ဆန်းသစ်သော နည်းပညာများဖြင့် ထွက်ရှိလာခဲ့တဲ့ HUAWEI WATCH 3 အကြောင်း

ဆန်းသစ်တဲံနည်းပညာများနဲ့ထွက်ရှိလာတဲ့ Huawei Watch 3 ဟာ ဈေးကွက်ထဲမှာ ရေပန်းစားတဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါ တယ်။1.34-inch AMOLED display နှင့် smartwatch ဒီဇိုင်းက လှပသောအနာဂတ်တစ်ခုကဲ့သို့ မျက်စိရှေ့မှာလှပနေပြီး အဝိုင်းပုံစံမျက်နှာပြင်နှင့်အနားသတ်က ဂန္တဝင်ဆန်သောပုံစံကိုပေးစွမ်းပါတယ်။
HUAWEI WATCH 3 ကို high-response touch-sensitive screen၊ ဘေးခလုပ်နှင့် အပြည့်လှည့်နိုင်သော crown တို့ကိုအသုံးပြုပြီး လွယ်ကူစွာထိန်းချုပ်နိုင်ပါတယ်။ Crown ကိုလှည့်ပြီး on-display features များနှင့် volume settings များကို အလွယ်တကူ scroll လုပ်နိုင်ပါတယ်။ HUAWEI WATCH 3 မှာ အမိုက်စား animated faces တွေ၊ pre-installed faces များ ၃၀ ကျော်ပါဝင်ပါတယ်။ ဒါ့အပြင် HUAWEI Watch Face Store4 မှာ ဒီဇိုင်းပေါင်း ၁၀၀၀ကျော်လည်း ပါရှိပါတယ်။
HUAWEI WATCH 3 က Apps တွေစီးဝင်ရာနေရာဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းနှင့် လွယ်ကူသောဇယားကွက်ကို မျက်နှာပြင်ပေါ်တွင်ဖွဲ့စည်းထားခြင်းက app တစ်ခုချင်းစီအတွက် အသုံးပြုရလွယ်ကူ သဘာဝကျပြီး ချောမွေ့စေပါတယ်။ eSIM နည်းပညာ ကိုအသုံးပြုပြီး HUAWEI WATCH 3 သည်ဆက်သွယ်ရေးပစ္စည်းတစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။ ဖုန်းခေါ်ဆိုခြင်း၊ သီချင်းနားထောင်ခြင်း၊ သင့်ဖုန်းကိုချိတ်ဆက်စရာမလိုပဲ apps များကိုဒေါင်းလုပ်ရယူခြင်းတို့ကို အသုံးပြုနေသည့်နံပါတ်တစ်ခုတည်းနှင့် ပြုလုပ်နိုင်ပါတယ်။
ဖုန်းမှ သီချင်းနားထောင်ခြင်းကို HUAWEI WATCH 3 ဖြင့်ထိန်းချုပ်နိုင်သည့်အပြင် သင့်ဖုန်းမှတဆင့် Visions နှင့် speakers ကိုလည်းထပ်တူပြုလုပ်နိုင်ပါတယ်။ HUAWEI Assistant ကိုဖွင့်ဖို့အတွက် Home Screen ကိုညာဘက်သို့ဆွဲပြီး notification ကိုကြည့်လိုက်ပါ။ လက်ရှိလုပ်နေသော tasks များဖြစ်တဲ့ workout၊ ဖုန်းခေါ်ဆိုမှု၊ သီချင်း၊ stop Watch စတဲ့များစွာသောအရာကိုကြည့်ရှုနိုင်ပါတယ်။

