Huawei မှ smart office နှင့် သင်ကြားရေးဆိုင်ရာတွင် အကောင်းဆုံး အတွေ့အကြုံများကို ပေးစွမ်းနိုင်မည့် HUAWEI MatePad အသစ်အားမိတ်ဆက်

Huawei Consumer Business Group (မြန်မာ) မှ Harmony OS 2 ပါဝင်သော Smart office နှင့် သင်ကြားရေးပိုင်းတို့အတွက် သင့်လျော်သည့် new generation tablet အသစ်ဖြစ်သော Huawei MatePad အား မြန်မာနိုင်ငံဈေးကွက်တွင် တင်သွင်းရောင်းချတော့မည် ဖြစ်ကြောင်း သိရသည်။
ပိုမိုကောင်းမွန်လာသော HUAWEI MatePad အသစ်အား HUAWEI M-Pencil Package (2nd generation) ဖြင့်တွဲဖက်အသုံးပြုနိုင်ရုံသာမက မှတ်စုမှတ်သည့် application ‌တော်တော်များများကိုလည်းအသုံးပြုနိုင်သည့်အပြင် smart features အစုံအလင်ပါရှိသည့်အတွက် Huawei ecosystem ကိုအထောက်အပံ့ပေးပြီး သင်ယူလေ့လာချင်သူများရွေးချယ်သင့်သော အကောင်းဆုံး tablet တစ်လုံးဖြစ်သည်။
Huawei MatePad အားနည်းပညာနှင့် အနုပညာတို့ ပေါင်းစပ်ကာ ပါးလွှာပြီး သယ်ရလွယ်ကူစေရန် minimalist ဒီဇိုင်းအနေဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။ HUAWEI MatePad တွင် 10.4 လက်မအကျယ်ရှိပြီး 2K Resolution ရှိသည့် HUAWEI FullView Display ပါဝင်သည့်အတွက် ပိုမိုကောင်းမွန်ပြီး အရည်အသွေးမြင့် ပုံရိပ်များကိုခံစား ကြည့်ရှုနိုင် မည်ဖြစ်သည်။
HUAWEI MatePad တွင် Harman Kardon ၏ကြွယ်ဝပြီး အသေးစိတ်ကျ‌သောအသံစနစ်နှင့်အရည်အသွေးမြင့်ပြီး amplitude ကြီးမားသည့် speakers များကိုအသုံးပြုထားသည့်အတွက် bass အသံကောင်းမွန်ပြီး tablet အား Bass Speaker တစ်လုံးအလား ထင်ရစေမှာဖြစ်သည်။ HUAWEI MatePad နှင့်အတူပါဝင်သည့် HUAWEI M-Pencil (2nd generation) မှာ စမတ်ဖုန်းနှင့် PC များအကြား multi-screen နှင့် cross device collaboration ကိုပြသနိုင်သည့် အကောင်းဆုံး tool တစ်ခုအနေဖြင့်သာမက ခဲတံဖြင့်ရေးရသည့် အတွေ့အကြုံကိုပါ ပြန်လည်ခံစားနိုင်မည်ဖြစ်သည်။ Smart Office နှင့် သင်ကြားရေးပိုင်းအတွက်သင့်တော်သည့် tablet တစ်လုံးအနေဖြင့် HUAWEI MatePad မှ အသုံးပြုသူများအား ပိုမိုကောင်းမွန်သော သင်ယူလေ့လာမှု အတွေ့အကြုံများကို ပေးစွမ်းနိုင်မည်ဖြစ်သည်။
HUAWEI MatePad သည် နည်းပညာနှင့် အနုပညာတို့ပေါင်းစပ်ပြီး minimalist design အနေဖြင့်ဖန်တီး ထားသော ထုတ်ကုန်တစ်ခုဖြစ်သည်။ 84 ရာခိုင်နှုန်း Screen-to-body ratio ရှိပြီး ဘေးဘောင်များ(သို့မဟုတ်) အနောက်ကာဗာတစ်လျောက်တွင်လည်း antenna break points များပေါ်မနေသည့်အချက်က အသုံးပြုသူများအား စွဲဆောင်စေပါသည်။ HUAWEI MatePad၏ micro-curved frame မှာ tablet အားပိုမိုပါးလွှာသကဲ့သို့ ထင်ဟပ်စေပြီး လက်ထဲတွင် သက်တောင့်သက်သာဖြင့် ကိုင်တွယ်ရလွယ်ကူစေမှာ ဖြစ်သည်။

