Kirin 990 5G chipset အသုံးပြုထားသော 5G ကွန်ရက်ဖြင့် နောက်ဆုံးပေါ်အမြန်အရှိန်နှုန်းနှင့် စွမ်းဆောင်ရည်ကိုရရှိနိုင်စေနိုင်မည့် HUAWEI Mate Xs

HUAWEI Mate Xs ရဲ့ Falcon Wing ဒီဇိုင်းနဲ့ ပြုလုပ်ထားပါတယ်။ ထူးခြားလှတဲ့ Falcon ငှက်အတောင်ပံပုံစံကို အခြေခံပြီး အသုံးပြုထားတဲ့ hinge နဲ့ မျက်နှာပြင်ခေါက်နိုင်သော HUAWEI Mate Xs ကို ပထမဦးစွာတင်ဆက်လိုက်ခြင်း ဖြစ်ပါတယ်။ အိပ်ကပ်ထဲနဲ့ လက်ထဲမှာ အံဝင်ခွင်ကျဖြစ်နေစေမယ့် မျက်နှာပြင်ခေါက်ထားနိုင်သော သေသပ်လှပသည့်စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း HUAWEI Mate Xs က လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ဖို့အတွက် အမြဲအသင့်ဖြစ်နေ စေမှာလည်းဖြစ်ပါတယ်။ မျက်နှာပြင်ကိုဖွင့်လိုက်သည့်အခါတွင်လည်း ပုံမှန်မြင်ကွင်းကျယ်ထက် နှစ်ဆကျယ်ပြန့်သော မျက်နှာပြင်နဲ့ အဆင်ပြေလွယ်ကူချောမွေ့စွာအသုံးပြုနိုင်ပါတယ်။
8-inch1 အကျယ်မျက်နှာပြင်ရှိတဲ့ HUAWEI FullView Display နဲ့ အသေးစိတ်ကျပြီး စိုပြေတောက်ပသောအရောင်တို့က အရာအားလုံးကိုတစ်နေရာထဲမှာ ကြည့်ရှုနိုင်ဖို့လုပ်ဆောင်ပေးထားပါတယ်။ ရှေ့တိုး၊ နောက်ဆုတ်ပြုလုပ်စရာမလိုအပ်ပဲ သင့်မျက်စိရှေ့မှာတင် အံ့အားသင့်ဖွယ်ကောင်းသောရှုခင်း၊ရိုက်ချက်တွေကို ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။

