ဂိမ်းလုပ်ဆောင်ချက်စနစ်တွေကို ဦးစားပေးထားတဲ့ vivo V15 Pro စမတ်ဖုန်းအကြောင်း

Mobile Game တွေဟာ အရေးကြီးပါတယ်။ ဒါ့ကြောင့် Game Mode 5.0 နဲ့အတူ ပိုမိုစိတ်ကျေနပ်အောင်ပြုလုပ်ပေးခဲ့ပါပြီ။ vivo V15 Pro စမတ်ဖုန်းကတော့ ဂိမ်းလုပ်ဆောင်ချက်စနစ်တွေကို ဦးစားပေးထားမှုကြောင့် e-sports တွေကို Pro တစ်ဦးလို ဆော့ကစားနိုင်ပါလိမ့်မယ်။ ဒါ့အပြင် Dual-Turbo ဆိုတာ ဂိမ်းကစားသူတွေအတွက် လျှပ်စီးလို လျင်မြန်မှုတွေကို ပေးစွမ်းသွားဦးမှာဖြစ်ပြီး ဒီနှစ်ခုစလုံးဟာ ပေါ့ပါးသွက်လက်တဲ့ အတွေ့အကြုံနဲ့အတူ frame-drop ဖြစ်မှုကို 300 ရာခိုင်နှုန်း အထိ လျှော့ချပေးမှာဖြစ်လို့ ကျေနပ်ရင်ခုန်စရာကောင်းတဲ့ Gaming အတွေ့အကြုံကို ရရှိမှာပဲဖြစ်ပါတယ်။
Vivo V15 Pro စမတ်ဖုန်းဟာ အပြစ်အနာအဆာကင်းတဲ့ မျက်နှာပြင်ပြည့် အတွေ့အကြုံတစ်ခုကို ပေးစွမ်းနိုင်ဖို့အတွက် မြင့်တက်ပွင့်ထွက်လာမယ့် အရှေ့ကင်မရာဆိုတဲ့ နည်းပညာဆိုင်ရာ လမ်းပြရှေ့ဆောင်တစ်ခုကို လုပ်ဆောင်ထားပါတယ်။ အထူးပြုလုပ်ထားတဲ့ ကိုယ်ထည်အတွင်းမှာ ထည့်သွင်းတပ်ဆင်ထားတဲ့ မော်တာလေးဟာ ပြေပြစ်တဲ့ ရွေ့လျားမှုတွေနဲ့အတူ အရှေ့ကင်မရာကို 0.46 Seconds အတွင်းမှာပဲ လိုသလို အထုတ်သွင်း ပြုလုပ်ပေးနိုင်ပါတယ်။ ထပ်မံပေါင်းစပ်ထားတဲ့ ဒီဇိုင်းစနစ်ကြောင့်လည်း လုံခြုံမှု၊ ရေရှည်ခံမှုတွေနဲ့အတူ အထစ်အငေါ့မရှိပဲ အကြိမ်ပေါင်း 300, 000 အထိ အထုတ်အသွင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Photo Source https://www.facebook.com/vivomobileMM
Vivo V15 Pro ရဲ့ Super AMOLED မျက်နှာပြင်ကိုတော့ E2 luminescent တွေနဲ့ ဖန်တီးထားပြီး အရောင်လွှမ်းခြုံနိုင်မှုနှုန်း (P3 color gamut) ဟာ 100 ရာခိုင်နှုန်းရှိမှာဖြစ်ပြီး၊ 10,000,000:1 color contrast၊ ပိုမိုတိကျမှန်ကန်တဲ့ color saturation နဲ့အတူ စွမ်းအင်အသုံးပြုမှု နည်းပါးအောင်လည်း ဖန်တီးပေးထားပါတယ်။ ဒါ့အပြင် မျိုးဆက် ၅ ခုလောက် ပြင်ဆင်အပြီးမှာ vivo ဟာ မျက်နှာပြင်အောက် လက်ဗွေစနစ် နည်းပညာကို ထပ်မံဦးဆောင် မြှင့်တင်နိုင်ခဲ့ပါတယ်။ ပိုမိုများပြားလာတဲ့ pixel သိပ်သည်းဆတွေနဲ့ အဆင့်မြင့် Algorithms ကြောင့် ပိုမိုမြန်ဆန်သော၊ စတိုင်ကျသော၊ လုံခြုံသော Unlocking ခံစားချက် တစ်ခုကို ပေးစွမ်းထားပါတယ်။
V15Pro ရဲ့ ရောင်စဉ်ဖြာလှိုင်းဂယက်ဒီဇိုင်းနဲ့အတူ နည်းပညာကို ဖက်ရှင်ဖြင့် ပေါင်းစပ်လိုက်တာလဲဖြစ်ပါတယ်။ သူမတူ ထူးခြားတဲ့ ရောင်စဉ်ပေါင်းစပ်မှုဟာ ဖုန်းကိုသာမန်ထက်ပိုပြီး အထာကျစေမှာ အမှန်ပါ။ Topaz Blue အရောင်က ဖုန်းလေးတစ်ချက် လှုပ်လိုက်တိုင်းမှာ မတူညီတဲ့ထောင့်ချိုးတွေကနေ ရောင်စဉ်ဖြာလေးတွေ ခုန်ပေါက်ပြေးလွှားသွားနေ သလို ဖြစ်နေမှာပါ။
32MP အရှေ့ကင်မရာပါဝင်တဲ့ V15Pro ဟာ ဈေးကွက်မှာဦးဆောင်နေတဲ့ အရှေ့ကင်မရာတွေ ဖြစ်ကြပြီး ကြည်လင်ပြတ်သားလွန်းတဲ့ ပြိုင်ဘက်ကင်း Selfie ပုံတွေကို ဖမ်းယူပေးပါတယ်။ ဒါ့အပြင် အံ့သြစရာကောင်းလောက်တဲ့ အလှအပပြုပြင်မှု လုပ်ဆောင်ချက်တွေကိုလည်း ထည့်သွင်းပေးထားပြီး အသားအရည်ကို ပိုမိုချောမွတ်သွားအောင် ပြုပြင်နိုင်သလို Portrait Lighting Effect တွေကိုလည်း ဓာတ်ပုံရိုက်နေစဉ်အတွင်း ထည့်သွင်းနိုင်ပါတယ်။
V15 Pro ရဲ့ AI Triple Camera Pro ဟာ အံ့သြလောက်စရာ ကြည်လင်ပြတ်သားမှုတွေနဲ့အတူ အမှောင်ထဲမှာတောင်မှပဲ အသုံးပြုသူရဲ့မြင်ကွင်းတွေဟာ အရင်ကနဲ့ ခြားနားသွားသလိုခံစားရမှာပါ။ V15Pro မှာ 48 Million ရှိတဲ့ Quad Pixel Sensor*၊ 8MP AI အထူးမြင်ကွင်းကျယ်ကင်မရာ၊ 5MP Depth Camera နဲ့ အဆင့်မြှင့်တင်ထားတဲ့ AI Algorithm တွေပေါင်းစပ်ပါဝင်ပါတယ်။ AI Body Shaping ကစလို့ AI Portrait Lighting အထိ သင်အကြိုက်ဆုံး ဓာတ်ပုံဆိုင်ရာ လုပ်ဆောင်ချက်တွေကလည်း ထပ်မံပေါင်းစပ်ပါဝင်တာပါ။
V15Pro ရဲ့ အဓိက ကင်မရာဟာ 1/2.25-inch Sensor နဲ့အတူ ကြီးမားတဲ့ f/1.8 aperture ပါဝင်ပြီး 48 million physical pixel တစ်ခုစီတိုင်းဟာ 0.8μm ကျယ်ပါတယ်။ V15Pro ဟာ ပုံရိပ်တွေရဲ့ သေသပ်ပြတ်သားမှုနဲ့ အရည်အသွေးတွေကို မြှင့်တင်ဖို့အတွက် Pro ဆန်ဆန် “four-in-one pixel” နည်းပညာကို အသုံးပြုထားပြီး အရည်အသွေးမြင့် 12MP ဓာတ်ပုံတွေကို ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး အလင်းအားနည်းတဲ့ ညဘက်ရိုက်ချက်တွေဟာ အရင်ကထက် ပိုမိုပြတ်သားလာ တော့မှာပါ။

