Huawei မှ AI processor ဖြစ်သည့် Ascend 910 နှင့် AI computing framework ဖြစ်သည့် MindSpore တို့ကို မိတ်ဆက်

Huawei က ကမ္ဘာ့စွမ်းဆောင်ရည်အမြင့်မားဆုံး AI processor ဖြစ်သည့် Ascend 910 နှင့် အခြေအနေတိုင်းအတွက် လုပ်ငန်းဆောင်ရွက်ပေးနိုင်သော AI computing framework ဖြစ်သည့် MindSpore တို့ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ် ကြောင်းသိရသည်။
“ကျွန်တော်တို့ရဲ့ AI မဟာဗျူဟာကို မိတ်ဆက်ပေးခဲ့တဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာကတည်းက ဖြေးဖြေးမှန်မှန်တိုးတက် လာခဲ့တာပါ။ သုတေသနလုပ်တဲ့အဆင့်ကနေ ထုတ်ကုန်ကို မိတ်ဆက်ပေးတဲ့အထိ အားလုံးကကျွန်တော်တို့စီစဉ်ခဲ့သလိုပဲ အစီအစဉ်တကျဖြစ်လာတယ်။ ကျွန်တော်တို့က အလုံးစုံပါဝင်ပြီး အခြေအနေအားလုံးအတွက် အသုံးပြုနိုင်တဲ့ AI နည်းပညာ တစ်ခုကို ဖန်တီးပေးမယ်လို့ ကတိပေးခဲ့တာနဲ့ အညီ Ascend 910 နဲ့ MindSpore တို့ကို ဒီနေ့ အများပြည်သူရှေ့ကို ဆောင်ယူလာခဲ့ပါပြီ။ ဒီလို မိတ်ဆက် ပေးနိုင်မှုက Huawei ရဲ့ AI မဟာဗျူဟာမှာ ခြေလှမ်းသစ်တစ်ခု လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်” ဟု Huawei ၏ အလှည့်ကျ ဥက္ကဌဖြစ်သူ Eric Xu က ပြောကြားခဲ့သည်။

