မြန်မာနိုင်ငံလုံးဆိုင်ရာ Cloud နှင့် AI နည်းပညာပြိုင်ပွဲမှ အနိုင်ရရှိသူများအား ဆုချီးမြှင့်

Huawei ကုမ္ပဏီ၏ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံပါမောက္ခချုပ်များကော်မတီ၊ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ သု တေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့် မြန်မာကွန်ပျူတာအသင်းချုပ်တို့မှပူးပေါင်းစီစဉ်ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင် ရာ Cloud နှင့် AI နည်းပညာပြိုင်ပွဲ၏ အနိုင်ရရှိသူရွေးချယ်ခြင်းနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ MICT ခန်းမတွင် စက်တင်ဘာလ (၇) ရက်နေ့၌ ကျင်းပပြုလုပ်သွားခဲ့ကြောင်းသိရသည်။
အဆိုပါပွဲတွင် မြန်မာနိုင်ငံအဝှမ်းရှိ ကွန်ပျူတာတက္ကသိုလ်များနှင့်နည်းပညာတက္ကသိုလ်များမှ လာရောက်ယှဉ်ပြိုင်ကာ ရွေး ချယ်ခံခဲ့ရသည့် ဆန်ခါတင်ထိပ်တန်း (၁၁)သင်းမှ ကဏ္ဍအမျိုးမျိုးအတွက် ဖန်တီးရေးသားထားသည့် solution များကို အကဲဖြတ်ဒိုင်လူကြီးများ၊ ဧည့်သည်တော်များနှင့် သတင်းမီဒီယာစာနယ်ဇင်းများရှေ့မှောက်တွင် ရှင်းလင်းတင်ပြသွားခဲ့ခြင်း လည်းဖြစ်သည်။

Photo Source – https://www.huawei.com/mm/

ဘွဲ့လွန်အသင်းအုပ်စုအနေဖြင့်အနိုင်ရရှိသူများမှာ ပထမဆုTeam DataJook၊ ဒုတိယဆု Team Spirit၊ တတိယဆု Team Binary၊Team TNC Stars၊Team Taohm_Thu တို့ဖြစ်ပြီး ဘွဲ့ကြိုအသင်းအုပ်စုအနေဖြင့်အနိုင်ရရှိသူများမှာ ပထမဆု Team UCS (Taungoo)၊ ဒုတိယဆု Team YCSM၊ Team UCSY_Virus နှင့် တတိယဆု Team SKL၊ Team Travel၊ Team Info တို့ဖြစ်ကြောင်းသိရသည်။
ယခုအနိုင်ရရှိသည့်အသင်းများကိုလည်း နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုနှင့်အမြော်အမြင်ရှိမှု၊ ကိုယ်ပိုင်အတွေးအခေါ် အယူအဆ၊ solution ၏ဆင့်ကဲတိုးတက်နိုင်မှု၊ လုပ်ငန်းပိုင်းဆိုင်ရာအမြင်ရှိမှု၊ စီးပွားရေးဆိုင်ရာတွေးခေါ်နိုင်မှု၊ နှစ်ဦးနှစ် ဖက်အကျိုးပြုနိုင်သောဒီဇိုင်းပုံစံနှင့်တီထွင်ကြံဆမှုဟန်ပန် အစရှိသော အသေးစိတ်ကျသည့် စံချိန်စံညွှန်းများအပေါ် မူတည် ဆုံးဖြတ်ကာ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင်အသုံးပြုခဲ့သည့် Cloud နှင့် AI နည်းပညာအားလုံးကို ကမ္ဘာ့ဦးဆောင် Huawei Cloud Platform က ထောက်ပံ့ပေးထားခြင်းဖြစ်ကြောင်းလည်းသိရသည်။
အနိုင်ရရှိသော ပြိုင်ပွဲဝင်အသင်းများအနေဖြင့်လည်း Huawei တွင် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်မည့်အခွင့်အ ရေး၊ Huawei ထုတ်ကုန်များ၊ Huawei Certificate voucher များနှင့်ပညာရေးဝန်ကြီဌာန၏ဂုဏ်ပြုလက်မှတ်များကို မတူညီသည့်ဆုအမျိုးအစားများအတွက် အသီးသီး ချီးမြှင့်ပေးခဲ့ကြကြောင်းသိရသည်။