Photo Source https://www.facebook.com/vivomobileMM

V15Pro ဟာ Qualcomm Snapdragon 675AIE octa-core processor နဲ့အတူ ပွဲထွက်လာတာဖြစ်ပြီး အဆင့်မြှင့်တင်ထားတဲ့ CPU, GPU တွေနဲ့ ထောက်ပံ့ထားပါတယ်။ စွမ်းအင်အသုံးချမှုနည်းပါးသလို၊ flagship စံနှုန်းနဲ့ ကိုက်ညီတဲ့ စွမ်းဆောင်ရည်ကိုလည်း ပေးဦးမှာပါ။ 6GB RAM နဲ့ 128GB Storage ဟာ ခံစားမှုအတွေ့အကြုံကို မြင့်တက်စေပါဦးမယ်။ ဒါ့ကြောင့် apps အမျိုးမျိုးကို တစ်ပြိုင်နက်အသုံးပြုနိုင်ပြီး ဂိမ်းအကြီးတွေကိုလည်း သက်သောင့် သက်သာ ဆော့နိုင်မှာ ဖြစ်ပါတယ်
သွယ်သွယ်ပေါ့ပေါ့ ကိုယ်ထည်နဲ့အတူ V15Pro ဟာ 3,700 mAh Battery ပါဝင်ပါတယ်။ ဒါ့အပြင် vivo ဖုန်းတွေမှာပဲ ပါဝင်တဲ့ Dual-Engine အမြန်အားသွင်းစနစ်က ၁၅ မိနစ်အတွင်း Battery ပမာဏ 24 ရာခိုင်နှုန်း လောက်ထိ ပြည့်အောင် ဖြည့်ပေးနိုင်ပါတယ်။ ဒါ့အပြင် vivo ရဲ့ AI စနစ်က နောက်ထပ် ဦးဆောင်ခြေလှမ်းတစ်ခုကို စတင်ခဲ့သလိုပါပဲ။ Smart Button နဲ့ Jovi Image Recognizer အပြင် Google Assistant ကိုပါ V15Pro မှာ အသုံးပြုလို့ရပါတယ်။