HUAWEI မှ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဒုတိယနှင့်တရုတ်ပြည်မကြီးတွင် ဈေးကွက်ဝေစုအများဆုံးရယူထား

IDC မှ ထုတ်ပြန်သောစစ်တမ်းရလဒ်များအရ COVID-19 ဂယက်ရိုက်ချက်က၂၀၂၀ ခုနှစ် ပထမသုံးလပတ်အတွက် စမတ်ဖုန်းဈေးကွက်ကိုအလှုပ်အခတ်များဖြစ်ပေါ်စေခဲ့ပြီး ဈေးကွက်ကိုဦးဆောင်နေတဲ့ စမတ်ဖုန်းထုတ်လုပ်သူများအတွက် စိန်ခေါ်မှုများကိုရင်ဆိုင်ခဲ့ကြရသည်။ သို့သော်လည်း Huawei က Apple ကို ပြန်လည်ကျော်တက်နိုင်ခဲ့ပြီး တစ်ကမ္ဘာလုံး၏ ဈေးကွက်ဝေစု ဒုတိယနေရာကို ပြန်လည်ရောက်ရှိလာခဲ့သည်။
ဈေးကွက်ကိုသုသေတနပြုလုပ်နေကြသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော IDC ၏ စစ်တမ်းထုတ်ချက်တွေအရ ၂၀၂၀ ခုနှစ် ပထမသုံးလပတ် အတွင်းမှာတစ်ကမ္ဘာလုံးတွင် စမတ်ဖုန်းတင်ပို့ရောင်းချရမှု အခြေအနေ ၁၁ ဒဿမ ၇ ရာခိုင်နှုန်း အထိကျဆင်းလာခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်က တစ်ကမ္ဘာလုံးအနှံ့ဖြစ်ပွားနေတာနှင့် အတူအဆိုပါဂယက်က စမတ်ဖုန်း ထုတ်လုပ်တင်ပို့ရောင်းချတဲ့ ကုမ္ပဏီတွေအပေါ်မှာလည်းရိုက်ခတ်မှုတွေရှိခဲ့သည်။
Samsung, Huawei နှင့် Apple တို့သည် တစ်ကမ္ဘာလုံးစမတ်ဖုန်းတင်ပို့ရောင်းချတဲ့ အကြီးဆုံးကုမ္ပဏီ ၃ ခု စာရင်းတွင် အစဉ်လိုက် ဆက်လက်တည်ရှိနေသည်။ IDC ရဲ့ ထုတ်ပြန်မှုအရ ပထမ ၃ လပတ်အတွင်းစမတ်ဖုန်းအလုံးရေ တင်ပို့ရောင်းချရမှုအနေနဲ့ Samsung က ၅၈ ဒဿမ ၃ သန်း၊ HUAWEI က ၄၉ သန်း နှင့် Apple မှ ၃၆ ဒဿမ ၇ သန်း တင်ပို့ရောင်းချခဲ့သည်။ HUAWEI အနေနှင့်လည်း စမတ်ဖုန်းတင်ပို့ရောင်းချရသူစာရင်းတွင် ဒုတိယနေရာကို ပြန်လည်တက် လှမ်းနိုင်ခဲ့သည်။

Photo Source https://www.huawei.com/en/?ic_medium=direct&ic_source=surlent

တစ်ကမ္ဘာလုံးအတိုင်းအတာအရ စမတ်ဖုန်းအလုံးရေတင်ပို့ရောင်းချရမှု အရေအတွက်သည် အကျပိုင်းဘက်ကိုဦးတည်ခဲ့ နေသော်လည်း စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်အလက်တစ်ချို့လည်းထွက်ပေါ်လာခဲ့သေးသည်။ Strategy Analytics ရဲ့ စစ်တမ်းထုတ်ပြန်ချက်အရဆိုလျင် 5G စမတ်ဖုန်းထုတ်လုပ်တင်ပို့ရောင်းချမှုဟာ ၂၄ သန်းအထိတိုးတက်ပြီး တင်ပို့ ရောင်းချခဲ့ရသည်။ ၂၀၁၉ ခုနှစ်ကဆိုလျင် 5G စမတ်ဖုန်းထုတ်လုပ်တင်ပို့ရောင်းချရမှုသည် ၁၈ ဒဿမ ၄ သန်းသာရှိခဲ့ရာမှ ယခုနှစ်မှာ 5G စမတ်ဖုန်းများ၏ တင်ပို့ရောင်းချရမှုပိုမိုတိုးတက်လာခဲ့ခြင်းလည်းဖြစ်သည်။
