HUAWEI မှ HUAWEI P60 Pro၊ Mate X3၊ nova 11 series၊ FreeBuds 5 နှင့် HUAWEI Watch Buds စသည့် နောက်ဆုံးပေါ် ထုတ်ကုန်များအား မိတ်ဆက်

Huawei သည် HUAWEI Mega Launch Event 2023 တွင် Huawei ၏နောက်ဆုံးပေါ် နည်းပညာမြင့် ထုတ်ကုန်များဖြစ်သည့်  DXOMARK Smartphone Camera Ranking တွင် ၁၅၆ မှတ်ဖြင့် ပထမနေရာကိုရရှိခဲ့သည့် HUAWEI P60 Pro၊ ကမ္ဘာ့အပါးလွှာဆုံး ခေါက်ဖုန်းဖြစ်သည့် Huawei Mate X3၊ တရုတ်နိုင်ငံ ပြင်ပဈေးကွက်အတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးမိတ်ဆက်သည့် HUAWEI nova 11i ၊ HUAWEI nova 11၊ HUAWEI nova 11pro၊ 6.95-inch မျက်နှာပြင်ရှိပြီး  ကြီးမားသော 7000 mAh ဘက်ထရီရှိသည့် HUAWEI nova Y91၊ iF Design Award 2023 အားရရှိခဲ့သည့် HUAWEI FreeBuds 5 နှင့် Germany iF Design Award 2023 အပြင် MWC 2023 တွင် အသိအမှတ်ပြုဆု (၈) ခုအား ရရှိခဲ့သည့် HUAWEI WatchBuds စသည့် နောက်ဆုံးပေါ် ထုတ်ကုန်အမျိုးမျိုးအား မိတ်ဆက်ခဲ့သည်။

Image: HUAWEI

HUAWEI P60 Pro

HUAWEI P60 Pro ၏ ကင်မရာ Module ဒီဇိုင်းကို “The Eye of Light” ဟူ၍ ပုံဖော်ထားပြီး အသုံးအများဆုံး ပင်မကင်မရာကို မှန်ဘီလူး Module ၏ အလယ်ဗဟိုတွင် နေရာချတပ်ဆင်ထားသည်။ သဘာ၀တရားမှ စိတ်ကူးယူအခြေခံထားသော HUAWEI P60 series သည် ခေတ်မီသော အလှတရားများကို ပြန်လည် အနက်အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ Rococo Pearl အရောင်နှင့် HUAWEI P60 Pro သည် ပထမဆုံး Pearl Texture Design ကို အသုံးပြုထားပြီး အရောင်စိုစိုနှင့် တောက်ပမှုရှိစေရန် စမတ်ဖုန်းတွင် သဘာ၀တွင်းထွက်ပုလဲမှုန့်ကို ပေါင်းစပ်ထားကာ  Mother of Pearl ကဲ့သို့ ထူးခြားသော သဘာ၀အရောင်အသွေးကို ရရှိစေသည်။

HUAWEI P60 Pro ကို အရောင်အားဖြင့် Black (အနက်ရောင်)နှင့် Rococo Pearl (ပုလဲရောင်/ အဖြူရောင်) တို့ဖြင့်ရရှိမှာဖြစ်ပြီး 8+256 GB အား မြန်မာကျပ် ၂,၈၉၉,၀၀၀ နှင့် 12+512 GB အား မြန်မာကျပ် ၃,၃၉၉,၀၀၀ ဖြင့် မေလ (၂၀) ရက်နေ့မှစတင်၍ မြန်မာနိုင်ငံတွင် Pre-order တင်ဝယ်ယူနိုင်တော့မည်ဖြစ်သည်။ Pre-order ကာလမှာ မေလ (၂၀) ရက်နေ့မှ (၂၆) ရက်နေ့အထိဖြစ်ပြီး Pre-order တင်ထားသူများအနေဖြင့် မြန်မာကျပ် ၄၅၉,၀၀၀ တန်ဖိုးရှိသော HUAWEI nova Y70 တစ်လုံးအား မေလ (၂၇) ရက်နေ့မှ ဇွန်လ (၄) ရက်နေ့ထိ (ပစ္စည်းလက်ကျန်ရှိသည်အထိသာ) လက်ဆောင်ပြန်လည် ရရှိသွားမည် ဖြစ်သည်။

