Sound algorithm ကိုအသုံးပြုထားပြီး အားကောင်းသည့် tweeters ခြောက်ခုပါဝင်သော HUAWEI Sound X

HUAWEI Sound X သည် Devialet ၏ Speaker Active Matching (SAM®) နည်းပညာစွမ်းအားကို အသုံးချပြီး speaker ရဲ့အသံကိုအံဝင်ခွင်ကျဖြစ်စေပါတယ်။ Dual subwoofers သည် အသံနှုန်းကို အချိန်နှင့်တပြေးညီ ထုတ်လွှတ်ပေးနိုင်ပြီး သင် ကြားသင့်သည့် မြင့်မားသောအတိုင်းအတာကို သယ်ဆောင်လာပေးပါတယ်။. Bass သည် 40 hz ရှိပြီး အမြင့်မားဆုံးအသံလှိုင်း 20 mm အထိရောက်ရှိနိုင်တာကြောင့် သင်တွေ့မြင်၊ နားဆင်နိုင်ပြီး တုန်ခါမှုကိုပါခံစားနိုင်မှာဖြစ် ပါတယ်။
HUAWEI Sound X က အရွယ်အစားသေးငယ် သော်လည်း စွမ်းအားကြီးမားပါတယ်။ ၎င်း၏ dual subwoofers ကို ရှားပါးသည့်သံလိုက်သတ္တုဖြင့်ပြုလုပ်ထားတာကြောင့် အားပြင်းသောတုန်ခါမှုကိုပေးပါတယ်။ ၎င်းတို့သည်အလွန်ထိခိုက် လွယ်သည့်အပြင် အင်အားအနည်းငယ်ထည့်ရုံမျှဖြင့် အားကောင်းသောအသံကိုထုတ်လွှင့်ပေးပါတယ်၊ ဒါကြောင့် အရွယ်အ စားကြောင့်မဟုတ်ပဲ အသံကြောင့်အံသြသင့်စေမှာပါ။

Photo Source https://consumer.huawei.com/mm/

HUAWEI Sound X က ကြိုက်နှစ်သက်သလောက်ကျယ်လောင်စွာ နားဆင်လိုပါက SPL 93 dB2 အထိ ထုတ်လွှတ်နိုင်ပြီး ကြည်လင်ပြတ်သားသောအသံကို ပေးစွမ်းပါတယ်။. ပုံမှန် speaker များမှာ အသံအကျယ်ဖွင့်ပါက တုန်ခါပြီး အရည်အသွေးကျတတ်ပါတယ်။ HUAWEI Sound X အတွက်ကတော့ Devialet ရဲ့ Push-Push Acoustic ဒီဇိုင်းကြောင့် ဒါကပြသနာမဟုတ်ပါဘူး။ Subwoofers တစ်ခုချင်းစီမှာပါဝင်တဲ့စနစ်ကတုန်ခါမှုကို လျော့ချပေးပြီး အသံအတိုးအကျယ်များ မှာ ပုံပျက်ခြင်းမရှိအောင်ပြုလုပ်ပေးထားပါတယ်။
HUAWEI Sound X က အသံကိုတွေ့ကြုံခံစားနိုင်ရန် ကြွယ်ဝသောပတ်ဝန်းကျင်ကို တည်ဆောက်ပေးပါတယ်။ Speaker တွင် HUAWEI Sound algorithm ကိုအသုံးပြုထားသော အားကောင်းသည့် tweeters (၆) ခုပါဝင်ပြီး ကြီးမားတဲ့နေရာ တစ်ခုအတွက် ကောင်းမွန်သောအသံကို ထုတ်လွှတ်ပေးနိုင်ပါတယ်။ Tweeter တစ်ခုချင်းစီက အကောင်းဆုံးအသံအတွက် သီးခြားဒီဇိုင်းတစ်ခုစီပြုလုပ်ထားတာကြောင့် အားလုံးပေါင်းသောအခါတွင် speaker ၏ frequency သည် အမြင့်ဆုံး 40 Khz2 အထိရောက်ရှိနိုင်ပါတယ်။
ဖုန်းမှာသီချင်းနားထောင်နေစဉ်မှာပဲ တကယ်ခံစားနားဆင်ချင်လာပါက HUAWEI Sound X ကို တစ်ချက်ထိဖို့ပဲလိုပါတယ်။ Dual subwoofers နှင့် automatic sound field awareness တို့နဲ့ သင့်အတွက်သီချင်းနားထောင်ရတာကို မတူညီသောခံစားရမှာဖြစ်ပါတယ်။
HUAWEI Sound X ၏တည်ဆောက်ပုံ၊ touch-sensitive ခလုပ်များနှင့် ပြောင်လက်သောမျက်နှာပြင်တို့ကြောင့် အထိအတွေ့၊ အမြင်၊ အကြား အရာအားလုံးက နှစ်လိုဖွယ်ရာပဲဖြစ်ပါတယ်။ ဒါ့အပြင် သေသပ်ပြီး စတိုင်ကျစေပါတယ်။ ထင်ရှားသောဒီဇိုင်းက subwoofers ကြည့်နိုင်ရန်ပြတင်းပေါက်လေး ထားရှိထားပေး တာကြောင့် bass ကိုကြားနိုင်ပြီး ခံစားနိုင်မှာပါ။

Photo Source https://consumer.huawei.com/mm/

Huawei ဟာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာ (ICT) ၊ စမတ်စက်ပစ္စည်းများကို ပံ့ပိုးပေးတဲ့ နိုင်ငံတကာ ရှေ့ဆောင်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ အဓိက နယ်ပယ်လေးခုဖြစ်တဲ့ ဆက်သွယ်ရေး ကွန်ရက်များ၊ IT၊ စမတ် စက်ပစ္စည်းများ နဲ့ ကလောက်ဒ် ဝန်ဆောင်မှုများ ကိုပေါင်းစပ်ထည့်သွင်းထားတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။
Huawei ရဲ့ စီးပွားရေးအုပ်စု (၃) ခုထဲမှ တစ်ခုဖြစ်တဲ့ Huawei Consumer BG သည် စမတ်ဖုန်းများ၊ PC များ၊ Tablets များ၊ ဝတ်ဆင်စရာများ၊ Mobile Broadband ထုတ်ကုန်များ၊ မိသားစုသုံး စက်ပစ္စည်းများနဲ့ Cloud ဝန်ဆောင်မှုများအတွက် AI နဲ့ ပတ်သက်သော အခြေအနေအားလုံးတို့တွင် ဦးဆောင်သူလည်းဖြစ်ပါတယ်။