Huawei နှင့် Samsung သည် 5G စမတ်ဖုန်းထုတ်လုပ်မှုအပိုင်းတွင် ဆက်လက်ဦးဆောင်နေဆဲဖြစ်သည်။ ၂၀၂၀ ပထမသုံးလပတ်အတွင်း HUAWEI မှ 5G စမတ်ဖုန်းအလုံးရေ ၈ သန်းကျော်၊ Samsung မှ အလုံးရေ ၈ ဒဿမ ၃ သန်း ကျော် အသီးသီးထုတ်လုပ်တင်ပို့ရောင်းချနိုင်ခဲ့ပြီး အဆိုပါ ကုမ္ပဏီ ၂ ခုပေါင်း တင်ပို့ရောင်းချရသည့် အရေအတွက်သည် တစ်ကမ္ဘာလုံးဈေးကွက်ဝေစုရဲ့ ၆၈ ရာခိုင်နှုန်းအထိကို ကြီးစိုးထားနိုင်ခဲ့ပြီး Mate30, Mate30 Pro စသော 5G စမတ်ဖုန်းများသည်လည်း အသုံးပြုသူများအကြားမှာရေပန်းစားခဲ့သည်။
၂၀၂၀ ပထမသုံးလပတ် ကုန်ဆုံးခါနီးတွင်လည်း အဆိုပါ ကုမ္ပဏီ ၂ ခုက HUAWEI P40 Series စမတ်ဖုန်းများနဲ့ Samsung S20 Series စမတ်ဖုန်းများကို အသီးသီးမိတ်ဆက်ခဲ့ကြပြီး ဒုတိယသုံးလပတ်အတွက်လည်း 5G စမတ်ဖုန်း ဈေးကွက်ပိုင်းကို ဆက်လက်ကြီးစိုးထားနိုင်မည်ဖြစ်ကြောင်းခန့်မှန်းထားသည်။
တရုတ်ပြည်မကြီး၏ ပြည်တွင်းစမတ်ဖုန်းဈေးကွက်သည်လည်း ကိုရိုနာဗိုင်းရပ်စ်ဂယက်၏ အစောဆုံးရိုက်ခတ်မှုခံခဲ့ရတဲ့ ဒေသတစ်ခုဖြစ်ခဲ့ပြီး ပထမသုံးလပတ်တစ်ခုလုံးတွင် အကျပိုင်းကိုဦးတည်နေခဲ့သည်။ Counterpoint ၏ ထုတ်ပြန်မှု အရ တရုတ်ပြည်မကြီးဈေးကွက်သည် ၂၂ ရာခိုင်နှုန်း အထိကျဆင်းသွားခဲ့ကြောင်း တွက်ချက်ထားခဲ့ပြီး ဝယ်လိုအားနှင့် ထုတ်လုပ်နိုင်စွမ်းအား နှစ်ခုလုံးပါကျဆင်းသွားခဲ့သည်။ အချက်အလက်အားဖြင့် Vivo နှင့် Oppo ဆိုလျင် ၂၇ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်းအထိ offline ဈေးကွက်တွင်ကျဆင်းခဲ့ပြီး Xiaomi ဆိုလျင် ၃၅ ရာခိုင်နှုန်း အထိနှစ်စဉ်တိုင်းတာချက်များအရ ကျဆင်းလာခဲ့ကြောင်းလည်းသိရသည်။
