HUAWEI HiPair နည်းပညာဖြင့်ပြုလုပ်ထားသော HUAWEI FreeLace Pro

Huawei ရဲ့ထုတ်ကုန်အသစ်တွေထဲမှာ HUAWEI HiPair နည်းပညာဖြင့်ပြုလုပ်ထားသော HUAWEI FreeLace Pro က လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ အသုံးပြုသူအတွက်အကောင်းဆုံးဖြစ်မယ့် ဆူညံသံလျော့ချမှုကို ဦးစာပေးထုတ်လုပ် ထားခြင်းလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကွဲပြားခြားနားသော အခြေအနေအမျိုးမျိုးအတွက် အသင့်တော်ဆုံးသော noise cancellation mode ကို‌ရွေးချယ်ပြီး အကောင်းဆုံးနားဆင်နိုင်သော အတွေ့အကြုံကို ခံစားနိုင်နိုင်မှာလည်းဖြစ်ပါတယ်။
General Mode ရဲ့ လုပ်ဆောင်ချက်ကတော့ ပတ်ဝန်းကျင်ဆူညံသံများကို ကောင်းမွန်စွာလျှော့ချပေးထားတာကြောင့် ဆူညံနေတဲ့ လမ်းများ သို့မဟုတ် သက်ဝင်လှုပ်ရှားနေတဲ့ ပန်းခြံနေရာနေတွေမှာ စွဲမက်ဖွယ်ရာသီချင်း တွေကိုနားဆင်ခံစား နိုင်မှာဖြစ်ပါတယ်။

Photo Source https://consumer.huawei.com/mm

HUAWEI FreeLace Pro က အဆင့်မြင့် မိုက်ခရိုဖုန်းနှစ်ခုက အတွင်းနှင့်အပြင် နှစ်ခုလုံးက ဆူညံသံတွေကိုတားဆီးရန် အတူတူအလုပ်ထားပါတယ်။ ကြီးမားတဲ့ dynamic drivers က ပိုမိုအားကောင်းတဲ့ နက်ရှိုင်းသော anit-noise အသံ၊ ကြည်လင်ပြတ်သားပြီး စွဲမက်ဖွက်ကောင်းသည့် မိမိနှစ်သက်သည့်အသံတွေနဲ့ အကောင်းဆုံးကမ္ဘာလေးတစ်ခုကို ဖန်တီးပေး ထားသလိုဖြစ်နေစေမှာပါ။
Awareness Mode ကတော့ ပြင်ပကမ္ဘာနှင့်လည်း အဆက်အသွယ်မပြတ်စေရန် ရည်ရွယ်ပါတယ်။ ဘယ်ဘက်အခြမ်း earbud ကိုထိကိုင်ပြီး Active Noise Cancellation မှ Awareness Mode ကို ပြောင်းလဲလိုက်ခြင်းဖြင့် မိမိပတ်ဝန်းကျင်၊ ပြင်ပကမ္ဘာမှအသံများကို သဘာဝကျစွာကြားနိုင်မှာဖြစ်ပါတယ်။
3-mic Call Noise Cancellation ကတော့ အရေးကြီးသည့်အသံများကိုသာ နားထောင်နိုင်ရန်ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ HUAWEI FreeLace Pro မှာ မိုက်ကရိုဖုန်းသုံးလုံးတပ်ဆင်ထားသည့် အသံဖမ်းယူစနစ်ပါဝင်ပြီး ဖုန်းခေါ်ဆိုနေ စဉ်အတွင်းတွင် ပတ်ဝန်းကျင်မှဆူညံများကို ထိရောက်စွာလျော့ချပေးပါသည်။ ဒါ့အပြင် Deep Neural Networkds (DNN) algorithm က စကားပြောသံကိုသိရှိနိုင်ပြီး လူစည်ကားသောနေရာများတွင်တောင် ဖုန်းခေါ်ဆိုမှုကို ကြည်လင်ပြီး တည်ငြိမ် စေပါတယ်။
14 mm ရှိတဲ့ dynamic driver က low-frequency sound tude နှင့်အတူ resonance effect ကိုရရှိစေရန်နဲ့ ပိုမို ကောင်းမွန်ပြီး နက်ရှိုင်းသော bass အသံကိုပေးဆောင်နိုင်ရန် လုပ်ဆောင်ပါတယ်။ နူးညံ့သော diaphram က မှန်ကန်ပြီး ကြည်လင်ပြတ်သားသောအသံနှင့် သာယာသောတို့အတွက် တုံ့ပြန်မှုစွမ်းရည်ကို သိသိသာသာတိုးတက်စေပါတယ်။

