စွာ အသုံးပြုတတ် ရန်လိုအပ်သည်။
ပါဝင်ယှဉ်ပြိုင်ရန် စိတ်ပါဝင်စားသူများအနေဖြင့် လျှောက်လွှာဖောင်ကို https://bit.ly/OoredooDesignChallenge တွင် ဖြည့်စွက် စာရင်းသွင်းရမည် ဖြစ်ပါသည်။ ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ယခုမှစ၍ စက်တင်ဘာလ (၂၂)ရက်မတိုင်မီ လျှောက်ထားနိုင်မည်ဖြစ်သည်။
စိတ်ပါဝင်စားသူများအတွက် အွန်လိုင်းမှတစ်ဆင့် အသေးစိတ်သတင်းအချက်အလက်များ မျှဝေမည့် အစီအစဉ်ကို ယခုအင်္ဂါနေ့ (စက်တင်ဘာလ ၁၅ ရက်နေ့) တွင် ညနေ ၇:၀၀ နာရီမှ ၈:၁၅ နာရီ အထိ ကျင်းပသွားမည်ဖြစ်ပြီး ဖော်ပြပါ Facebookလင့်ခ် https://www.facebook.com/events/3549146445135383 မှတစ်ဆင့် ကြည့်ရှုနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/APPathon-134234918121792

၎င်းပြိုင်ပွဲအားအဆင့်နှစ်ဆင့်ဖြင့်ကျင်းပမည်ဖြစ်သည်။ ညှိနှိုင်းဆောင်ရွက်ခြင်းအဆင့်ကိုစက်တင်ဘာလ(၂၄)ရက်မှ အောက်တိုဘာလ (၁) ရက်နေ့အထိသော်လည်းကောင်း၊ တီထွင်ဆန်းသစ်မှုအဆင့်ကိုအောက်တိုဘာလ(၂)ရက်မှ (၁၄) ရက်နေ့အထိသော်လည်းကောင်းကျင်းပပြုလုပ်မည် ဖြစ်သည်။ အနိုင်ရရှိသူများအား ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်တွင် ကြေညာမည်ဖြစ်ပါသည်။
အနိုင်ရရှိသည့်အသင်း၊ ဒုတိယနှင့်တတိယဆုရအသင်းများအနေဖြင့် 3000 USD, 2000 USD နှင့်1000 USD စသည်ဖြင့် ဆုများအသီသီးဆွတ်ခူးနိုင်မည်ဖြစ်သည်။ စတုတ္ထနှင့် ပဉ္စမအသင်းများအနေဖြင့်လည်း အသိအမှတ်ပြုဆုလက်မှတ်များ ချီးမြှင့်ခံရမည်ဖြစ်ပါသည်။
APPathon နှင့်ပတ်သတ်ပြီး အချက်အလက်များကို ပိုမိုသိရှိလိုပါက APPathonFacebook စာမျက်နှာ https://www.facebook.com/APPathon-134234918121792 တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။