Photo Source https://consumer.huawei.com/mm/wearables/

ကျွန်ုပ်တို့အားလုံးအကူအညီအနည်းအများတော့ လိုအပ်ကြပါတယ်။ ဒီအချိန်မှာပဲ HUAWEI ရဲ့ Personal Voice Assistant ဖြစ်တဲ့ Celia ဝင်ရောက်လာတာပဲဖြစ်ပါတယ်။ HUAWEI WATCH 3 တွင်ထည့်သွင်းထားပြီး ဖြစ်သော Celia က ဖုန်းကူညီခေါ်ဆိုပေးခြင်း၊ သင့် device ကိုထိန်းချုပ်ပေးခြင်းနှင့် အသုံးဝင်သောအချက်အလက်တို့ကိုလျင်မြန်စွာ ကူညီရှာဖွေပေးနိုင်ပါတယ်။ ဒါ့အပြင် Voice Memo feature ကိုအသုံးပြုပြီး အရေးကြီးတဲ့အချက်အလက်များကို မှတ်သား ပေးထားနိုင်ပါတယ်။
လွယ်ကူတဲ့ hand gestures နှင့်သင့်ဖုန်းအဝင်ခေါ်ဆိုမှုများကို ထိန်းချုပ်နိုင်ပါတယ်။ လက်သီး ဆုပ်လိုက်၊ဖြေလိုက်ပြုလုပ်ပြီး ဖုန်းခေါ်ဆိုနိုင်ခြင်း သို့မဟုတ် လက်ကောက်ဝတ်ကိုတစ်ဖက်သို့လှည့်ပြီး အဝင်ခေါ်ဆိုမှုကို mute လုပ်ထားနိုင်ပါတယ်။ Apps များကို HUAWEI WATCH 3 မှတဆင့် HUAWEI in-house app market၊ HUAWEI AppGallery တို့မှဒေါင်းလုပ်ရယူနိုင်ပါတယ်။ အခြား third party apps များဖြစ်သော သီချင်း၊ လေ့ကျင့်ခန်း၊ နေ့စဉ်အသုံးပြုသော tools၊ ခရီး စသည်တို့ကိုရှာဖွေနိုင်ပါတယ်။
Remote shutter feature ကိုအသုံးပြုပြီး သူငယ်ချင်းများအားလုံးနဲ့ ကောင်းမွန်သောဓာတ်ပုံကိုရိုက်ကူးနိုင်ပါတယ်။ crown ကိုအသုံးပြုပြီး zoom အနီးအဝေးပြုလုပ်ပြီး မှန်ကန်သောရိုက်ချက်ကိုအမြဲရရှိစေမှာပါ။ ကျန်းမာရေးနဲ့ လေ့ကျင့်ခန်းခရီးတစ်လျှောက်အတွက် smart data ရဲ့စွမ်းအားကိုအသုံးပြုပြီး အကူအညီရယူနိုင်ပါတယ်။ HUAWEI Health App မှာအားလုံးကိုမှတ်တမ်းတင်ထားပြီး မိမိရဲ့ တိုးတက်မှုတစ်လျှောက်ကို လွယ်ကူပြတ်သားစွာနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါ တယ်။
HUAWEI WATCH 3 မှာပါဝင်တဲ့ Skin Temperater Detector10 ကိုအသုံးပြုပြီး အပူချိန်မြင့်မားနေလျှင် ချက်ခြင်းသိရှိနိုင်ပါတယ်။ HUAWEI ရဲ့အသစ်မြှင့်တင်ထားတဲ့ TruSeenTM 4.5 heart rate monitoring technology မှာ 6-in-1 LED နဲ့ အလင်းပိုမိုရရှိရန်အတွက် photodiodes ၄ ခုပါဝင်ပါတယ်။ Sapphire မှန်ဘီလူးက အလင်းကိုပိုမိုထိုးဖောက်နိုင်ခြင်း၊ စွမ်းအင်သုံးစွဲမှုနည်းခြင်းနှင့် ပိုမိုကောင်းမွန်သော ဝတ်ဆင်ရသည့်အတွေ့အကြုံကို ခံစားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အဆင့်မြင့် algorithms က ပိုမိုတိကျသော နှလုံးခုန်နှုန်းကို တိုင်းတာစောင့် ကြည့်ပေးပါတယ်။

Photo Source https://consumer.huawei.com/mm/wearables/

HUAWEI WATCH 3 Pro ပြုတ်ကျသည်ဖြစ်စေ ချက်ချင်း emergency mode ကိုပြောင်းပြီး စီစဉ်ထားသည့်ဆက်သွယ်ရမည့်သူကို သတိပေးမှာဖြစ်ပါတယ်။ တခြားနည်းဖြင့်ဆိုသော Up button ကို ၅ ကြိမ်နှိပ်ခြင်းဖြင့် emergency service များကို ချက်ချင်းခေါ်ဆိုနိုင်ပါတယ်။ ခြေလှမ်း၊ ဓမ္မတာအခြေအနေ၊ ကယ်လိုရီလောင်ကျွမ်းနှုန်း၊ အိပ်စက်ချိန်အရည်အသွေး၊ စိတ်ဖိစီးမှု level နှင့်အခြားသောအရာများရဲ့ နေ့စဉ်၊အပတ်စဉ်မှတ်တမ်းကိုကြည့်ရှုနိုင်ပါတယ်။
စမတ်နာရီတစ်လုံးအတွက် အံ့အားသင့်ဖွယ်ကောင်းသောခံနိုင်ရည်နှင့် စွမ်းဆောင်ရည်ကိုပေါင်းစပ်ပေးထားတာကြောင့် ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် အကောင်းဆုံးရှိနေသင့်တဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ HUAWEI WATCH 3 Pro ကို dual-chipset architecture တပ်ဆင်အသုံးပြုထားသောကြောင့် စွမ်းဆောင်ရည်မြှင့်တင်ရုံသာမက ပိုမိုမျှတသောလုပ်ဆောင်မှုကိုလည်း ရရှိနိုင်ပါတယ်။ Smart Power-Saving Algorithm 3.0 နဲ့ပေါင်းစပ်ထားတာကြောင့် 24/7 health နှင့် fitness ကိုတစ်နေ့တာလုံး စောင့်ကြည့်နိုင်ပါတယ်။ ပုံမှန်အသုံးပြုပုံမျိုးဖြစ်သော smart mode တွင် ၃ ရက်ကြာအောင်အသုံးပြုနိုင်ပြီး ultra-long battery life mode3 ဖြင့် ၁၄ ရက်ထိကြာအောင် အသုံးပြုနိုင်ပါတယ်။