Covid 19 ကာကွယ်တားဆီးရေးလုပ်ငန်းများအတွက် ဗီယက်နမ်အစိုးရ နှင့် Mytel တို့မှ ငွေကြေးနှင့် ဆက်စပ်ပစ္စည်းများလှူဒါန်း

မြန်မာနိုင်ငံ၏ အကောင်းဆုံး အော်ပရေတာ Mytel သည် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ အစိုးရကိုယ်စားလှယ်များနှင့်အတူ ဆေးသုတေသနဦးစီးဌာနက လုပ်ဆောင်လျှက်ရှိနေသော Covid 19 ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် အသုံးပြုရန် ငွေကြေးနှင့် ဆက်စပ်ပစ္စည်းများ လွှဲအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားကို ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ပြီး အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Ly Quoc Tuan ၊ ဆေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း၊ Mytel ၏ အမှုဆောင်အရာရှိချုပ် Mr.Hoang Trung Thanh၊ The Bank of Investment and Development of Vietnam (BIDV) တို့မှ တာဝန်ရှိသူများ နှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ အကောင်းဆုံးအော်ပရေတာ Mytel သည် ယခုဖြစ်ပွားလျက်ရှိသော အခြေအနေနှင့် ပြည်သူများ၏ စိုးရိမ်ပူပန်နေမှုများကို နားလည်သည့်အတွက် Covid 19 ကပ်ရောဂါကြီးကို တိုက်ထုတ် ရာတွင် အတတ်နိုင်ဆုံး ပါဝင်ကူညီ အားဖြည့်ပေးသွားခြင်းဖြစ်သည်။

Photo Source https://www.facebook.com/mytelmyanmar

“ဒီလိုလှူဒါန်းမှုတွေက အခုလို ကပ်ရောဂါဖြစ်ပွားနေချိန်မှာ ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေးလုပ်ငန်းတွေကို အများကြီး အထောက်အကူဖြစ်စေတဲ့အတွက် ပံ့ပိုးသူတွေနဲ့ကူညီပေးတဲ့သူတွေအတွက်ပါ သူတို့ရဲ့ စေတနာသဒ္ဓါတရား ထက်သန်မှု အတွက် ဝမ်းသာကြည်နူးမိပါတယ်။ ဒါ့အပြင် ဒီနေ့လှူဒါန်းမှုက Covid-19 ကာကွယ်၊ တိုက်ဖျက်၊ ကုသရေးလုပ်ငန်းမှာ ရှေ့တန်းက ပါဝင်နေကြတဲ့ ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အသိပညာရှင် အတတ်ပညာရှင်တွေအတွက် အားတစ်ခုဖြစ်စေ မယ်လို့ ယုံကြည်ပါတယ်။ နောက်နောင်လည်း ဒီလိုမျိုး အဖွဲ့အစည်းတွေက အများအတွက်အကျိုးရှိတဲ့ အစီအစဉ်တွေကို ရှေ့ဆက် ပိုမိုပြုလုပ်နိုင်ဖို့ကိုလည်း မျှော်လင့်ပါတယ်။” ဟု ဆေးသုတေသနဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း က ပြောကြားသည်။
အဆိုပါအခမ်းအနားတွင် ဗီယက်နမ်အစိုးရမှ မြန်မာအစိုးရလုပ်ဆောင်နေသော Covid 19 ကာကွယ်တားဆီးရေးလုပ်ငန်း များအတွက် လှူဒါန်းသော ဒေါ်လာ ၅၀,၀၀၀ နှင့် ဆက်စပ်ပစ္စည်းများ၊ Mytel မှ အလှူငွေ ဒေါ်လာ ၅,၀၀၀ နှင့် နှာခေါင်းစည်း ၃၀,၀၀၀ ခု ၊စုစုပေါင်းတန်ဖိုး ဒေါ်လာ ၂၀,၀၀၀ နှင့် The Bank of Investment and Development of Vietnam (BIDV) လှူဒါန်းသော ၂,၀၀၀,၀၀၀ ကျပ်တို့ကို ဆေးသုတေသနဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း သို့ အသီးသီးလွှဲပြောင်းလှူဒါန်းပေးခဲ့သည်။

