charging case နှင့်တွဲဖက်လိုက်ပါက ၃၆ နာရီကြာအောင်အသုံးပြုနိုင်တဲ့ HUAWEI FreeBuds Pro

Huawei ကထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်တွေထဲမှာ အသစ်ထွက်ရှိလာတဲ့ Huawei FreeBuds Pro နားကျပ်ကလည်း အသုံးပြုတွေကြားမှာရေပန်းစားလှပါတယ်။
Hybrid Active Noise Cancellation Technology က inward-facing နှင့် outB7ward-facing မိုက်ခရိုဖုန်းများမှ နားအပြင်နှင့်အတွင်းမှ ကျန်ရှိနေသောဆူညံသံများကို ရှာဖွေပြီး dynamic drivers မှ တိကျသော anti-noise signals ကိုထုတ်ပေးပါတယ်။ 40 dB1 အထိ noise cancelling ပြုလုပ်နိုင်ပြီး HUAWEI FreeBuds Pro က တည်ငြိမ်အေးချမ်းမှုနှင့် သန့်စင်သောအတွေ့အကြုံကို ပေးစွမ်းထားပါတယ်။ ဒါ့အပြင် Intelligent Dynamic ANC ကပတ်ဝန်းကျင်အခြေအနေနှင့် လိုက်လျောညီထွေစွာ ဆူညံသံများကို ဖယ်ရှားနိုင်ပါတယ်။
HUAWEI FreeBuds Pro ကပတ်ဝန်းကျင်မှအသံများကို သိရှိနိုင်ပြီး HUAWEI FreeBuds Pro က noise cancellation mode ဖြင့် လိုက်ဖက်သောအနေအထားကို ပြောင်းလဲနိုင်ပါတယ်။ Ultra Mode ကလည်း ခရီးသွားသည့်အခါမှာ ဆူညံသံအားလုံးကို ဖယ်ထုတ်ပြီး သက်တောင့်သက်တာအိပ်စက်နိုင်ပါတယ်။ Cozy Mode ကတော့စာရွက်လှန်ခြင်း၊ စာရိုက်ခြင်း၊ ကွန်ပျူတာများနှင့် အလုပ်ခွင်၊ စာကြည့်တိုက်နှင့် အခြားသောတိတ်ဆိတ်သော ပတ်ဝန်းကျင်မှအသံများကို လျော့ချပေးခြင်းဖြင့် ပိုမိုအာရုံစူးစိုက်နိုင်မှာဖြစ်ပါတယ်။
General Mode ကတော့ ပတ်ဝန်းကျင်မှဆူညံသံများကို တော်တော်များများလျော့ချလိုက်တာကြောင့် စည်ကားနေတဲ့လမ်းမ သို့မဟုတ် လူများတဲ့ကော်ဖီဆိုင်တို့မှာ စွဲမက်ဖွယ်ကောင်းသော သီချင်းသံ သို့မဟုတ် ဂိမ်းအသံကို ခံစားနိုင်မှာဖြစ်ပါတယ် အသံများပိုမိုကြည်လင်စွာကြားနိုင်ဖို့အတွက် voice mode ကကူညီပေးပါတယ်။ မိမိရဲ့ earbuds များကို ဖယ်ရှားရန်မလိုအပ်ပါ။ ကြာကြာနှိပ်ထားရုံနှင့် awareness mode ကိုပြောင်းလဲပေးနိုင်ပြီး မိမိပတ်ဝန်းကျင်နဲ့ ပြန်လည်ချိတ်ဆက်ပေးပါတယ်။ ထူးခြားတဲ့ Voice Mode က လူတစ်ယောက်စကားပြောသံကို ထင်ရှားစွာကြားနိုင်ရန် ပတ်ဝန်းကျင်က အသံများကိုလျော့ချပေးပါတယ်။

 