Photo Source – https://www.huawei.com/mm/

“ဒီနေ့ပြိုင်ပွဲဝင်သွားတဲ့ ခေါင်းစဉ် တွေရော၊ သုံးသွားတဲ့နည်းပညာတွေရောက Cloud နဲ့ AI ကို အသုံးပြုပြီး မြန်မာနိုင်ငံ အတွက် အသုံးဝင်တဲ့နည်းပညာတွေကို ဖော်ထုတ်ပေးနိုင်တာကို မြင်ရတာတကယ်ဝမ်းသာတယ်။ စိတ်လှုပ်ရှားတယ်၊ ဂုဏ်လည်းယူပါတယ်။ ကျွန်တော်တို့ ကျောင်းသားလေးတွေဟာ အခွင့်အရေးရရင်ရသလောက် အစွမ်းပြနိုင်တဲ့ကလေးတွေ ဖြစ်တယ်ဆိုတာကို တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးကို သိစေချင်ပါတယ်။ ဒီလိုပြခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်တယ်။ ဒီလိုပွဲတွေကို ဆက်ပြီးဆောင်ရွက်သွားဖို့လိုအပ်သလိုပဲ ဒီပြိုင်ပွဲကနေ ထွက်ပေါ်လာတဲ့ အရည်အချင်းရှိ ကျောင်းသား၊ ကျောင်းသူတွေအတွက်လည်း နောက်ထပ်အစီအစဉ်တွေ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်” ဟု မြန်မာနိုင်ငံပါမောက္ခ ချုပ်များကော်မတီ၏ ဥက္ကဌ ဒေါက်တာဇော်ဝေစိုးမှလည်း ပြောကြားသည်။
“အနိုင်ရရှိသွားတဲ့ အသင်းအားလုံးအတွက်လည်း ဂုဏ်ယူပါတယ်။ ဒီကျောင်းသားတွေဟာ အနာဂတ်မြန်မာ ICT နယ်ပယ်ရဲ့ အခြေအနေကို ဒီထက်ပိုပြီး မြှင့်တင်ပေးနိုင်တဲ့ ICT ပညာရှင်တွေ ဖြစ်လာဖို့မျှော်လင့်မိပါတယ်။

Photo Source – https://www.huawei.com/mm/

အသိဉာဏ်အမြင့် မားဆုံးဖြစ်တဲ့ HUAWEI CLOUD က အလုံးစုံပါဝင်ပြီး အခြေအနေတိုင်းအတွက် အသုံးပြုနိုင်တဲ့ AI solution တွေကို ထောက်ပံ့ပေးပါတယ်။ Stanford University ရဲ့ တရားဝင်အပြည်ပြည်ဆိုင်ရာစံသတ်မှတ်ချက် platform အရ end-to-end deep-learning model training တွေနဲ့ ဆင်ခြင်ဆောင်ရွက်နိုင်စွမ်းတွေကို တိုင်းတာရာမှာ Huawei Cloud EI ModelArts development platform က သူရဲ့ ပုံရိပ်သိမှတ်နိုင်စွမ်းကြောင့် ကမ္ဘာ့နံပါတ်တစ်နေရာကို ရရှိထားပါတယ်။ HUAWEI CLOUD က cloud ဂေဟစနစ်ကို ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ပေးမယ်လို့ ကတိကဝတ်ပြုထားပြီးတော့ မိတ်ဖက် ပေါင်း (၆၀၀၀) ကျော်၊ အင်တာနက်ပေါ်ကနေအသုံးပြုနိုင်တဲ့ ထုတ်ကုန်ပေါင်း (၂၈၀၀) ကျော်နဲ့ အသုံးပြုသူတွေရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို လမ်းညွှန်ကူညီပေးနေပါတယ်။ မြန်မာနိုင်ငံအပါအဝင် အခြားသောနိုင်ငံပေါင်း ၁၇၀ မှာ ဖြန့်ကျက်ထားတဲ့ HUAWEI CLOUD ကို အသုံးပြုသူတွေအတွက် နယ်မြေခံအဖွဲ့ဖြစ်တဲ့ Huawei Myanmar ရဲ့ အကူအညီနဲ့ အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုတွေနဲ့ အထောက်အပံ့တွေ ပေးအပ်နေပါတယ်။ လက်ရှိ HUAWEI CLOUD ကို ကမ္ဘာတဝှမ်းက ဒေသပေါင်း ၂၃ ခုရဲ့ ဇုန်ပေါင်း ၄၀ လောက်မှာ အသုံးပြုနိုင်ပြီး တစ်ကမ္ဘာလုံးက သုံးစွဲသူတွေအတွက် တူညီတဲ့ platform ပေါ်ကနေ ဝန်ဆောင်မှုပေးနေပါတယ်” ဟု Huawei Myamar ၏ CEO ဖြစ်သူ Mr. Ding Zhaoyi က ပြောကြားသည်။
Myanmar National Cloud & AI ပြိုင်ပွဲ၏ အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိလိုပါက အောက်ပါ Link များတွင် ဝင်ရောက်ကြည်ရှုနိုင်ပါသည်။
https://www.facebook.com/huaweitechmm
https://intl.huaweicloud.com

https://www.huawei.com/mm/