Photo Source https://www.facebook.com/mytelmyanmar

“ဒီလှူဒါန်းမှုပွဲမှာ ပါဝင်ရတဲ့အကြောင်းကတော့ အခုလို COVID-19 ဖြစ်ပွားနေတဲ့ ကာလမှာ မြန်မာနိုင်ငံကို တစ်ဖက်တစ်လမ်းက အားပေးကူညီရာလည်း ရောက်ပြီး အခုအချိန်ထိ ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေးကို အရှိန်အဟုန်နဲ့ အောင်အောင်မြင်မြင် လုပ်နေတဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ဆေးသုတေသနဦးစီးဌာနတို့ရဲ့ လုပ်ငန်းတွေကို တတပ်တအား ကူညီပံ့ပိုးပေးချင်လို့လည်း ဖြစ်ပါတယ်။ ပွဲအခမ်းအနားကိုတော့ Mytel ရဲ့ Chief Executive Officer, Mr.Hoang Trung Thanh မှ တတ်ရောက်ခဲ့ပြီး အခုလို ကမ္ဘာလုံးဆိုင်ရာရောဂါကြီးကို မပျံ့နှံ့အောင် နေ့ရောညပါ အားသွန်ခွန်စိုက် အလုပ်လုပ်ပြီး အတတ်နိုင်ဆုံး ကာကွယ်ထိန်းချုပ် ပံ့ပိုးကူညီနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း အထူးပဲကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ Mytel က ဒီမတိုင်ခင်ကတည်းက လူမှုအကျိုးပြုလုပ်ငန်းတွေကို ပြုလုပ်နေခဲ့ပါတယ်။ နောက်နောင်လည်း Mytel မှ အကောင်းဆုံးအော်ပရေတာတစ်ခုအနေနဲ့ပြည်သူတွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဌာနဆိုင်ရာတွေအတွက် တတ်နိုင်တဲ့ဘက်က အကူအညီပေး ထောက်ပံ့သွားဖို့ အစီအစဉ်တွေ လှူဒါန်းမှုတွေကို ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။
Mytel သည် ကပ်ရောဂါဖြစ်ပွားနေသည့် ကာလတွင် သုံးစွဲသူပြည်သူများ အဆင်ပြေစေရန်နှင့် တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးနိုင်ရန် ရည်ရွယ်ပြီး အစီအစဉ်များကို ဖော်ဆောင်လျက်ရှိပါသည်။ Covid 19 စဖြစ်သည့်အချိန်မှစ၍ ငွေကြေးလှူဒါန်းခြင်း၊ ဆေးရုံနှင့် ကျန်းမာရေးဝန်ထမ်းများ အဆင်ပြေစေရန် ခွဲစိတ်ခန်းသုံးမျက်နှာဖုံးနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းများလှူဒါန်းခြင်း၊ သတင်းအချက်လက်များ မျှဝေခြင်း ဖလှယ်ခြင်း စုဆောင်းခြင်း ဆောင်ရွက်နိုင်ရန် အင်တာနက်ဝန်ဆောင်မှုပေးခြင်းများကို ပြုလုပ်ခဲ့သည်။ ထို့အပြင် COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဗဟိုကော်မတီကို SMSမှတဆင့် အလှူငွေများ အလွယ်တကူလှူဒါန်းနိုင် အောင်ပြုလုပ်ပေးခဲ့သည့်အပြင် lock down ကာလအတွင်း သုံးစွဲသူများ အကျိုးရှိပြီး ကုန်ကျမှု သက်သာစေမည့် ပက်ကေ့ချ်များကိုလည်း မိတ်ဆက်ပေးခဲ့ပါသည်။ ထပ်မံ၍ ဒေသအလိုက် ကျန်းမာရေးဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးကူညီဆောင်ရွက်နေသူများ အဆင်ပြေစေရန်အတွက် COVID-19 ကာလတွင်အသုံးပြုနိုင်မည့် SIM Card များထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ Hot Line နံပါတ်များကို အလွယ်တကူခေါ်ဆိုနိုင်အောင် ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ခဲ့သည်သာမက ကျန်းမာရေးဝန်ကြီးဌာန၏ခွင့်ပြုချက်နှင့် ကမ္ဘာ့ကပ်ရောဂါ COVID-19 ဆိုင်ရာသတင်းအချက်အလက်များ ဖော်ပြပေးသည့်ကဏ္ဍကို MyID တွင်ထည့်သွင်းပေးခဲ့ပါတယ်။ ထို့ပြင် သက်ဆိုင်ရာဒေသရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး တစ်နိုင်ငံလုံးတွင် “Safe Markets” အစီအစဉ်လုပ်ဆောင်နိုင်ရန် လိုအပ်သည်ထီးများ လှူဒါန်းခဲ့သည်။

Photo Source https://www.facebook.com/mytelmyanmar

မြန်မာလူမျိုးတို့၏ အကျိုးနှင့် သက်သာစွာ အသုံးပြုနိုင်ရန်အတွက် ရှေ့ပြေးတီထွင်သူ အကောင်းဆုံး အော်ပရေတာ Mytel သည် အထူးသဖြင့် ယခုကဲ့သို့ ခက်ခဲ ကြပ်တည်းသောကာလများတွင် မိမိနိုင်ငံအား အကူအညီဖြစ်စေနိုင်မည့် ဝန်ဆောင်မှုများနှင့် ပိုမိုကောင်းမွန်သောအတွေ့အကြုံများ ပေးနိုင်ရန် ဆက်လက်တီထွင်သွားမည်ဖြစ်ပါသည်။ ထို့အပြင် Mytel သည် ဆန်းသစ်သောတီထွင်မှုများ နှင့် ဝန်ဆောင်မှုများ၏ ဖွံ့ဖြိုးတိုးတက်ရေးအား အထူးအာရုံစိုက်လျှက်ရှိပြီး မြန်မာပြည်သူတို့အတွက် ကောင်းမွန်သောအနာဂတ်ကို ဖန်တီးပေးနိုင်ရန် ဆက်လက်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက https://www.facebook.com/mytelmyanmar နှင့် https://www.mytel.com.mm တွင် ဝင်ရောက်ကြည့်ရှု့နိုင်သည်။