Photo Source – https://www.huawei.com/mm/

Ascend 910 သည် Huawei ၏ Ascend-Max chipsets များ စီးရီးတွင် ပါဝင်သည့် AI processor သစ် တစ်ခုဖြစ်သည်။ အဆိုပါ processor ၏ အသေးစိတ်အချက်အလက်များကို Huawei က၂၀၁၈ခုနှစ်တွင် ကျင်းပခဲ့သော ၎င်း၏နောက်ဆုံး ပေါ်နည်းပညာပြပွဲဖြစ်သည့် Huawei Connect တွင် ထုတ်ဖော်ကြေညာခဲ့ပြီးဖြစ်သည်။ တစ်နှစ်တာအတွင်း တိုးတက် ဖွံ့ဖြိုးမှုများ ဆက်လက်ဆောင်ရွက်ပြီးနောက်တွင် Ascend 91 processor သည် မူလမျှော်မှန်းထားသည်ထက် ပိုမိုနည်းပါး သည့် စွမ်းအင်ကိုအသုံးပြုရုံဖြင့် ၎င်း၏ မျှော်မှန်းစွမ်းဆောင်ရည်ကို ပြည့်မီနိုင်ခဲ့ပြီဖြစ်ကြောင်း စမ်းသပ်မှုရလဒ်များ ပြသနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။
“Ascend 910 က ကျွန်တော်တို့မျှော်လင့်ထားတာထက် အများကြီးပိုပြီး စွမ်းဆောင်ရည်မြင့်ပါတယ်။ Ascend 910 က ကမ္ဘာ ပေါ်မှာရှိတဲ့ AI Processor တိုင်းထက် တွက်ချက်မှုစွမ်းရည်ပိုပြီးမြင့်မယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး”ဟု Xu ကပြော ကြားသည်။
Ascend 910 ကို AI ပုံစံငယ်များအား လေ့ကျင့်သင်ကြားရာတွင် အသုံးပြုသည်။ ResNet-50 ကို အခြေခံထားသည့်ပုံမှန် လေ့ကျင့်သင်ကြားခြင်းတစ်ခုတွင် Ascend 910 နှင့် MindSpore တို့ကိုပေါင်းစပ်အသုံးပြုခြင်းသည် လက်ရှိ RensorFlow ကို အသုံးပြုထားသော လေ့ကျင့်သင်ကြားမှုကဒ်များဖြင့် သင်ကြားသည်ထက် နှစ်ဆပိုမိုမြန်ဆန်မည်ဖြစ်ကြောင်းလည်းသိရ သည်။
Huawei မှပိုမိုများပြားပြီး ကုန်ကျစရိတ်သက်သာကာ edge computing၊ မောင်းသူမဲ့နည်းစနစ်အတွက် ယာဉ်ပေါ်ရှိ တွက် ချက်ခြင်းများဆောင်ရွက်ခြင်းနှင့်လေ့ကျင့်သင်ကြားခြင်းများလုပ်ဆောင်ရာတွင် လွယ်ကူစွာပြောင်းလဲအသုံးပြုနိုင်သော တွက် ချက်မှုစွမ်းရည်များကို ပေးစွမ်းနိုင်သည့် AI Processors များထုတ်လုပ်ခြင်းအတွက် ဆက်လက်ရင်းနှီးမြုပ်နှံသွားမည်ဖြစ် သည်။
MindSpore AI Famework သည် စက်ပစ္စည်းအမျိုးအစားအားလုံး၊ edge အားလုံး၊ cloud ပုံစံအားလုံးအပါအဝင် အခြေအ နေတိုင်းအတွက် သင့်လျှော်အောင် ထိန်းညှိဆောင်ရွက်ပေးနိုင်ပြီး ၎င်းတို့ကြားတွင်လိုအပ်သလို ပေါင်းစည်းမှုများကိုဆောင် ရွက်ပေးသည်။ ၎င်း၏ AI Algorithm As Code ဒီဇိုင်းအယူအဆက Developer များကို အဆင့်မြင့် AI Application များအား လွယ်ကူစွာတီထွင်နိုင်စေရန်နှင့် ၎င်းတို့၏ ပုံစံများကို မြန်ဆန်စွာလေ့ကျင့်သင်ကြားပေးနိုင်ရန် ကူညီပေးသည်။
သဘာဝအတိုင်းဘသာစကားကို လေ့လာကာလုပ်ငန်းဆောင်ရွက်သည့်ကိစ္စရပ် (Natural Language Processing, NLP) အတွက် အသုံးပြုသည့် ပုံမှန်ကွန်ယက်တစ်ခုတွင် MindSpore က ဈေးကွက်ကို ဦးဆောင်နေသည့် အခြားသော framework ထက် ၂၀ ရာခိုင်နှုန်း ပိုမိုနည်းပါးသည့် အဓိကကုတ်လိုင်းအရေအတွက်ကိုသာ အသုံးပြုသဖြင့် ၎င်းတို့၏စွမ်း ဆောင်ရည်များကို အနည်းဆုံး ၅၀ ရာခိုင်နှုန်းအထိ မြှင့်တင်နိုင်ကြရန် Developer များကို ကူညီပေးသည်။
Huawei မှ ပိုမိုဆန်းသစ်သည့် AI ထုတ်ကုန်များကို လာမည့်စက်တင်ဘာ ၁၈ ရက်မှ ၂၀ ရက်နေ့အတွင်း ရှန်ဟိုင်းတွင် ကျင်းပသွားမည့် ဆွေးနွေးပွဲဖြစ်သော Huawei Connect 2019 တွင် ထပ်မံထုတ်ဖော်မိတ်ဆက်ပေးသွားဦးမည်ဖြစ်ကြောင်း သိရသည်။