ဈေးကွက်တစ်ခုလုံးကျဆင်းနေသည့် အခြေအနေများတွင် HUAWEI တစ်ခုတည်းသာ တရုတ်ပြည်မကြီးဈေးကွက်တွင် အတက်ပိုင်းပြခဲ့ပြီးအလုံးရေ ၂၈ ဒဿမ ၇ သန်းကျော် ရောင်းချနိုင်ခဲ့သည်။ ပြီးခဲ့သည့် သုံးလပတ်နှင့်နှိုင်းယှဉ်ပါက ၆ ရာခိုင်နှုန်း အထိတိုးတက်ခဲ့ကြောင်း စာရင်းများအရသိရသည်။ Oppo နှင့် Vivo နှစ်ခုပေါင်းရောင်းချရမှု အရေအတွက်ထပ် သာလွန်နေခဲ့ပြီး ကျဆင်းနေသောဈေးကွက်အခြေအနေမှာ တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

Photo Source https://www.huawei.com/en/?ic_medium=direct&ic_source=surlent

မတ်လနှောင်းပိုင်းကာလများတွင် တရုတ်နိုင်ငံအနေနှင့် ရောဂါကူးစက်မှုကိုထိန်းချုပ်လာနိုင်သည့် အခြေအနေကို ရောက်ရှိ လာခဲ့သည့်နည်းတူ ထုတ်လုပ်မှုအပိုင်းတွင် ပုံမှန်စတင်လည်ပတ်လာနိုင်သည်နှင့်အမျှ တရုတ်ပြည်မကြီး Smartphone ဈေးကွက်လည်း ပုံမှန်အနေအထားသို့ တဖြည်းဖြည်းပြန်လည်ရောက်ရှိလာခဲ့သည်။ HUAWEI အနေနှင့်လည်း Mate 30 Series များနှင့် Nova Series များကဲ့သို့သော ထုတ်ကုန်အရည်အသွေးလည်းကောင်းမွန်ပြီး 5G နည်းပညာများပါဝင်သည့် အခြေအနေအမျိုးမျိုးပေါ်တွင် ကောင်းမွန်စွာလုပ်ဆောင်နိုင်သည့် ဖုန်းများကိုထုတ်လုပ်တင်ပို့ ရောင်းချနိုင်မှုများကလည်း သုံးစွဲသူများအတွက် ပိုမိုဦးစားပေးရွေးချယ်ချင်စရာအချက်များဖြစ်လာခဲ့ပြီး မတ်လအကုန်ပိုင်းတွင် ဈေးကွက်ဝေစု ၄၃ ရာခိုင်နှုန်းဖြင့် တရုတ်ပြည်မကြီးဈေးကွက်ဝေစု၏ နံပါတ် ၁ နေရာကိုရယူလာနိုင်ခဲ့ခြင်းဖြစ်သည်။
ဈေးကွက်တစ်ခုလုံး မတည်မငြိမ်ဖြစ်နေသည့်အနေအထားတွင် Huawei အနေနှင့် ယိုင်နဲ့သွားခြင်းမရှိဘဲ လုပ်ဆောင်နိုင်စွမ်း ကို ပိုမိုတိုးတက်အောင်ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် ရလဒ်ကောင်းများကိုရရှိလာခဲ့ခြင်းလည်းဖြစ်သည်။ ဧပြီလ ၂၇ ရက်နေ့တွင် Huawei China ၏ microblog တစ်ခုမှ ဘဲလေးအကမယ်များ “Swan Lake” အကကို နှာခေါင်းစည်းများ တပ်ဆင်ပြီး အကတိုက်လေ့ကျင့်နေသည့် ဗီဒီယိုတစ်ခုကိုတင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာကပ်ဘေးကြီးကိုကျော်လွန်နိုင်သည့် အခါတွင် ကပြ ဖျော်ဖြေတင်ဆက်နိုင်ရန် လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်းသိရသည်။
