မကြာသေးမှီကမိတ်ဆက်ခဲ့သည့် HUAWEI MatePad အားမြန်မာနိုင်ငံဈေးကွက်တွင်ဝယ်ယူရရှိနိုင်

Smart office နှင့် သင်ကြားရေးပိုင်းတို့အတွက် သင့်လျော်သည့် new generation tablet အသစ်ဖြစ်သော Huawei MatePad အား မြန်မာနိုင်ငံဈေးကွက်တွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သိရသည်။
Huawei မှ Tablets, PCs နှင့် စမတ်ဖုန်းများအကြား လွယ်ကူစွာချိတ်ဆက်နိုင်သည့် Multi-screen Collaboration အားအသုံးပြုနိုင်ရန် Harmony OS2 အားမိတ်ဆက်ခဲ့ပြီး Huawei Devices များအကြား သတင်းအချက်အလက်များကို ပိုမိုလွယ်ကူချောမွေ့စွာ ဝေမျှနိုင်စေရန် အထောက်အပံ့ပေးထားသည်။
Huawei MatePad အားနည်းပညာနှင့် အနုပညာတို့ ပေါင်းစပ်ကာ ပါးလွှာပြီး သယ်ရလွယ်ကူစေရန် minimalist ဒီဇိုင်းအနေဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။ HUAWEI MatePad တွင် 10.4 လက်မအကျယ်ရှိပြီး 2K Resolution ရှိသည့် HUAWEI FullView Display ပါဝင်သည့်အတွက် ပိုမိုကောင်းမွန်ပြီး အရည်အသွေးမြင့် ပုံရိပ်များကိုခံစား ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့ပြင် dual TÜV Rheinland Low Blue Light နှင့် Flicker Free certifications တို့ရရှိထားသည့်အတွက် အပြာရောင်အလင်းတန်းတို့ကို လျော့နည်းစေသည့်အပြင် မျက်လုံးထိခိုက်မှု အနည်းဆုံးဖြစ်အောင် လျော့ချပေးနိုင်မည်ဖြစ်သည်။
HUAWEI MatePad နှင့် စမတ်ဖုန်းတို့အားချိတ်ဆက်ပြီး MatePad တွင်ပါဝင်သော HUAWEI FullView Display, smart keyboard, speakers နှင့် HUAWEI M Pencil (2nd Generation) တို့အား ဖုန်းနှင့်ချိတ်ဆက်အသုံးပြုနိုင်ကာ ဖုန်းထဲရှိဓါတ်ပုံများအားလည်း MatePad ပေါ်တွင် အသေးစိတ် ပြင်ဆင်နိုင်မည်ဖြစ်သည်။ ထို့ပြင် စာရွက်စာတမ်းများအား စမတ်ဖုန်းနှင့် tablet အကြား drag and drop လုပ်နိုင်ကာ tablet မှတစ်ဆင့် စမတ်ဖုန်းအား ထိန်းချုပ်နိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/huaweimobile/

HUAWEI MatePad အား PC နှင့်ချိတ်ဆက်ပြီး Mulit-screen အသုံးပြုနိုင်သည့်အတွက် တစ်ချိန်တည်းတွင် အလုပ်များစွာပြီးစီးအောင်ပြုလုပ်နိုင်မည်ဖြစ်သည်။ ထို့ပြင်PC Keyboard နှင့် mouse ကိုအသုံးပြုကာ ဖိုင်များအား လွယ်ကူစွာ ပြောင်းလွဲပြင်ဆင်နိုင်မည်ဖြစ်ပြီး Mirror Mode, Extend Mode, Collaborate Mode စသည်တို့ကိုအသုံးပြုခြင်းဖြင့် အလုပ်လုပ်ရာတွင် အဆင်ပြေချောမွေ့သည့် အတွေ့အကြုံများကို ခံစားရမည် ဖြစ်သည်။
HUAWEI MatePad တွင် အလုပ်လုပ်ရာ၌ ပိုမိုထိရောက်ပြီးအဆင်ပြေစေရန် Multi-Window နှင့် App Multiplier functions တို့ထည့်သွင်းပေးထားပြီး Multi-Window function မှ window ၄ ခုအထိ တစ်ပြိုင်နက် အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် Multi-Window mode ကိုဖွင့်ထားခြင်းဖြင့် Online classes များတက်နေချိန်တွင် မှတ်စုမှတ်ခြင်းစသည်ဖြင့် Application မျိုးစုံအား တစ်ပြိုင်တည်းအသုံးပြုနိုင်မည်ဖြစ်သည်။ Tablet landscape mode အနေအထားတွင် landscape mode အထောက်အပံ့မပေးသည့် applications များအား App Multiplier မှ landscape အနေအထားဖြင့် အသုံးပြုနိုင်စေရန် အ‌ထောက်အပံ့ပေးသည့်အတွက် အဆင်ပြေ‌ချောမွေ့စွာအသုံးပြုနိုင်မည်ဖြစ်သည်။
HUAWEI MatePad တွင် Exclusive column layout ဖန်တီးထားသည့်အတွက် File များအား Download ဆွဲပြီးပါက ပြန်လည်ရှာဖွေရာတွင်ရှင်းလင်းပြီး လွယ်ကူစေသည်။ Grid View နှင့် List View တို့အား ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပြီး Files များအား အသုံးပြုလေ့ရှိသည့် Application နှင့်အတူဖွင့်ပေးသည့်အတွက် လိုအပ်သည့်ဖိုင်အား လွယ်ကူစွာ ရှာဖွေနိုင်မည်ဖြစ်သည်။ ထို့ပြင်Home screen တွင် Shortcuts များလည်း သီးသန့်ဖန်တီးထားနိုင်သည်။
Video Conferences များနှင့် online classes များအတွက် HUAWEI MatePad အားအသုံးပြုရာတွင် အသံအရည်အသွေးကောင်းမွန်စေရန် မိုက်ကရိုဖုန်း (၃) လုံးအား အသုံးပြုထားပြီး Huawei ၏ ကိုယ်ပိုင် noise reduction feature ကိုပါ ထည့်သွင်းထားသည်။ ၎င်း Algorithms သည် ပုံမှန်အသံနှင့်ဆူညံသံအား ခွဲခြားနိုင်ပြီး Main Speaker မှအသံအားကောင်းမွန်စွာနားထောင်နိုင်မည်ဖြစ်သည်။
ထို့ပြင် HUAWEI MatePad တွင် Harman Kardon ၏ကြွယ်ဝပြီး အသေးစိတ်ကျ‌သောအသံစနစ်နှင့် အရည်အသွေးမြင့်ပြီး amplitude ကြီးမားသည့် speakers များကိုအသုံးပြုထားသည့်အတွက် bass အသံကောင်းမွန်ပြီး tablet အား Bass Speaker တစ်လုံးအလား ထင်ရစေမှာဖြစ်သည်။
HUAWEI MatePad ကို RAM 4GB + 128 GB Storage အမျိုးအစားဖြင့် ရရှိမှာ ဖြစ်ပြီး အရောင်အားဖြင့် Grey (ခဲရောင်) အား Keyboard, M Pencil တို့နှင့်အတူ မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်မည် ဖြစ်ပါသည်။ တန်ဖိုးအားဖြင့် မြန်မာကျပ် ၈၇၉,၀၀၀ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။ အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/huaweimobile/