4000mAh ဘက်ထရီနှင့် ဈေးနှုန်းတူထုတ်ကုန်များအားလုံး၏ ထိပ်ဆုံးတွင်ရပ်တည်လျက်ရှိသော OPPO A1k စမတ်ဖုန်း

စူပါ ပါဝါစွမ်းအား A1k စမတ်ဖုန်းမှာ ပါရှိတဲ့ 4000mAh ဘက်ထရီဟာ ဈေးနှုန်းတူထုတ်ကုန်များထဲမှာ အားလုံးရဲ့ ထိပ်ဆုံးမှာ ရပ်တည်လျက်ရှိပါတယ်။ ဖုန်းအားသွင်းစရာမလိုပဲ တနေကုန် (၁၇ နာရီခန့်) အသုံးခံပါတယ်။ 32GB ROM ကို 256GB ထိ မမ်မိုရီထပ်တိုး တပ်ဆင်နိုင်သည့်အတွက် A1k က ဓာတ်ပုံတွေနဲ့ ဒေတာအချက်အလက် ပေါင်းများစွာကို အတိုင်းထက် အလွန် စိတ်ကြိုက်သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ရေစက်ပုံစံ မျက်နှာပြင်ကိုအသုံးပြုထားပြီး ပိုမိုအဆင်ပြေစေရန်နှင့် စမတ်ကျကျ အသုံးပြုနိုင်ရန် ပြင်ဆင်ထားပါ တယ်။ OPPO A1k စမတ်ဖုန်းကို 6.1″ HD+ မြင်ကွင်းကျယ်နဲ့ ထွက်ရှိထားတာကြောင့် ဗွီဒီယိုကြည့်သည်ဖြစ်စေ၊ ဂိမ်းဆော့ကစားသည်ဖြစ်စေ အကောင်းဆုံးသော ရသကို အပြည့်အဝပေးစွမ်းနိုင်မှာလည်းဖြစ်ပါတယ်။
ပိုမိုပေါ့ပါးပြီး အစင်းခြစ်ရာဒဏ်ကို ပိုမိုခံနိုင်ရည်ရှိတဲ့ Corning Gorilla Glass ကို အသုံးပြုထားတာကြောင့် မျက်နှာပြင်အထိ အတွေ့ပိုင်းမှာ ပိုမိုအားသာတဲ့ အချက်တွေကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ ဖက်ရှင်ကျကျ အရောင်နဲ့အဆင့်မြင့်မြင့် ဖက်ရှင်ကျကျ အရောင်အသွေး ရရှိစေရန်အတွက် အနုပညာမြောက် လက်ရာများစွာကို ဖန်တီးပေးထား တဲ့အပြင် ထိပ်တန်းလုပ်ငန်းနယ်ပယ်ရပ်အသီးသီးမှ ပေးပို့လာသည့် ရာပေါင်းများစွာသော အရောင်များအနက်မှ စိတ်ကြိုက် ရွေးချယ် ဖန်တီးထားခြင်းဖြစ်ပါတယ်။

Photo Source https://www.oppo.com/mm

Bokeh Effect ကတော့ ထင်းကနဲပေါ်လွင်စေမည့် အလှတရားနဲ့နောက်ခံပုံရိပ်ကို ဝါးပေးခြင်းဖြင့် ဓာတ်ပုံကို ပိုမိုထင်ရှား ပေါ်လွင်စေသော အထူးပြုလုပ်ချက်က အလှဓာတ်ပုံရိုက်ကူးခြင်း၏ စစ်မှန်သောရသကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ စွယ်စုံသုံး ကင်မရာဖြစ်တဲ့ 5P rear ကင်မရာမှာတော့ ဓာတ်ပုံဘောင် အရွယ်အစားအမျိုးမျိုးကို ရွေးချယ်နိုင်သည့်အပြင် တုန်ခါမှုကို လျော့ချပေးသည့် နည်းပညာပါဝင်ခြင်းကြောင့် ပိုမိုတိကျပြတ်သားသော ဓာတ်ပုံများနဲ့တည်ငြိမ်ချောမွေ့သော ဗွီဒီယိုအရည် အသွေးရရှိအောင် ရိုက်ယူနိုင်မှာဖြစ်ပါတယ်။
ထို့ပြင် ဓာတ်ပုံကို ပိုမိုလှပအောင် ပြုပြင်ပေးသော အထူးပြုလုပ်ချက်များကလည်း သင်ရိုက်ကူးလိုက်သော အလှဓာတ်ပုံတိုင်း ကို သဘာဝကျကျ ပြစ်မျိုးမှဲ့မထင်အလှရရှိအောင် ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အမြဲတမ်းအတွက် အကြည်လင် ဆုံး HDR ရဲ့ လုပ်ဆောင်မှုက ဓာတ်ပုံကို မည်သည့်နေရာ၊ မည်သည့်ပတ်ဝန်းကျင်တွင်မဆို အရောင်မှိုန်သည့်နေရာနှင့် နောက်ခံအလင်းများသည့် နေရာများတွင်ပါ အသေးစိတ်ကျကျ ထင်ရှားလှပအောင် ဖန်တီးရိုက်ယူနိုင်မှာဖြစ်ပါတယ်။
Smart Bar လုပ်ဆောင်ချက်ကတော့ လုပ်ငန်းပေါင်းများစွာကို တပြိုင်တည်း အဆင်ပြေစွာ လုပ်ဆောင်နိုင်ခြင်းပဲဖြစ်ပါတယ်။ Smart Bar က အက်ပလီကေးရှင်း တစ်ခုမှတခု ပြောင်းလဲသုံးစွဲရာမှာဖြစ်စေ၊ ဖိုင်များပို့ရာတွင်ဖြစ်စေ၊ စာတိုမက်ဆေ့ရှ် ပြန်ရာတွင် ဖြစ်စေ၊ ဂိမ်းကစားစဉ်တွင်ဖြစ်စေ ပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။

Photo Source https://www.oppo.com/mm

OPPO သည် ကမ္ဘာ့ စမတ်ဖုန်းထုတ်လုပ်သူများအနက် ရှေ့ဆောင် Brand တစ်ခုဖြစ်သည်။ ပထမဦးဆုံး Smartphone “Smiley Face”ကို ၂ဝဝ၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် အချိန်မှ စ၍ OPPO သည် စိတ်ကျေနပ်ဖွယ် ဒီဇိုင်းနှင့် ဆန်းသစ်သော နည်းပညာများ၏ ပေါင်းစပ်မှုကို ရရှိနိုင်ရန် အစဉ်မပြတ် ကြိုးပမ်းလာခဲ့ရာ ယနေ့အခါတွင် Find နှင့် Reno Series တို့မှ ဦးဆောင်၍ အမျိုးအစား စုံလင်သည့် F series ၊ A series အစရှိသော smart devices များ၊ ColorOS operating systemနှင့် OPPO Cloud နှင့် OPPO+ စသည့် Internet Service များကိုပါ ဝန်ဆောင်မှုပေးလျက်ရှိသည်။ OPPO သည် နိုင်ငံပေါင်း ၄ဝကျော်တွင် လည်ပတ်လျက်ရှိပြီး ကမ္ဘာအနှံ့အပြားတွင် Research Institutes ၆ ခု ၊ R&D Centers ၄ ခု၊ London မြို့တွင် International Design Center တစ်ခု ရှိပြီး OPPO ဝန်ထမ်း ၄၀,၀၀၀ ကျော်သည် သုံးစွဲသူတို့ ဘဝ အဆင့်မြင့် တိုးတက်‌ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။