“အဘဲလေးအကရဲ့ အဓိကအနှစ်သာရတစ်ခုဖြစ်တဲ့ ကိုယ်တိုင်တည်ဆောက်ယူရတဲ့ကြံခိုင်မှုရဲ့ လှပတဲ့ရလဒ်ကိုဒီဗီဒီယိုမှာ မြင်တွေ့နိုင်ပါတယ်။ အတွေ့အကြုံများစွာရှိနေတဲ့လုပ်ငန်းစုကြီးတွေအတွက်ကတော့ဒီလိုကပ်ဘေးအခက်အခဲမျိုးဟာ ဖြစ်တတ်တဲ့စိန်ခေါ်မှုတစ်ရပ်အနေနဲ့ပဲရူမြင်သုံးသပ်ပါတယ်။ ပြင်ပဂယက်ရိုက်ခတ်မှုကဘယ်လိုပဲရှိနေပါစေ ကိုယ့်ကိုယ်ကို စဉ်ဆက်မပြတ်တိုးတက်အောင်ကြိုးစားမှုကသာ အဓိကအခရာပါပဲ။ အမွှေးပျံ့ဆုံးဇီးပန်းရဲ့ရနံ့ဟာ အေးခဲကြမ်းတမ်းနေတဲ့ ရာသီဥတုကိုကျော်ဖြတ်ပြီးမှသာရနိုင်တယ်ဆိုတဲ့သာဓကဟာ Huawei ရဲ့စိတ်ထားခံယူချက် ပဲဖြစ်ပါတယ်” ဟု HUAWEI ကိုတည်ထောင်ခဲ့သည့် CEO ဖြစ်သူ Ren Zhenfei မှပြောကြားသည်။
HUAWEI အနေနှင့် အသုံးပြုသူတွေအတွက် အကောင်းဆုံးသောအတွေ့အကြုံများကို ပေးစွမ်းနိုင်ဖို့ သုတေသနနှင့်ဖွံဖြိုး ရေး (R&D) နှင့် ဆန်းသစ်တီထွင်ဖန်တီးမှုများအတွက် အလုံးအရင်းဖြင့် တစိုက်မတ်မတ် ရင်းနှီးမြှပ်နှံမှုများကို လုပ်ဆောင်လာခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီဖြစ်ပြီး ၂၀၁၉ ခုနှစ်တစ်နှစ်တည်းမှာပင် တရုတ်ယွမ်ငွေ ၁၃၁ ဒဿမ ၈ ဘီလီယျံအထိ ထပ်မံရင်းနှီးမြှုပ်နှံခဲ့သည်။ အဆိုပါ အတိုင်းအတာသည် Samsung နှင့် Apple တို့၏ သုတေသနပိုင်းနှင့်ဖွံဖြိုး မှုပိုင်းအတွက် ရင်းနှီးမြုပ်နှံမှုများ ထပ်များပြားကြောင်းလည်းသိရသည်။
HUAWEI ၏ ကိုယ်ပိုင်နည်းပညာဖြင့် ထုတ်လုပ်ဖန်တီးထားတဲ့ 5G SoC (chipset) များသည်လည်း စွမ်းဆောင်ရည်ပိုင်းတွင် ထူးချွန်ကောင်းမွန်ပြီးစွမ်းအင်သုံးစွဲမှုပိုင်းကို နည်းပါးစေပါသည်။ EMUI operating system ပိုင်းမှာလည်း ချိတ်ဆက်မှုအပိုင်းတွင် ကောင်းမွန်ချောမွေ့စေပြီး အနေအထားမျိုးစုံမှာအဆင်ပြေစေတဲ့ all-scenario smart ecosystem ပိုင်းမှာလည်း ပိုမိုအားကောင်းလာခဲ့သည်။ HUAWEI AppGallery ကိုလည်း Mate30 Series များနှင့် P40 Series များနှင့်အတူတ စ်ကမ္ဘာလုံးကိုမိတ်ဆက်ခဲ့ပြီး ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများ ပေးစွမ်းနိုင်ရန်လည်း တစိုက်မတ်မတ်အားစိုက်နေကြောင်းသိရသည်။ ယခုနှစ်အတွင်းတွင်လည်း HUAWEI ၏ သုတေသနနှင့်ဖွံဖြိုးရေး (R&D) အတွက် ရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ဒေါ်လာ ၅ ဒဿမ ၈ ဘီလီယျံမှ ၂၀ ဘီလီယျံအထိရင်းနှီးမြုပ်နှံသွား မည်ဟု ခန့်မှန်းထားသည်။