Image: HUAWEI

HUAWEI Mate X3

ကမ္ဘာ့ပထမဆုံး ပိုမိုပေါ့ပါး၊ ပိုမိုပါးလွှာ၊ quad-curve ပုံစံ ကြီးမားကျယ်ပြန့်သည့်မျက်နှာပြင်နှင့် ခေါက်ချိုးနိုင်သည့် စမတ်ဖုန်းဖြစ်သော HUAWEI Mate X3 သည် အတွင်း၊ အပြင် screen မျက်နှာပြင်များ၊ လိုအပ်သလို ခေါက်ထားနိုင်သည့် new-generation multi-dimensional hinge နှင့် imaging system (ပုံရိပ်ဖော်စနစ်) စသည်ကဲ့သို့သော အရှေ့မျက်နှာပြင်များအားလုံးကို အဆင့်မြှင့်တင်ပေးထားပါသည်။

တစ်နေကုန် စိတ်အေးချမ်းသာရှိစေရန်အတွက် HUAWEI Mate X3 သည် တာရှည်ခံ Kunlun Glass အပြင်ပိုင်းမျက်နှာပြင်နှင့် ပွတ်တိုက်မှုဒဏ် impact-resistant ကို ခံနိုင်သည့် ခေါက်ချိုးနိုင်သော အတွင်းပိုင်းမျက်နှာပြင်တို့ကို ရယူထားခြင်းဖြင့် ဆွစ်ဇာလန်နိုင်ငံ၏ SGS dual five-star certifications တို့ကို ပထမဆုံးရရှိထားပါသည်။ အပြင်ပိုင်းမျက်နှာပြင်သည် အလွန်စိတ်ချရသော Kunlun Glass ဖြင့် တပ်ဆင်ထားသောကြောင့် မတော်တဆ လွတ်ကျမှုဒဏ် drop-resistant ကို ၁၀ ဆ ပိုမိုခံနိုင်ရည်ရှိပါသည်။

HUAWEI Mate X3 ကို 12+512 GB အမျိုးအစားဖြင့်ရရှိမှာ ဖြစ်ပြီး အရောင်အားဖြင့် Black (အနက်ရောင်) နှင့် Dark Green (အစိမ်းရင့်ရောင်)တို့အား မြန်မာကျပ် ၅,၆၉၉,၀၀၀ ဖြင့် မေလ (၂၀) ရက်နေ့မှစတင်၍ မြန်မာနိုင်ငံတွင် Pre-order တင် ဝယ်ယူနိုင်တော့မည်ဖြစ်သည်။

Image: HUAWEI

Nova 11 and 11 Pro

အဆင့်မြှင့်တင်ထားသော HUAWEI Multi-Vision Photography သည် အသေးစိတ်ကျသော ပုံရိပ်များနှင့် အ‌ဝေးမှ ပုံရိပ်များကို ဖမ်းယူပေးပါသည်။ nova 11 Pro သည် 60 MP Ultra Portrait Dual Camera၊ 100-degree ultra-wide angle၊ 1/2.61-inch background၊ 4K ရုပ်ပုံအရည်အသွေး၊ အထူးကောင်းမွန်သော ရုပ်ထွက်နှင့် light sensitivity စသည့်လုပ်ဆောင်ချက်များဖြင့် အဆင့်မြှင့်တင်ထားသော HUAWEI Multi-Vision Photography ကို တပ်ဆင်ထားပါသည်။ 8 MP Close-up Portrait Front Camera သည် အကွာအဝေးအသီးသီးမှ အလှတရားများကို ကြည်လင်ပြတ်သားမှုရှိစွာ ဖမ်းယူနိုင်ရန် 0.7x group photo၊ 1x HD selfie၊ 2x textured portrait နှင့် 5x makeup close-up experience စသည်တို့အပြင် 2x optical zoom နှင့် 5x digital zoom အထိ ထောက်ပံ့ပေးပါသည်။50 MP Ultra Vision Camera တွင် nova မျိုးဆက်၏ အကောင်းဆုံးစွမ်းဆောင်ရည်မြင့် နောက်ကင်မရာကို ထည့်သွင်းပါရှိသည်။