Photo Source https://consumer.huawei.com/mm

ဗီဒီယိုတွေရိုက်ကူးတဲ့အခါမှာလည်း HUAWEI FreeBuds Pro မှာ 20 Hz7 အထိတည်ငြိမ်စွာဖမ်းယူနိုင်သည့် အရည်အသွင်းမြင့် recording အသုံးပြုထားတာကြောင့် အ‌ဝေးတွင်ရှိသောအသံကိုပါဖမ်းယူနိုင်ပါတယ်။ ပြင်ပမှာ ကြားရတဲ့အသံတွေကို မှန်ကန်စွာပြန်လည်ထုတ်လွှင့်နိုင်တာကြောင့် စိတ်အားထက်သန်တဲ့ ဘလော့ဂါများအတွက် အ ကောင်းဆုံးကရိယာဖြစ်ပါတယ်။
HUAWEI FreeBuds Pro က သင်ချစ်ခင်နှစ်သက်တဲ့အသံနဲ့ လိုက်ဖက်စေဖို့ သေသပ်တောက်ပသောငွေရောင်ဖြင့် Silver Frost၊ ခေတ်မီဆန်းပြားလှပသောပုံစံအတွက် Ceramic White နှင့် အချိန်တိုင်းနေရာတိုင်းအတွက် သင့်လျော်သော Carbon Black ဆိုပြီး အရောင်(၃) ရောင်ရှိပါတယ်။ ဒါ့အပြင် ပျော့ပျောင်းတဲ့ စီလီကွန်နားကြပ် အရွယ်အစား (၃) မျိုးကို ရရှိနိုင်ပါတယ်။ Tip Fit test က သင့်နားရွက်နှင့်အသင့်တော်ဆုံးဖြစ်မည့်တစ်ခုကို ကူညီ‌ရွေးချယ်ပေးပါတယ်။
အရှေ့နှင့်အနောက်နားအတွင်းပတ်လမ်းဒီဇိုင်းက နားအတွင်း လေဖိအားအတွင်းအပြင် ညီမျှစေပြီး သက်တောင့် သက်သာမဖြစ်စေရန် ပြုလုပ်ထားပါတယ်။ ကျစ်လစ်သိပ်သည်းပြီး ပေါ့ပါးသောကိုယ်ထည်က အသုံးပြုရတာ အဆင်ပြေ စေပြီး စမတ်ကျသောဒီဇိုင်းကို ပေးစွမ်းပါတယ်။ အလိုရှိသလိုထိန်းချုပ်နိုင်ရန်အတွက်လည်း စွမ်းဆောင်ရည်မြင့်တဲ့ sensor တွေက တုံ့ပြန်နိုင်ပါတယ်။ swipe လုပ်ခြင်း၊ press သို့မဟုတ် pinch လုပ်ခြင်း၊ အသံအတိုးအကျယ်လုပ်ခြင်း၊ ဖုန်းလက်ခံခြင်း သို့မဟုတ် သီချင်းအလွယ်တကူပြောင်းခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။ ထိန်းချုပ်ရန်လွယ်ကူစေပါတယ်။
noise cancellation ကိုပိတ်ထားပြီး တစ်ခါအားသွင်းထားရုံနှင့် ၈ နာရီကြာသီချင်းနားထောင်နိုင်ပြီး charging case နှင့်တွဲဖက်လိုက်ပါက ၃၆ နာရီကြာအောင်အသုံးပြုနိုင်ပါတယ်။ စမတ်ဖုန်း သို့မဟုတ် တက်ဘလက်ကိုအသုံးပြုပြီး revere-charge နှင့် charging case ကို သွားရင်းလာရင်းနှင့်အားသွင်းနိုင်ပါသည်။ noise cancellation ဖွင့်ထားလျှင် ၃.၅ နာရီကြာ ဖုန်းခေါ်ဆိုမှုပြုလုပ်နိုင်ပြီး charging case နဲ့ တွဲဖက်အသုံးပြုလျှင် ၁၆ နာရီထိကြာရှည်ခံပါတယ်။
Charing case ကိုဖွင့်လိုက်ပါ။ ပထမဆုံးချိတ်ဆက်ခြင်း သို့မဟုတ် ပြန်လည်ချိတ်ဆက်ခြင်းတို့ကိုပြုလုပ်ဖို့အတွက် ဖုန်း ပေါ်မှာ pop-up ပေါ်လာမှာဖြစ်ပြီး ကျန်ရှိနေသည့်ဘက်ထရီကိုပါ ဖော်ပြပေးပါတယ်။ Device နှစ်ခုကိုတပြိုင်နက်တည်း ချိတ်ဆက်ထားနိုင်ပြီးနားကြပ်ကို pinch ပြုလုပ်ရုံဖြင့် တစ်ခုနှင့်တစ်ခုကြားကိုပြောင်းလဲနိုင်ပါတယ်။ စမတ်ထုတ်ကုန်များနှင့် PC များ၊ တက်ဘလက်များ၊ စမတ်ဖုန်းများကြားမှာ ချောမွေ့စွာပြောင်းရွှေ့နိုင်ပါတယ်။

Photo Source https://consumer.huawei.com/mm
အဆင့်မြင့် Compactness Detection က နားကြပ်ဝတ်ဆင်ထားချိန်မှာတောင် သင်နှင့်အံဝင်ခွင်ကျရှိမရှိ စစ်ဆေးပေး နိုင်ပါတယ်၊ ပိုမိုကောင်းမွန်သော noise cancellation နှင့် ပိုမိုစွဲမက်ဖွယ်ကောင်းသောအသံတို့အတွက် အသင့်တော်ဆုံးကို ရွေးချယ်နိုင်ပါတယ်။ HUAWEI FreeBuds Pro ကို သီးသန့်ဖြစ်နေသော ဘယ် သို့မဟုတ် ညာဘက်နားကြပ်နှင့် charging case ထဲတွင်ထည့်ထားသောအစုံလိုက်ကို ပြသပေးနိုင်သည့် မြေပုံပါရှိသော AI Life App တွင်ရှိသည့် “Find My Earphones” ဖြင့်လွယ်ကူစွာရှာဖွေနိုင်ပါတယ်။ အနီးအနားမှာရှိနေသည့်အခါတွင် အသံမြည်အောင်ပြုလုပ်ပြီးလည်း ရှာဖွေနိုင်ပါတယ်။
HUAWEI FreeBuds Pro အတွက် AI Life App ကိုရယူလိုက်ပါ။ အနည်းငယ်နှိပ်လိုက်ရုံနဲ့ ဆူညံသံမျိုးစုံကို ထိန်းချုပ် နိုင်ခြင်း၊ သင့်နားနှင့်အံဝင်ခွင်ကျဖြစ်နေရန်ရှာဖွေနိုင်ခြင်း၊ သင့် earbuds ကိုရှာဖွေနိုင်ခြင်းတို့အပြင် အခြားသော သီးသန့် feature များကိုပါအသုံးပြုနိုင်ပါတယ်။