အမှန်အားဖြင့် သုတေသနနှင့်ဖွံဖြိုးရေး (R&D) လုပ်ငန်းများသည် စီးပွားရေးတိုးတက်မှုအတွက် အသက်တမျှ အရေးကြီး သော မောင်းနှင်စွမ်းအားတစ်ခုဖြစ်သည်။ HUAWEI ၏ ၂၀၂၀ ခုနှစ် ပထမသုံးလပတ်ရလဒ်များကို ဖော်ဆောင်ရာတွင် စမတ်ဖုန်းအပြင် “1+8+N” all-scenario strategy တွင် ပါဝင်သော တစ်ကိုယ်ရည်သုံးကွန်ပြူတာများ၊ Tablets များ၊ Wearables (ဝတ်ဆင်နိုင်သောစမတ်အသုံးအဆောင်များ) နှင့် စပီကာ အစရှိတဲ့ ပစ္စည်းများပါ ပါဝင်လာခဲ့သည်။ Wearables (ဝတ်ဆင်နိုင်သောစမတ်အသုံးအဆောင်များ) ရောင်းချရမှုမှာ ယမန်နှစ်ကထက် ၇၅ ရာခိုငနှုန်း အထိတိုးတက်လာခဲ့ပြီး တစ်ကိုယ်ရည်သုံးကွန်ပြူတာများ (PC) ရောင်းချရမှုဟာ ၁၁၀ ရာခိုင်နှုန်းနှင့် TWS (audio ပစ္စည်းများ) ရောင်းချရမှုမှာ ယမန်နှစ်ကထပ် ၁၅၀ ရာခိုင်နှုန်း အထိမြင့်တက်လာခဲ့သည်။
“all-scenario strategy ကို တစ်စိုက်မတ်မတ်လက်တွေ့အသုံးချမှုအပိုင်းမှာ ပိုမိုအသုံးတည့်လာအောင် ပြင်ဆင်လာမှုက HUAWEI ရဲ့ အရောင်းပိုင်းမြင့်တက်လာမှုရဲ့အကြောင်းရင်းတစ်ခုဖြစ်လာသလို HUAWEI အနေနဲ့လည်း ခေတ်ရေစီး ကြောင်းအလိုက် ပြောင်းလဲလာတဲ့အသုံးပြုသူတွေရဲ့လိုအပ်ချက်တွေကို ကြိုတင်မှန်းဆတွက်ချက်ပြီး ပြင်ဆင်နိုင်ခဲ့လို့ပဲဖြစ် ပါတယ်”ဟုပြောကြားခဲ့သည်။
တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကပ်ရောဂါဘေးကြောင့် စမတ်ဖုန်းထုတ်လုပ်သူများအတွက် ဂယက်ဆိုးရိုက်ခတ်ခံခဲ့ရ သော်လည်း HUAWEI အနေနှင့် ယခင်ကာလကတည်းကသုတေသနနှင့်ဖွံဖြိုးရေးလုပ်ငန်းများတွင် စဉ်ဆက်မပြတ်အားစိုက် ပြီး အသုံးပြုသူများလိုအပ်ချက်နှင့် ကိုက်ညီမည့် ကုန်ပစ္စည်းများကိုထုတ်လုပ်ရောင်းချနိုင်မှု၊ ရေရှည်အတွက်အကျိုးများ စေမည့် all-scenario smart ecosystem ကိုအာရုံစိုက်လာခဲ့မှုနှင့် အချိန်တိုအတွင်းအရှိန်ရလာခဲ့သည့် HUAWEI AppGallery ကိုပိုမိုတိုးတက်ကောင်းမွန်လာအောင်လုပ်ဆောင်နိုင်ခဲ့ခြင်း စသည်တို့ကြောင့် လျင်မြန်စွာအရှိန်ပြန်လည် ရရှိလာခဲ့ပြီး ရလဒ်ကောင်းများရရှိခဲ့ခြင်းဖြစ်သည်။