လုပ်ဆောင်ချက်ပေါင်းများစွာဖြင့်အသုံးပြုနိုင်သော OPPO Watch

လုပ်ဆောင်ချက်ပေါင်းများစွာဖြင့်အသုံးပြုနိုင်သော OPPO Watch ဟာ အချိန်မရွေး ဖုန်းဖြေဆိုနိုင်ခြင်းအပြင် ပုံစံပြောင်းလဲ ပေးနိုင်သော နှစ်ဖက်ခုံးရုပ်ထင်မှန်သား တို့ဖြင့်ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ ၂၁ ရက်အထိ ပါဝါအသုံးခံနိုင်သည့် ဘက်ထရီ ၊အလျှင်အမြန် အားသွင်းနိုင်သော VOOC Flash Charging၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းဆောင်ရွက်ခြင်းနဲ့ ကျန်းမာရေး အခြေအနေများအား မျက်ခြေမပြတ်စောင့်ကြည့်ပေးခြင်းတို့ကိုလုပ်ဆောင်ပေးပါတယ်။
OPPO Watch ဟာ အရောင်အသွေးစိုပြေပြီး လှပတောက်ပြောင်သည့် ရုပ်ထင်မှန်သားနဲ့ဒဏ္ဍာရီသူရဲကောင်းပုံစံ ရုပ်လုံးကြွများက မျက်နှာပြင်ဒီဇိုင်းများကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ OPPO လက်ပတ်နာရီမှာ ပုံစံပြောင်းလဲပေးနိုင် သောအခုံးနှစ်ဖက်ပါသည့် AMOLED screen ၊ ရှင်းလင်းပြတ်သားသော ရုပ်ပုံအရည်အသွေး၊ ခေတ်နှင့်လိုက်ဖက်ညီသော အရောင်အသွေးတို့ဖြင့် ရင်သက်ရှုမောဖွယ်ဖြစ်အောင် ထုတ်လုပ်ထားပါတယ်။ 3D အခုံးနောက်ခံဒီဇိုင်းက လက်ပတ်နာရီကို ရှုထောင့်ပေါင်းစုံမှ လှပနေအောင် စွမ်းဆောင်ပေးနိုင်မှာပါ။ ဒါ့အပြင် နောက်ခံဒီဇိုင်းကို စိတ်ကြိုက်ရုပ်ပုံများအား ပြောင်းလဲ ထည့်သွင်း အလှဆင်ပေးနိုင်ပါသေးတယ်။ (စာတိုအားပြန်လည် ဖြေကြားနိုင်မှုကို Android ဖုန်းများနှင့် ချိတ်ဆက်ထားသော OPPO လက်ပတ်နာရီတွင်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်)

