Mobile Companion ဖြစ်လာတဲ့ အကောင်းဆုံး HUAWEI MatePad Pro Tablet

လူတိုင်းဖြစ်ကြဖူးကြမှာပါ။ အလုပ်လုပ်မယ်လို့ ကြံရွယ်လိုက်ပြီးထိုင်ခုံရှေ့ ၊ စားပွဲရှေ့ထိုင်လိုက်တဲ့အခါ တင်ထားတဲ့ Laptop ဖွင့်လိုက်တာနဲ့ “Battery နည်းနေပြီ” Reminder Message နဲ့ ကြိုဆိုခံရတာမျိုးတွေပါ။
ဘက်ထရီနဲ့ ပတ်သက်လာရင် ဘယ်သူမဆိုအခက်တွေ့ ဖူးကြသလိုတကယ်လို့များလုပ်ငန်းခွင်ဝင်နေရတဲ့အချိန်၊ အလုပ် အမြဲလုပ်နေရသူတွေ ပိုဒုက္ခကြုံရတာပါ။ဘာဖြစ်လို့လဲဆိုတော့တကယ်တမ်းအလုပ်များနေသူတွေဆိုရင် ၂၄ နာရီအွန်လိုင်း သုံးနေရသလိုတစ်ခါတလေအစည်းဝေးသွားရလို့ တွေ့ကရာနေရာမှာပလပ်ထိုးသုံးဖို့ အချိန်တောင် မရတတ်လို့ပါ။
တက်ဘလက် ၊ စမတ်ဖုန်းတွေ ဘယ်လောက်ပဲကောင်းပါတယ် ပြောပြောစွမ်းဆောင်ရည် ကောင်းနေဖို့ဆိုရင် ပလပ်ထိုးသုံးမှ ပဲရနိုင်တယ်၊ ခေတ်အနေထားအရ Portable ဖြစ်ဖို့ လိုပေမယ့် Energy Source မရှိတဲ့အခါ ဘာဖြစ်သွားမလဲ။
ဒီနေရာမှာ HUAWEI တက်ဘလက်တွေ အားသာနေတာပါ။ ၂၀၁၉ မှာမိတ်ဆက်ခဲ့တဲ့ MediaPad M6 မှာ 6,110 mAh Battery ပါဝင်ခဲ့ပြီး ၂၀၂၀ အတွက် ထွက်ရှိလာတဲ့ MatePad Pro မှာတော့ 7,250 mAh Battery သုံးလာခဲ့ပါတယ်။
အဲ့ဒီတက်ဘလက် ၂ မျိုးလုံးဟာအံအားသင့်စရာဘက်ထရီစွမ်းဆောင်ရည် ပြခဲ့သလိုဘက်ထရီအသုံးခံ (တာရှည်ခံ) တယ် ဆိုတာထက် MatePad Pro မှာစွမ်းဆောင်ရည် အကောင်းဆုံး Kirin 990 Chipset ၊ Smart Magnetic Keyboard နဲ့ HUAWEI M-Pencil အစရှိတဲ့ Components တွေနဲ့ တွယ်ဆက် အသုံးပြုထားတာပါ။