HUAWEI nova 11i ကို 8+128 GB အမျိုးအစားများဖြင့် ရရှိမှာ ဖြစ်ပြီး အရောင်အားဖြင့် Starry Black (အနက်ရောင်)နှင့် Mint Green (အစိမ်းရောင်)တို့အား မြန်မာကျပ် ၅၉၉,၀၀၀ ဖြင့် မေလ (၂၇) ရက်နေ့မှစတင်၍ မြန်မာနိုင်ငံတွင် Pre-order တင်နိုင်တော့မည်ဖြစ်ပြီး Pre-order တင် ဝယ်ယူသူများ အနေဖြင့် Power Bank တစ်လုံး လက်ဆောင်ရရှိနိုင်မှာဖြစ်သည်။

ထို့ပြင် HUAWEI nova 11 နှင့် HUAWEI nova 11 pro တို့အား 8+256 GB အမျိုးအစားဖြင့် ရရှိမှာဖြစ်ပြီး အရောင်အားဖြင့် Black (အနက်ရောင်)နှင့် Green (အစိမ်းရောင်)တို့အားလည်းကောင်း၊ HUAWEI nova Y91 ကို 8+256 GB အမျိုးအစားဖြင့် ရရှိမှာဖြစ်ပြီး အရောင်အားဖြင့် Starry Black (အနက်ရောင်)နှင့် Moonlight Silver (ငွေရောင်)တို့အား ဇူလိုင်လမှစတင်၍ မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်တော့မည်ဖြစ်သည်။ HUAWEI Watch Buds၊ Khaki (အညိုရောင်)အား မြန်မာကျပ် ၉၉၉,၀၀၀ ကျပ် နှင့် HUAWEI Freebuds 5 ၏ Frost Silver၊ Ceramic White နှင့် Coral Orange စသည့် အရောင်များအား မြန်မာကျပ် ၃၉၉,၀၀၀ ဖြင့် ဇွန်လမှစတင်၍ မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

HUAWEI nova Y91

HUAWEI nova Y91 သည် ခေါက်ချိုးညီ၀င်ရိုး အလှတရားကို ပေါ်လွင်စေသည့် လက်ရာမြောက် Starry Circle ကြယ်ရောင်စက်၀ိုင်းဒီဇိုင်းပုံစံဖြင့် Huawei ၏ အကောင်းမွန်ဆုံးသော ဒီဇိုင်းအလှတရားကို တင်ဆက်ပြသထားသည်။ နောက်ကင်မရာများကို star-ring ကြယ်စက်၀န်းထဲတွင် ထည့်သွင်းထားသောကြောင့် ၄င်းသည် ကျစ်လျစ်တောက်ပပြီး ခေတ်ဆန်းလွန်းလှပါသည်။ HUAWEI nova Y91 တွင် စတိုင်ကျသော 6.95-inch မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး သေးသွယ်ကျစ်လျစ်သော ကိုယ်ထည်နှင့် ယှဉ်တွဲအလုပ်လုပ်နိုင်သောကြောင့် ကြီးမားသော Display မျက်နှာပြင်နှင့် ကိုက်ဆောင်ရ အဆင်ပြေစေသည်။

HUAWEI nova Y91 ၏ ဘက်ထရီစွမ်းရည်ကို 7000 mAh အထိ တိုးမြင့်ပေးထားပြီး ဘက်ထရီသက်တမ်းကို ပိုမိုကြာရှည်ခံစေသည်။ စွမ်းအင်သိပ်သည်းဆမြင့်မားသော dual-cell ဒီဇိုင်းသည် ဘက်ထရီသက်တမ်းကို မြှင့်တင်ပေးသည့်အပြင် ဖုန်းကို ပိုမိုပေါ့ပါးစတိုင်ကျစေသည်။ 22.5 W HUAWEI SuperCharge က ဖုန်း၏ ကြီးမားသောဘက်ထရီကို အချိန်တိုတိုနှင့် အားသွင်းမြန်ဆန်စေသည်။ HUAWEI nova Y91 ၏ 256 GB သိုလှောင်မှုပမာဏသည် သင်နှစ်သက်သော ဆော့ဖ်၀ဲလ်များ၊ ဂိမ်းများကို ထည့်သွင်းရန်၊ အလုပ်နှင့် စာသင်ကြားရေးအတွက် ဖိုင်ကြီးများကို ဒေါင်းလုဒ်ရယူရန်အပြင် ဗီဒီယိုများနှင့် ရုပ်ရှင်များအတွက်လည်း လုံလောက်ပါသည်။