Photo Source https://www.facebook.com/huaweimobile/

HUAWEI MatePad သည် 2K Resolution screen ပါဝင်သည့်အတွက် Graphics များကို ပိုမိုကောင်းမွန်သည့် အရည်အသွေးဖြင့်အသေးစိတ် ကြည့်ရှုနိုင်မည်ဖြစ်ပြီး အကောင်းဆုံး visual များကိုခံစားကြည့်ရှုနိုင်မည် ဖြစ်သည်။ ထို့ပြင် dual TÜV Rheinland Low Blue Light နှင့် Flicker Free certifications တို့ရရှိထားသည့်အတွက် အပြာရောင်အလင်းတန်းတို့ကို လျော့နည်းစေသည့်အပြင် မျက်လုံးထိခိုက်မှုအနည်းဆုံးဖြစ်အောင် လျော့ချပေး နိုင်မည်ဖြစ်သည်။
HUAWEI MatePad တွင် 2nd generation HUAWEI M-Pencil ပါဝင်သည့်အတွက် အသုံးပြုသူများအား ကိုယ်တိုင်လက်ဖြင့် ရေးနေရသကဲ့သို့ခံစားရစေမည်ဖြစ်ပြီး အလုပ်လုပ်သည့်အခါနှင့် စာလေ့လာရာတွင် အထောက်အကူ ပြုစေမည်ဖြစ်သည်။ ထို့ပြင် HUAWEI FreeScript တွင်မှတ်စုမှတ်ခြင်း၊ စာရေးခြင်းစသည်တို့ကိုလည်း 2nd generation HUAWEI M-Pencil ဖြင့်လွယ်လွယ်ကူကူ အသုံးပြု နိုင်မည်ဖြစ်သည်။
HUAWEI Smart Keyboard သည် Bluetooth ဖြင့်ချိတ်ဆက်နိုင်ပြီး key travel 1.3mm ရှိသည့်အတွက် ရုံးဝန်ထမ်းများနှင့် စာလေ့လာသူများအနေဖြင့် စာရိုက်ရာတွင် တုံ့ပြန်မှုမြန်ဆန်ပြီး အချိန်အတော်ကြာ စာရိုက်လျင်တောင်မှ သက်တောင့်သက်သာ ဖြစ်စေနိုင်သည့်အပြင် MatePad တွင် Shortcut key functions များကို အသုံးပြုနိုင်သည့်အတွက် Documents များသုံးရာတွင် လွယ်ကူမြန်ဆန်သည့်အတွေ့အကြုံကို ခံစားရမည်ဖြစ်သည်။HUAWEI MatePad အား mouse ဖြင့်လည်းတွဲဖက်အသုံးပြုနိုင်ပြီး Mouse cursor dot လေးအား သက်ဆိုင်ရာ Cursor mode သို့ ပြောင်းလဲအသုံးပြုနိုင်သည်။ application များအား mouse ဖြင့် ထိန်းချုပ်နိုင်သည့်အတွက်လည်း အသုံးပြုရလွယ် ကူစေမှာဖြစ်သည်။
HUAWEI MatePad တွင် အလုပ်လုပ်ရာ၌ ပိုမိုထိရောက်ပြီးအဆင်ပြေစေရန် Multi-Window နှင့် App Multiplier functions တို့ထည့်သွင်းပေးထားပြီး Multi-Window function မှ window ၄ ခုအထိ တစ်ပြိုင်နက် အသုံးပြုနိုင်မည်ဖြစ်သည်။ Tablet landscape mode အနေအထားတွင် landscape mode အထောက်အပံ့မပေးသည့် applications များအား App Multiplier မှ landscape အနေအထားဖြင့် အသုံးပြုနိုင်စေရန် အ‌ထောက်အပံ့ပေးသည့်အတွက် အဆင်ပြေ‌ချောမွေ့စွာအသုံးပြုနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/huaweimobile/

