Huawei မှ Operating System အသစ်ဖြစ်သော Harmony OS အား မိတ်ဆက်

၂၀၁၉ ခုနှစ် သြဂုတ်လ ၉ ရက်နေ့တွင် ကျင်းပသည့် Huawei Developer Conference ၌ Huawei သည် microkernel ပေါ်တွင် အခြေခံထားသည့် operating system အသစ်တစ်ခုအား စတင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး အဆိုပါ operating system သည် ထုတ်ကုန်နှင့်အခြေအနေအမျိုးမျိုးတွင် ပြီးပြည့်စုံသောသုံးစွဲသူအတွေ့အကြုံအား ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း လည်းသိရသည်။
“ကျွန်တော်တို့ဟာ အခုဆိုရင် ပြီးပြည့်စုံပြီး အသိဉာဏ်မြင့်မားတဲ့ ထုတ်ကုန်၊ အတွေ့အကြုံတွေကို လိုလားလျှက်ရှိတဲ့ ခေတ်မှာ နေနေရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုလိုမျိုး လိုအပ်ချက်ကို ထောက်ပံ့ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ အနေနဲ့ ပိုမိုအဆင့်မြင့်တဲ့ cross-platform လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ operating system တစ်ခုကို ထုတ်လုပ်ဖို့ လိုအပ်လာတယ်ဆိုတာ သိရှိလာပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဘယ်လို အခြေအနေမျိုးမှာမဆို ထုတ်ကုန် နဲ့ platform အမျိုးမျိုးမှာ သုံးဆွဲလို့ရပြီး သုံးစွဲသူတွေကို နှောင့်နှေးမှု အနည်းဆုံး နဲ့ ခိုင်မာတဲ့ လုံခြုံမှုတွေကို ဖြည့်ဆည်းပေးနိုင်မယ့် OS တစ်ခုကို လိုအပ်လာပါတယ်” ဟု Huawei Consumer Business Group ၏ CEO ဖြစ်သည့် Richard Yu မှ ပြောကြား သည်။