Photo Source https://consumer.huawei.com/mm

Multi-window2 function က 8 လက်မအကျယ်ရှိတဲ့မျက်နှာပြင်ကို သီးသန့်တစ်ခုစီအဖြစ်အသုံးပြုလို့ရအောင် ခွဲခြားပေး ထားသောကြောင့် မက်ဆေ့ချ်တွေကိုစစ်ဆေးနေချိန်မှာ မှတ်စုတွေကိုမှတ်သားထားနိုင်သလို၊ ဓာတ်ပုံအယ်ဘ်ဘမ်ထဲမှ စိတ်ကြိုက်ပုံရွေးနေချိန်မှာပဲ အကြိုက်ဆုံးပုံကို social media မှာတင်ဖို့အတွက် ပြင်ဆင်နိုင်မှာပါ။ HUAWEI App multiplier3 နဲ့ App တစ်ခုထဲကို window နှစ်ခုစလုံးမှာ အသုံးပြုနိုင်တာကြောင့် တစ်ချိန်တည်းမှာတင် မတူညီတဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် အကြိုက်နှစ်သက်ဆုံး Apps တွေကို shortcut လုပ်ထားနိုင်တဲ့ Dock တစ်ခုကိုဖန်တီးပုံဖော်ထားပြီး floating window ကို activate လုပ်ပြီးလျင်မြန်စွာအသုံးပြုနိုင်တာကြောင့် Apps ပြောင်းနေ ရတဲ့ အချိန်တွေကို သက်သာစေပါတယ်။
HUAWEI Mate Xs ကို Kirin 990 5G chipset အသုံးပြုထားတာကြောင့် 5G ကွန်ရက်ခေတ်မှာ နောက်ဆုံးပေါ် အမြန်အရှိန်နှုန်းနှင့် စွမ်းဆောင်ရည်ကိုရရှိစေမှာဖြစ်ပါတယ်။ အဆင့် ၃ ရှိသောစွမ်းအင်ထိရောက်မှုရှိသည့် CPU က သုံးစွဲမှုအား ကိုလျော့ကျစေပြီး အကောင်းဆုံးစွမ်းဆောင်ရည်ကိုပေးစွမ်းပါတယ်။ အနာဂတ်ရဲ့ AI လုပ်ဆောင်နိုင် စွမ်းများပေါ်ထွက်လာနိုင်ရန် Dual-core နှင့် Tiny-core NPU တို့က အခြေခံအုပ်မြစ်တစ်ခုအဖြစ် ဖန်တီးပေးပါတယ်။
HUAWEI Mate Xs က NSA နှင့် SA 5G ဖွဲ့စည်းမှု4 တို့ကိုထောက်ပံ့ပေးပြီး 5G ဆင့်ကဲပြောင်းလဲမှုနှင့် ကိုက်ညီစေပါတယ်။ Dual-Sim card ဒီဇိုင်းနဲ့ ကျယ်ပြန့်သော 5G / 4G / 3G / 2G အစရှိတဲ့ brands များနှင့် သင်အမြဲဆက်သွယ်နိုင် မှာလည်း ဖြစ်ပါတယ်။
ခေါက်သိမ်းခြင်းနဲ့ဖွင့်ခြင်းတို့ကြောင့် ပေါ်ထွက်လာသော bionic graphite တို့ကို HUAWEI မှမိတ်ဆက်တီထွင်ထားသည့် အအေးပေးစနစ်ကြောင့် အသုံးပြုသူတိုင်း HUAWEI Mate Xs ကိုအမြဲအေးနေစေမှာပါ။ မြန်နှုန်းမြင့်အရှိန်နှင့် ultra-HD ဗီဒီယိုများကို တိုက်ရိုက်ကြည့်ရှုခြင်းဖြစ်ဖြစ် သို့မဟုတ် ဒေါင်းလုပ်ဆွဲခြင်းဖြစ်ဖြစ်၊ graphic မြင့်မားသော 3D ဂိမ်းကစား ခြင်းဖြစ်ဖြစ် 5G ကမ္ဘာထဲကို ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။
အရှေ့နှင့်အနောက်ကိုပေါင်းစပ်ထားတဲ့ 40 MP Supersensing Leica Quad Camera က မျက်စိရှေ့မှာတွေ့မြင်နေရတဲ့ ကမ္ဘာပေါ်ကအလှတရားတွေကို ရိုက်ကူးပေးနိုင်မှာဖြစ်ပါတယ်။ အနီးအဝေး၊ အမှောင်အလင်း၊ အသေးအကြီးဖြစ်စေ လှပတဲ့အရာတွေကို စိတ်ထဲမှာတွင်သာမက ဖုန်းထဲမှာပါ သိမ်းထားနိုင်မှာဖြစ်ပါတယ်။

Photo Source https://consumer.huawei.com/mm

မျက်နှာပြင်နှစ်ဘက်ပါရှိသော mirror shooting က လိုချင်သည့် အလှတရားအားပြန်လည်စစ်ဆေးခြင်းနဲ့ တီထွင်ဖန်တီး မှုများအား အချိန်နှင့်တစ်ပြေးညီမျှဝေနိုင်မှာဖြစ်ပါတယ်။ အမှောင်ထဲမှာရှိတဲ့လူများ၊ လှပသောပုံရိမ်များကို အသေးစိတ်ပုံဖော်ရိုက်ကူးနိုင်ရန် 40 MP Supersensing Camera က လိုအပ်သောအလင်းကို စုတ်ယူပေးပါတယ်။ 16 MP Ultra Wide Angle Lens ဖြင့် ခန့်ညားထည်ဝါတဲ့အလှတရားတွေကို အလွန်ကောင်းမွန်သော ရှုထောင့်ကနေ မြင် တွေ့နိုင်ပါတယ်။
Kirin 990 5G chipset ရဲ့ စွမ်းဆောင်ရည်နဲ့ ကြီးမားသော 4500 mAh5 ဘက်ထရီတို့ကြောင့် HUAWEI Mate Xs ဟာ ကြာရှည်ခံသော ဘက်ထရီသက်တမ်းကို ပေးစွမ်းပါတယ်။ စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ဂိမ်းဆော့သည့်ညများ၊ အလုပ်ရှုပ်တဲ့နေ့ရက်များမှာ အကောင်းဆုံး လက်တွဲဖော်တစ်ယောက်လို ရှိနေမှာဖြစ်ပါတယ်။
ကြီးမားတဲ့ 4500 mAh ဘက်ထရီကို 55 W HUAWEI SuperCharge6 ကြောင့် မိနစ်၃၀အတွင်း 85 ရာခိုင်နှုန်း အထိပြည့်အောင် အားသွင်းနိုင်ပါတယ်။