Photo Source https://consumer.huawei.com/mm

HUAWEI HiPair နည်းပညာနှင့် USB-C plug တို့ဖြင့် HUAWEI FreeLace Pro က ဖုန်း သို့မဟုတ် တက်ဘလက်နဲ့ အဆင့် တစ်ဆင့်တည်းဖြင့် ချိတ်ဆက်နိုင်ပါတယ်။ အလုပ်များတဲ့နေ့တွေမှာ ကော်ဖီသောက်ချိန် ၅ မိနစ်အတွင်းအားသွင်းထားရုံနဲ့ အရည်အသွေးကောင်းတဲ့သီချင်းတွေကို ၅ နာရီလောက် နားဆင်နိုင်မှာဖြစ်ပါတယ်။
ပုံမှန် Bluetooth နားကြပ်များရဲ့ ဘက်ထရီသက်တမ်းကိုကျော်လွန်ပြီး HUAWEI FreeLace Pro က ၂၄ နာရီ playback ကို ထောက်ပံ့ပေးပါတယ်။ noise-cancellation ကိုဖွင့်ထားလျှင်တောင် ၁၆ နာရီစာ နားဆင်နိုင်သောအတွေ့အကြုံကို ပေးစွမ်း နိုင်ပါတယ်။ HUAWEI Freelace Pro နဲ့ဆိုရင် ထုတ်ကုန်ပစ္စည်းတစ်ခုနဲ့တစ်ခု ပြောင်းလဲချိတ်ဆက်ရာမှာ အလွန်လွယ်ကူပါတယ်။ ပါဝါခလုပ်ကိုနှစ်ချက်ဖိနှိပ်ရုံနဲ့ နောက်ဆုံးချိတ်ဆက်ထားတဲ့ ထုတ်ကုန်ပစ္စည်းကို ပြောင်းလဲ ချိတ်ဆက်နိုင်ပါတယ်။
ကြိုးမဲ့ audio codec optimization ကြောင့် ဂိမ်းကစားသည့်အခါတွင် audio latency က 150ms အထိလျော့ကျသွားပါတယ်။ low-latency gaming mode က ဂိမ်းကစားတာနှင့် အလိုအလျောက်ဖွင့်ပေးပြီး ကစားပွဲတိုင်း အတွက် အဆင်သင့်ဖြစ်နေစေမှာဖြစ်ပါတယ်။ HUAWEI Freelace Pro ရဲ့သံလိုက်ဒီဇိုင်းက အသုံးပြုသူများအတွက် အလိုအလျောက်အတွေ့အကြုံကို ပေးစွမ်းပါတယ်။ ကြာရှည်သောဘက်ထရီသက်တမ်းအတွက် earbuds နှစ်ခုကို ပူးတွဲပြီး ချိတ်ဆက်ထားသည်ကို ရပ်တန့်နိုင်ပါတယ်။ ပူးတွဲထားသည်ကိုဖြုတ်လိုက်သည့်အခါတွင် ပြန်လည်ချိတ်ဆက်နိုင်ပြီး သီချင်း သို့မဟုတ် ဖုန်းခေါ်ဆိုမှုတွေကို ပြန်လည်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
HUAWEI FreeLace Pro နဲ့အတူ AI Life App ကိုရယူနိုင်ပါတယ်။ ကွဲပြားသော ဆူညံသံများလျော့ချနိုင်ပြီး အကောင်းဆုံးနားဆင်နိုင်ဖို့အတွက် noise control modes အမျိုးမျိုးကို အနည်းငယ်ထိလိုက်ရုံနဲ့ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။