Smart office သည် Huawei All-Scenario Smart Life ၏ scenario ၅ ခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး All-Scenario နည်းဗျူဟာမှာ ခေတ်မှီတိုးတက်သည့် smart office scenario အဖြစ်ဖော်ဆောင်သွားရန်ဖြစ်သည်။ Smart Office Scenario တစ်ခုအနေဖြင့် HUAWEI MatePad တွင် အခြားသော Huawei devices များနှင့် အဆင်ပြေစွာ ချိတ်ဆက်နိုင်ရန် Harmony OS 2 ကိုထည့်သွင်းထားပါသည်။ စမတ်ဖုန်းများနှင့် ချိတ်ဆက် အသုံးပြုနိုင်ခြင်းဖြင့် စာရွက်စာတမ်းများအား စမတ်ဖုန်းနှင့် tablet အကြား drag and drop လုပ်နိုင်ကာ tablet မှတစ်ဆင့် စမတ်ဖုန်းအား ထိန်းချုပ်နိုင်မည်ဖြစ်ပြီး tablet ၏ screen, Keyboard, pencil တို့ကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။ HUAWEI MatePad အား PC နှင့် ချိတ်ဆက်သည့်အခါတွင်လည်း PC Keyboard နှင့် mouse ကိုအသုံးပြုနိုင်ကာ ဖိုင်များအား လွယ်ကူစွာ ပြောင်းလွဲပြင်ဆင်နိုင်မည်ဖြစ်ပြီး Mirror Mode, Extend Mode, Collaborate Mode စသည်တို့ကိုအသုံးပြုခြင်းဖြင့် အလုပ်လုပ်ရာတွင် အဆင်ပြေချောမွေ့သည့် အတွေ့အကြုံများကို ခံစားရမည်ဖြစ်သည်။
HUAWEI MatePad သည် ရုံးသုံး၊ ကျောင်းသုံးအဆင်ပြေရုံသာမက Video Conferences၊ Online classes များနှင့် Audio-visual entertainment များတွင်ပါ ကောင်းမွန်သော အသံစနစ်များကို ခံစားရမည်ဖြစ်သည်။ HUAWEI MatePad အား quad-channel, quad-speaker sound system တို့အပြင် Harman Kardon ၏ကြွယ်ဝပြီး အသေးစိတ်ကျ‌သောအသံစနစ်အပါအဝင် ကျစ်လစ်သောဒီဇိုင်းဖြင့် ဖွဲ့စည်းထားသည့်အတွက် အသုံးပြုသူများမှ ကြည်လင်ပြတ်သားပြီးအကောင်းမွန်ဆုံး အသံစနစ်ကိုရရှိနိုင်မည်ဖြစ်သည်။ HUAWEI MatePad တွင် မိုက်ကရိုဖုန်း ၃ လုံးပါဝင်ပြီး Huawei၏ ကိုယ်ပိုင် noise cancellation နည်းပညာကို ထည့်သွင်းအသုံးပြုထားသည့်အတွက် အသံနှင့် ဆူညံသံများအား အကောင်းဆုံးခွဲခြားသိရှိနိုင်ပြီး ပိုမိုထိရောက်စွာ ဆက်သွယ်ပြောဆိုနိုင်မည်ဖြစ်သည်။
HUWEI MatePad သည် ပေါ့ပါး၍ပါးလွှာသော်လည်း 7,250mAh ဘက်ထရီထည့်သွင်းထားသည့်အတွက် အားအပြည့် သွင်းထားပါက ၂၈ ရက်အထိသုံးနိုင်ပြီး 1080p HD ဗီဒီယိုများအား ၁၂ နာရီကြာတစ်ဆက်တည်း ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့ပြင် 22.5W HUAWEI SuperCharge ဖြင့်တပ်ဆင်အားဖြည့်ထားသည့်အတွက် အားအပြည့်သွင်းရန် ကြာချိန် ၂ နာရီခွဲသာ လိုအပ်ပါသည်။
HUAWEI Mate series တွင် Huawei၏ နောက်ဆုံးပေါ်နည်းပညာများကို ထည့်သွင်းအသုံးပြုထားပြီး Mate Family ထုတ်ကုန်များကို ခေတ်မှီဒီဇိုင်း၊ အကောင်းဆုံးနည်းပညာများဖြင့်တည်ဆောက်ထားသည့်အတွက် ရုံးလုပ်ငန်းနှင့် သင်ကြားရေးပိုင်းစိတ်ဝင်စားသူများ အနေဖြင့် brand-new-experience ကိုခံစားနိုင်မည်ဖြစ်သည်။
HUAWEI MatePad ကို RAM 4GB + 128 GB Storage အမျိုးအစားဖြင့် ရရှိမှာ ဖြစ်ပြီး အရောင်အားဖြင့် Grey (ခဲရောင်) အား မြန်မာနိုင်ငံတွင် ဝယ်ယူရရှိမှာ ဖြစ်ပါသည်။ တန်ဖိုးအားဖြင့် မြန်မာကျပ် ၈၇၉,၀၀၀ ကျပ်ဖြင့် မတ်လ (၂၀) ရက်နေ့မှစ၍ Pre-order တင်လို့ရနေပြီဖြစ်သည်။