Photo Source – https://commons.wikimedia.org/wiki/File:Huawei_logo_2018.svg

“ဒါက HarmonyOS နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ထားရှိထားတဲ့ ရည်မှန်းချက်ပါ။ HarmonyOS ကဆိုရင် အခြားသော Android နဲ့ iOS တွေနဲ့ သွေဖယ်သွားမှာဖြစ်ပါတယ်။ ၎င်းက microkernel အခြေပြုထားခြင်းဖြစ်ပြီး မည်သည့် အခြေအနေမျိုးမှာမဆို အချောမွေ့ဆုံးသော သုံးစွဲသူ အတွေ့အကြုံကို ပေးအပ်နိုင်မှာဖြစ်ပါတယ်။ ၎င်းမှာ ယုံကြည်စိတ်ချရပြီး လုံခြုံတဲ့ ဗိသုကာ အတတ်ပညာ ပါဝင်တာဖြစ်ပြီး ထုတ်ကုန်အမျိုးမျိုးနဲ့ ချောမွေ့စွာ ပူးပေါင်းမှုကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Developer တွေ အနေနဲ့လည်း ကိုယ်ပိုင် app တွေကို တစ်ခါတည်း ဖန်တီးနိုင်ပြီး အမျိုးမျိုးသော ထုတ်ကုန်တွေ အပေါ်မှာ လွယ်ကူစွာ အသုံးပြုစေနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
HarmonyOS သည် ပေါ့ပါးကျစ်လစ်သည့် operating system တစ်ခုဖြစ်ပြီး အင်အားကြီးမားသည့် လုပ်ဆောင်ချက် များပါဝင်သည်။ ထို့အပြင် smart watches ၊ smart screens ၊ in-vehicle systems နှင့် smart speakers များ ကဲ့သို့သော smart device များတွင် အသုံးပြုနိုင်မည့် ပထမဆုံးသော operating system တစ်ခုလည်းသည်။ ယခုကဲ့သို့သော အကောင်အထည်ဖော်မှုမှစတင်ပြီး ထုတ်ကုန်အမျိုးမျိုးပေါ်တွင် အသုံးပြုနိုင်သည့် ecosystem တစ်ခုအား တည်ထောင်ရန် ရည်ရွယ်ပြီးလုံခြုံစိတ်ချရပြီး အားကိုးရသည့်ပတ်ဝန်းကျင်နှင့် အသိဉာဏ်မြင့်မားသည့် အတွေ့အကြုံများအား မည်သည့်ထုတ် ကုန်များ၌မဆို ဖန်တီးပေးနိုင်ရန် ရည်ရွယ်လျက်ရှိကြောင်းလည်းသိရသည်။
Harmony OS- ထင်ရှားသည့် နည်းပညာပိုင်းဆိုင်ရာ လုပ်ဆောင်ချက် (၄) မျိုးမှာလည်း ချောမွေ့ပြေပြစ်မှု (Seamless)- Distributed architecture ဖြင့်ဖန်တီးထားသည့် ပထမဆုံးသော Device OS ဖြစ်ပြီး ထုတ်ကုန်အမျိုးမျိုးတွင်ချောမွေ့ ပြေပြစ်သည့် အတွေ့အကြုံအား ပေးစွမ်းနိုင်ခြင်း၊ ချောမွေ့မှု (Smooth): Deterministic Latency Engine နှင့် high-performance IPC လုပ်ဆောင်ချက်အား လက်ရှိစနစ်များနှင့်ယှဉ်လျှင် ငါးဆပိုမိုမြန်ဆန်စေခြင်း၊ လုံခြုံစိတ်ချရမှု (Secure) Microkernel Architecture သည် လုံခြုံစိတ်ချရမှုနှင့်ယုံကြည်စိတ်ချမှုအား ပြန်လည်ပုံဖော်ခြင်း၊ ပေါင်းစည်းခြင်း (Unified) Multi-device IDE သည် app များအား တစ်ကြိမ်တည်းဖန်တီးနိုင်စေမည်ဖြစ်ပြီး အခြားသောထုတ်ကုန်များ၌ပါ အသုံးပြုနိုင်စေမည်ဖြစ်ခြင်း တို့ဖြစ်သည်။
Huawei Developer Conference ပြုလုပ်သွားသည့် Developer ညီလာခံတွင် Huawei သည် Harmony OS နှင့် ၎င်း၏ kernel တို့နှင့်ပတ်သက်ပြီး ကြေညာသွားသည်။ HarmonyOS ၁ ဒဿမ ၀ သည် ယခုနှစ်နှောင်းပိုင်းတွင် မိတ်ဆက် သွားမည့် smart screen ထုတ်ကုန်များတွင် ပထမဦးစွာထည့်သွင်းသွားမည်ဖြစ်သည်။ နောက် သုံးနှစ်ခန့်ကြာသည့်အခါ တွင် HarmonyOS သည် အကောင်းဆုံးအနေအထားအဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး smart devices နှင့် wearables များ၊ HUAWEI Vision နှင့် ကားအတွင်းရှိ head unit များ ကဲ့သို့ ပိုမိုကျယ်ပြန့်သည့် ထုတ်ကုန်များတွင်ပါ အသုံးပြုနိုင် သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
“ကျွန်တော်တို့ Harmony OS က ဒီလုပ်ငန်းခွင်ကို ပြန်လည်အားကောင်းလာစေနိုင်ပြီး ဂေဟစနစ်အား ကြွယ်ဝကောင်း မွန်လာစေမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ သုံးစွဲသူတွေကို တကယ့်ကိုကောင်းမွန်ပြီး များပြားတဲ့ အတွေ့အကြုံတွေကို ရရှိစေလိုတာဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ကမ္ဘာတစ်လွှားမှာရှိတဲ့ developer တွေကို ကျွန်တော်တို့နဲ့အတူ လက်တွဲပြီးကော ဒီဂေဟ စနစ်ပိုမို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အားလုံးအတူပူးပေါင်းပြီးတော့ အသိဉာဏ်မြင့်မားတဲ့ အတွေ့အကြုံတွေကို သုံးစွဲသူတွေကို အတူတစ်ကွ ပေးအပ်နိုင်ဖို့ အတူတကွ ကြိုးစားရန် ဖိတ်ခေါ်ချင်ပါတယ်” ဟု ဟု Huawei Consumer Business Group ၏ CEO ဖြစ်သည့် Richard Yu မှ ပြောကြားသည်။
Huawei Consumer BG နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အောက်ပါ Link များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Facebook: https://www.facebook.com/huaweimobile/
Twitter: https://twitter.com/HuaweiMobile
Instagram: https://www.instagram.com/huaweimobile/