Image: HUAWEI

FreeBuds 5

အကောင်းဆုံးအသံအရည်သွေးကိုပေးစွမ်းနိုင်ရန် HUAWEI FreeBuds 5 အား သံလိုက်ကွင်းနှစ်ခုဖြင့်အားဖြည့်ကာ အထူးပြုလုပ်ထားသည့် ultra-mag dynamic driver ထည့်သွင်းထားသည်။ သံလိုက်ကွင်းနှစ်ခုမှ အကောင်းဆုံး bass notes များနှင့် ကြည်လင်ပြတ်သားသော လူသံများအား ကြားနိုင်စေရန် Bass Note Turbo နည်းပညာကို အခြေခံထားသည်။ Ultra Wide Frequency Adaptive EQ နှင့် L2HC and LDAC™ codecs တို့ဖြင့် အသေးစိတ်ကျပြီး ကြည်လင်ကောင်းမွန်သောအသံအရည်အသွေးကို ထုတ်လုပ်ပေးနိုင်သည်။ ထို့ပြင် FreeBuds 5 မှ ပတ်ချာလည်မှ အသံကြားရသကဲ့သို့ အသံအရည်အသွေးကိုပေးစွမ်းနိုင်ပြီး AI Noise cancellation လည်းပါဝင်သည့်အတွက် ပတ်ဝန်းကျင်မှအသံများမှ အနှောက်အယှက်မဖြစ်စေဘဲ ကြည်လင်ပြတ်သားစေမှာဖြစ်သည်။

လတ်တလောတွင်လည်း HUAWEI FreeBuds 5 မှ ၎င်း၏ ရေစက်ပုံစံဒီဇိုင်း၊ HD အသံအရည်အသွေး၊ ဝတ်ဆင်ရာတွင် သက်တောင့်သက်သာရှိမှု၊ အကောင်းဆုံး noise cancellation နှင့် အားသွင်းမြန်ဆန်မှုတို့ကြောင့် “Oscars” ဟုသိကြသည့် iF Design Award 2023 အားရရှိခဲ့ပါသည်။

HUAWEI Watch Buds

TWS နားကြပ်သည် နာရီတွင် ခေတ်မှီဆန်းသစ်သောအဖုံးဖြင့်သံလိုက်နှင့်တစ်ပါတည်းတွဲဆက်ထားသည့်အတွက် ထုတ်ကုန်နှစ်မျိုးအား တစ်နေရာတွင် အတူတကွရှိနေစေမည်ဖြစ်သည်။ အိတ်အဖုံးကဲ့သို့ နာရီ၏အဖုံးမှာ ဖွင့်ပိတ်ရာတွင် ချောမွေ့အဆင်ပြေပြီး နားကြပ်နှင့် နာရီအဖုံးမှာ သံလိုက်ဖြင့်ချိတ်ဆက်ထားသည့်အတွက် နားကြပ်အား သိမ်းဆည်းခြင်းနှင့် ထုတ်ယူခြင်းတို့ကို လွယ်ကူစွာပြုလုပ်နိုင်မည် ဖြစ်သည်။ ဤသို့ ထုတ်ကုန်နှစ်မျိုးအား တစ်ပြိုင်နက်အသုံးပြုနိုင်သည့်အတွက် အလွန်အဆင်ပြေလွယ်ကူစေပြီး နားကြပ်ပျောက်ဆုံးခြင်းတို့မှလည်း ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ HUAWEI Watch Buds သည်၎င်း၏ သံလိုက်ပါဝင်သည့်အဖုံးဒီဇိုင်းဖြင့် လူသိများကာ MWC 2023 တွင် အသိအမှတ်ပြုဆု (၈)ခု အားရရှိခဲ့ပြီး ဒီဇိုင်းလောကတွင် “Oscars” ဟု လူသိများသည့် ဂျာမနီနိုင်ငံမှ iF Design Award 2023 အားလည်းဆွတ်ခူးရရှိခဲ့သည်။