Photo Source https://www.oppo.com/mm/

AMOLED ရုပ်ထင်မှန်သားပြင်နဲ့ပြုလုပ်ထားပြီး အချိန်မှန်ကိုသိရှိနိုင်ခြင်းကလည်း အားသာချက်တစ်မျိုးပဲဖြစ်ပါတယ်။ အချိန် ကုန်သက်သာစေမယ့် Wear OS by Google™ က ကျန်းမာရေး၊ လေ့ကျင့်ခန်းများ၊ ရာသီဥတုနှင့် နေ့ရက်၊ အချိန် စသည့် အချက်အလက်များကို စမတ်နည်းပညာသုံး သတင်းအချက်အလက် စီမံမှုအသုံးပြု၍ ထိန်းချုပ်နိုင်မှာလည်းဖြစ်ပါတယ်။ အချိန်များ ရွေ့လျားကုန်ဆုံးသွားတယ်လို့ မခံစားမိစေဘဲ အချိန်နှင့်အမျှ အကျိုးရှိရှိ လုပ်ငန်းတွင်ကျယ်မှုကို ကိုယ်တိုင် ခံစား နိုင်မှာဖြစ်ပါတယ်။
လုပ်ဆောင်ချက်အသေးစိတ်အချက်အလက်များကတော့ စာတိုပေးပို့ခြင်း၊ အသိပေးချက်များရရှိခြင်း၊ အွန်လိုင်းချိတ်ဆက်နိုင် ခြင်း၊ တေးဂီတများနားဆင်နိုင်ခြင်း၊ မိုဘိုင်းတစ်လုံးကဲ့သို့ အသုံးပြုခြင်း၊ ငွေချေစနစ်များ၊ အချိန်ဇယားများ၊ စီမံခန့်ခွဲမှုဆိုင်ရာ များ၊ နှလုံးခုန်သံအား၂၄ နာရီစောင့်ကြပ်ကြည့်ရှုပေးခြင်း၊ကိုယ်လက်လှုပ်ရှားမှုအား မျက်ခြေမပြတ် စောင့်ကြည့်ပေးနိုင်ခြင်း၊ ဖုန်းတည်နေရာအားရှာဖွေနိုင်ခြင်း တို့ပဲဖြစ်ပါတယ်။
မိနစ်ပိုင်းသာ အားသွင်း၍ တနေကုန်လုံး အသုံးပြုနိုင်သလို၂၁ ရက်အထိ ပါဝါအား တာရှည်ခံနိုင်သည့် ဘက်ထရီထည့်သွင်း ထားပါတယ်။ ဘက်ထရီကို ကြာရှည်ခံနိုင်ဆုံးဖြစ်အောင် OPPO လက်ပတ်နာရီမှာ ပါဝါအားနှစ်ဆပိုခံသည့် two endurance modes ကို အသုံးပြုထားပါတယ်။ Qualcomm® Snapdragon Wear™ 3100 နဲ့ Ambiq Micro’s Apollo3 Wireless SoC တို့ပေါင်းစပ် အားဖြည့်ပေးခြင်း၊ ရုံးတက်ရုံးဆင်းအချိန်များတွင်ဖြစ်စေ၊ အားလပ်ရက်များတွင်ဖြစ်စေ အနားမှ ခွဲခွာသွားမှာ မဟုတ်ပါဘူး။ ဒါ့အပြင် အလျှင်အမြန်အားသွင်းနိုင်သော VOOC Flash Charging ပါဝင်ပြီး ၁၅ မိနစ်အားသွင်းရုံဖြင့် တနေကုန်လုံးအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Photo Source https://www.oppo.com/mm/
ဘက်ထရီကုန် သက်သာစေသည့် Power Saver Mode ကိုအသုံးပြုထားတဲ့အတွက် ၁၅ မိနစ်အားသွင်းရုံနဲ့ ၄၆ ရာခိုင်နှုန်း ရရှိအောင် အားသွင်းနိုင်သလို မိမိသွားလာခဲ့တဲ့ ခြေလှမ်းတိုင်းကို ရေတွက်ပေးနိုင်ပါသေးတယ်။
OPPO လက်ပတ်နာရီတွင် ပါဝင်သော Google Fit သည် သင်၏ ကျန်းမာကြံ့ခိုင်မှုအား အချိန်နှင့်တပြေးညီ ခြေရာခံစောင့်ကြည့်ပေးခြင်းဖြင့် ကိုယ်လက်လှုပ်ရှား အားကစားလုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ၅ မိနစ်စာ ကိုယ်ကာယလေ့ကျင့်ရေးသင်တန်းစီရီးနဲ့ နေ့စဉ်ဘဝလုပ်ငန်းဆောင်တာများအတွင်း အထိုင်များခြင်း၊ ကိုယ်လက် လှုပ်ရှားမှုမရှိခြင်းများ မဖြစ်ပေါ်စေရန်၊ မတ်တပ်ရပ် ကိုယ်လက်လှုပ်ရှားမှုများဆောင်ရွက်ရန် အချိန်နဲ့တပြေးညီ ညွှန်ကြား ဆောင်ရွက်ပေးနိုင်ခြင်းတို့ကိုပါ ထည့်သွင်းပေးထားပါတယ်။
နာရီဝန်းကျင်အနီး လှုပ်ရှားလျက်ရှိသော နှလုံးသွေးခုန်နှုန်းကို သိရှိနိုင်ဖို့ အထူးအားစိုက်ရန် မလိုအပ်တော့ပါဘူး။ OPPO လက်ပတ်နာရီ၏ အနောက်ဖက်တွင် တပ်ဆင်ထားသော အလင်းဖြင့်လှုပ်ရှားမှုအား အာရုံခံနိုင်သော အာရုံခံဆမ်ဆာက ရင်ခုန်သံစည်းချက်များကို မလွတ်တမ်း အာရုံခံပေးနိုင်ပါတယ်။ နှလုံး၏အလုပ်လုပ်ပုံကို အနီးကပ်လေ့လာစောင့်ကြည့်ပြီး ကျန်းမာရေးဆိုင်ရာ အစီခံချက်များ အမြဲမပြတ်ရရှိနိုင်ရန်အတွက် HeyTap ကျန်းမာရေး app က အကူအညီပေးနိုင်မှာလည်း ဖြစ်ပါတယ်။