ဈေးကွက်တွင်းရောင်းအားကောင်းနေတဲ့ Huawei MateBook D15 အကြောင်း

Huawei ရဲ့ထုတ်ကုန်တွေထဲမှာ Huawei MateBook D15 ကလည်း လက်ရှိဈေးကွက်ထဲမှာရောင်းအားကောင်းနေဆဲဖြစ်ပါ တယ်။ 5.3 mm သာရှိသော ဘေးဘောင်နှင့် ၈၇ ရာခိုင်နှုန်းရှိသော မျက်နှာပြင်အချိုးအစားတို့ဖြင့်ဖွဲ့စည်းထားသော 15.6 inches မြင်ကွင်းကျယ်မျက်နှာပြင်တို့က လုပ်ငန်းသုံးဖြစ်ဖြစ်၊ ဖျော်ဖြေရေးအတွက်ဖြစ်ဖြစ် အကောင်းဆုံးနဲ့ အသင့်တော် ဆုံးဖြစ် နေစေမှာပါ။
1.53 kg အလေးချိန်၊ 16.9 mm အထူရှိသော သတ္တုကိုယ်ထည်နဲ့ ထုတ်လုပ်ထားတာကြောင့် ပါးလွှာပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူတာကြောင့် ဘယ်နေရာရောက်ရောက် မြင်ကွင်းကျယ်ခံစားချက်ကို ရရှိနိုင်မှာပါ။ HUAWEI MateBook D 15 မှာ အကောင်းဆုံးစွမ်းဆောင်ရည်ပေးနိုင်မယ့် AMD Ryzen 5 3500U processor ကို အသုံးပြုထားပြီး 16GB ရှိသည့် DDR4 RAM ကို မြန်နှုန်းမြင့် PCIe SSD3 ဖြင့် တွဲဖက်ပေးထားပါတယ်။ Radeon Vega 8 Graphics ကို အသုံးပြုထားသောကြောင့် တစ်နေ့တာလုပ်ငန်းသုံး သို့မဟုတ် ဖျော်ဖြေရေးအတွက်တို့ကို အကောင်းမွန်ဆုံးရုပ် ထွက်ပေးစွမ်းနိုင်ပါတယ်။
အသုံးပြုသူရဲ့ စမတ်ဖုန်းနဲ့ HUAWEI MateBook ကို တစ်ချက်ထိရုံဖြင့် အင်တာနက်မလိုဘဲ Super Device တစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ အသုံးပြုသူရဲ့ ဖုန်းမျက်နှာပြင်က Laptop တွင်ပေါ်နေမှာဖြစ်ပြီး Keyboard နှင့် Mouse တစ်ခု တည်းကို အသုံးပြုပြီး လုပ်ဖော်ကိုက်ဖက်များကို ဆက်သွယ်ရင်း လိုအပ်သည့် Files များကို အလွယ်တကူ ကူးယူပြင်ဆင်နိုင်ပါတယ်။ ထိုသို့ cross-device အသုံးပြုနိုင်ခြင်းက ကိုယ့်နေ့စဉ်ဘဝလုပ်ဆောင်ချက်တွေကို ပိုမိုလွယ်ကူ စေပါတယ်။

Photo Source https://consumer.huawei.com/mm/

HUAWEI MateBook D 15 မှာပါဝင်တဲ့ 65 W USB-C charger5 က သေးငယ်ပြီး သယ်ဆောင်ရလွယ်ကူသည့်အပြင် မိနစ် ၃၀ သွင်းရုံနဲ့ 53 ရာခိုင်နှုန်း အားပြည့်စေပါတယ်။ ဒါ့အပြင် fast charging ပါဝင်ပြီး ဖုန်းအတွက်ပါအသုံးပြုနိုင်ပြီး Data ကူးပြောင်းတာပါ ဆောင်ရွယ်နိုင်ပါတယ်။
HUAWEI MateBook D 15 မှာ စွမ်းအားပြည့်၊မြန်နှုန်းမြင့်လုပ်ဆောင်နိုင်ရန် Hard Drive slots နှစ်ခုပါဝင်ထည့်သွင်းထားပြီး တုံ့ပြန်မှုမြန်ဆန်တဲ့ SSD ကို HDD နဲ့တွဲဖက်အသုံးပြုထားတာကြောင့် လုပ်ငန်းအတွက်ဖြစ်ဖြစ်၊ ဖျော်ဖြေရေးအတွက်ဖြစ်ဖြစ် ဘယ်လိုလုပ်ဆောင်ချက်မျိုးကိုမဆို အလွယ်တကူဆောင်ရွက်နိုင်ပါတယ်။ တစ်ချက်လေးနှိပ်လိုက်ရုံနဲ့ လုံခြုံစွာ အဖွင့်အပိတ် လုပ်နိုင်ရန် HUAWEI MateBook D 15 မှာ Built-in Fingerprint reader ပါဝင်ပါတယ်။
TÜV Rheinland အသိအမှတ်ပြုထားတဲ့မျက်နှာပြင်က မျက်စိအားနည်းစေသာ အပြာရောင်အလင်းတန်းကိုလျော့ချ ပေးတာကြောင့် HUAWEI MateBook D 15 ရဲ့ မြင်ကွင်းကျယ်မျက်နှာပြင်ကို အပြည့်အဝခံစားနိုင်ပါတယ်။
ဆန်းသစ်သောတီထွင်မှုနဲ့ recessed camera က keyboard အထဲမှာပါရှိနေပြီး လိုအပ်တဲ့အချိန်မှ တစ်ချက်နှိပ်လိုက်မှသာ အပေါ်ကိုထွက်လာမှာဖြစ်ပါတယ်။ မလိုအပ်တဲ့အချိန်မှာ ပြန်ထည့်ထားနိုင်တာကြောင့် လုံခြုံရေးချိုးဖောက်ခံရမှုတွေကို ကြိုတင်ကာကွယ်နိုင်ပါတယ်။ HUAWEI MateBook D 15 မှာ အခြေအနေအမျိုးမျိုးအတွက် အသုံးပြုနိုင်အောင် လိုအပ်သည့် ports တွေကို ထည့်သွင်းပေးထားတာကြောင့် သင့်ရဲ့ကြားခံပစ္စည်းတွေကို သယ်နေစရာမလိုတော့ပါဘူး။