Photo Source https://web.facebook.com/HuaweimobileMM/

Hardware ပိုင်းမှာ Powerful ဖြစ်သလိုထူးခြားတဲ့ Software ပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေက HUAWEI App Multiplier ၊ Multi-window နဲ့ Multi-screen Collaboration အစရှိတဲ့ Features သစ်တွေ ပါဝင်လာပါတယ်။
ဒါဆိုရင် MatePad Pro ရဲ့ စွမ်းဆောင်ရည်ကိုလေ့လာကြည့်တာပေါ့။
တက်ဘလက်မှာ 10.8” Screen နဲ့ 7,250 mAh Battery သုံးထားတယ်ဆိုတဲ့အတိုင်း HUAWEI Labs ရဲ့ စမ်းသပ်မှုတွေအရ 1080p ရုပ်ရှင်ကြည့်မယ်ဆိုရင် ၁၂ နာရီဆက်တိုက် အားခံမယ် ၊ Web Browsing တွက်ဆိုရင် ၁၁ နာရီခွဲ ၊ ပုံမှန် Office သုံး App တွေနဲ့ အလုပ်လုပ်မယ်ဆိုရင် ၁၁ နာရီရတယ်လို့ တစ်ခါအားသွင်းရုံနဲ့ ရရှိမယ့် Result ကို ဖော်ပြထားပါတယ်။
ဒါကြောင့် Single Charge လုပ်ရုံနဲ့ တစ်နေ့တာအနီးပါးအသုံးခံတာဘက်ထရီထက် Kirin 990 ကိုကျေးဇူးတင်ရမှာပါ။ တက်ဘလက်တစ်လုံးလိုအပ်တဲ့ စွမ်းဆောင်ရည် ပေးနိုင်သလိုစွမ်းအင်ခြွေတာနိုင်စွမ်းကလည်းအံမခန်းလို့ ပြောရမှာပါ။ ဒီအတွက် EMUI 10 ရဲ့ စွမ်းအင်ခြွေတာမှု လုပ်ထုံးကလည်းပါဝင်ရသလို နှစ်ဦးပေါင်းမှ တစ်နေ့တာအသုံးခံတဲ့ Robust Battery Life ရရှိစေတာပါ။
တကယ်လို့များအလွန်ကျွန်သုံးမိလို့ အားပြန်သွင်းရမယ်ဆိုရင် 7,250 mAh Battery ကိုအကြာကြီးသွင်းရမယ်လို့ စိတ်မပူပါနဲ့၊ ဒီအတွက်လည်းအဖြေရှိပြီးသားပါ။
MatePad Pro ဟာ 20W Fast Charging နဲ့ 40W SuperChargeစနစ်တွေ ထောက်ပံ့တဲ့အတွက် နာရီဝက် အားသွင်းလိုက်ရုံနဲ့ ၃ နာရီအသုံးခံမယ့် Battery Capacity ပြန်ဖြည့်ပေးနိုင်မှာပါ။ Full Charge အတွက်ဆိုရင် ၂ နာရီခွဲလိုအပ်မှာဖြစ်ပြီးဘယ်လိုပဲအားသွင်းအသုံးပြုသည်ဖြစ်စေ User တွေကိုတာရှည်ခံတဲ့ ဘက်ထရီထောက်ပံ့မှာပါ။
အခုလို မြန်ဆန်တဲ့ Charging စနစ်အပြင် MatePad Pro ဟာ Wireless အားသွင်းစနစ်ကိုပါ ထောက်ပံ့ထားပြီး 15W Rate နဲ့ အသုံးပြုနိုင်ပါတယ်။ မိနစ် ၃၀ အားသွင်းလိုက်ရင် ၂ နာရီအားခံမှာဖြစ်သလို ၁ နာရီအချိန်ပေးပြီးအားသွင်းမယ်ဆိုရင်တော့ ၄ နာရီကျော်ကျော် တက်ဘလက်ကိုသုံးနိုင်မှာပါ။
ဒါ့အပြင် Wireless Reverse Charging ကို Pioneer လုပ်ခဲ့သူပီပီMatePad Pro ဟာကမ္ဘာ့ပထမဆုံး Wireless Reverse Charging နည်းပညာအသုံးပြုထားတဲ့ Tablet ဖြစ်လာခဲ့ပါပြီ။ ဒါကြောင့်မလို့ Power Bank သဖွယ် သုံးနိုင်သလို Qi Wireless Charging ထောက်ပံ့တဲ့ ဘယ် စမတ်ဖုန်း ၊ Headphones တွေနဲ့ Gadgets ပစ္စည်းတွေမဆိုအားသွင်းပေးနိုင်မှာပါ။

Photo Source https://web.facebook.com/HuaweimobileMM/

Revers Charging အတွက် ထွေထူးလုပ်စရာမလိုသလိုတက်ဘလက် ကျောပေါ်တင်လိုက်တာနဲ့ Charging Process ကိုအလိုလျောက် ဆောင်ရွက်ပေးသွားမှာပါ။ အဲ့ဒါကြောင့်လည်း MatePad Pro ဟာစွမ်းဆောင်ရည်ကောင်း Tablet တစ်လုံးဖြစ်သလိုဘက်ထရီလည်းခံပြီးတခြား Device တွေကိုပါ အားပြန်ဖြည့်ပေးနိုင်တဲ့ စွယ်စုံရတက်ဘလက်လို့ ဆိုရမှာပါ။
အနှစ်ချုပ်ပြောရရင် MatePad Pro ဟာစမတ်ဖုန်းနဲ့ Gadget ပစ္စည်းတွေအတွက် အရေးပါတဲ့ Mobile Companion ဖြစ်သလိုအလုပ်လုပ်ဖို့ Performance လိုတဲ့အခါ Kirin 990 Chipset နဲ့အတူဆန်းသစ်တဲ့ နည်းပညာ ၊ စွယ်စုံရ Features တွေနဲ့ တာရှည်ခံတဲ့ Battery Life ပေးစွမ်းနိုင်တဲ့ Tablet တစ်လုံးလို့ ပြောရမှာပါ။