Connected Device Ecosystem အတွက် Intelligence Laptop ဖြစ်လာတဲ့ HUAWEI MateBook D15

A.I (Artificial Intelligence) နည်းပညာတစ်ခေတ်ဆန်းလာတဲ့ အချိန်မှာ A.I ပါဝင်တဲ့ Devices တွေ ၊ Vehicles တွေ မြင်လာရပေမယ့် တစ်စိတ်တဒေသဖွံ့ဖြိုးလာတဲ့ နည်းပညာနောက်ကွယ် Laptop ကွန်ပျူတာတွေမှာမမြင်ရသေးပါဘူး။
သို့ပေမယ့် Laptop ဈေးကွက် ကိုင်လှုပ်ဖို့ ဒီဇိုင်းသစ် ၊ Features သစ် ၊ နည်းပညာတို့နဲ့အတူဝင်ရောက်လာခဲ့ပြီး Traditional Computer လုပ်တဲ့ ကုမ္ပဏီမဟုတ်လင့်ကစားအဆိုပါ အားသာချက်တွေ ပေးစွမ်းလာတာ HUAWEI ပါ။
Cross-Screen (သို့) Multi-Screen Collaboration လို Feature မျိုး ၊ အဆိုပါ Feature ကိုစမတ်ဖုန်းတွေမှာသာ မြင်ရလေ့ရှိပြီး Cross-Screen ကို 2016 ခုနှစ်မှာစတင် အသုံးပြုခဲ့တာပါ။
လက်ရှိချိန်မှာတော့ MateBook D 15 မော်ဒယ် မိတ်ဆက်ထားပြီးသုံးစွဲသူတွေကိုမတူညီတဲ့ Platform (Android နဲ့ Windows) နှစ်ခုချိတ်ဆက်ပေးမယ့် Cross-Device Interaction ၊ ကိုယ်ထည် အလေးချိန် ပေါ့ပါးမှုရှိပြီးFullView Display နဲ့အတူကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပေးစွမ်းမယ့် Laptop တွေအဖြစ် ထွက်ရှိလာတာပါ။
MateBook D Series မှာ HUAWEI Share Ecosystem ပါဝင်တယ်လို့ သိထားပြီးတဲ့အတိုင်းအဆိုပါ နည်းပညာဟာစမတ်ဖုန်းတွေမှာအသုံးပြုနေတဲ့ HUAWEI Share Technology ပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ ဒိအတွက်ကြောင့် ကုမ္ပဏီရဲ့ “1+8+N” Ecosystem နဲ့ ပိုပြီးနီးကပ်စေသလိုအနာဂတ် အချိန်ကာလာတွေမှာ Smart ၊ Connected Living နည်းပညာတွေ ဖန်တီးလာနိုင်စေမှာပါ။

Photo Source https://web.facebook.com/HuaweimobileMM/

Android နဲ့ Windows OS နှစ်ခုအကြားချိတ်ဆက်ပေးထားတဲ့ HUAWEI Share မှာအားသာချက်တွေ ပါဝင်ပြီးဥပမာအနေနဲ့ ပြောရရင် MateBookကို HUAWEI ဖုန်းနဲ့ Tap လုပ်လိုက်ရုံနဲ့ Instant Messaging App ကိုကွန်ပျူတာ မှာချက်ချင်းဖွင့်နိုင်တာမျိုး ၊ Files တွေကို Drag ဆွဲရုံနဲ့ ကွန်ပျူတာမှာတစ်ခါထဲ Edit လုပ်နိုင်တာမျိုး ၊ ပြီးသွားရင် Messaging App ထဲ Edit လုပ်ထားတဲ့ File ကို ပြန်ဆွဲထည့်ရုံနဲ့ လွယ်လင့်တကူအသုံးချနိုင်စေတာပါ။
ဒါ့အပြင် Android ဖုန်းပေါ်က News ၊ Office Apps တွေကိုကွန်ပျူတာမှာဖွင့်သုံးနိုင်သလို Keyboard ၊ Mouse အစရှိတဲ့ I/O နဲ့ အလွယ်တကူ Edit လုပ်နိုင်တဲ့အတွက် ပိုပြီးတော့ သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ဒါကြောင့် HUAWEI Share နဲ့ MateBook Peripherals တွေကိုဖုန်းနဲ့ သုံးနိုင်စသလို Cross-Device ၊ Cross-System Work အတွက် ကောင်းမွန်တယ် ဆိုရမှာပါ။
ဒါ့အပြင် HUAWEI Share ဟာစမတ်ဖုန်း ၊ ကွန်ပျူတာတွေနဲ့ သုံးစွဲသူတွေကိုထိထိမိမိ Connect လုပ်ပေးနိုင်တဲ့ အလားလာကောင်းတစ်ခုပိုင်ဆိုင်ထားသလို HUAWEI Laptop တွေဟာဘယ်လုပ်ငန်းဆောင်တာမဆိုလုံလောက်တဲ့ စွမ်းဆောင်ရည် ပေးနိုင်ခြင်း ၊ User Experience ကောင်းမွန်ဖို့ Smart Device နှစ်မျိုးအားသာချက် ကိုပေါင်းစပ်ပေးနိုင်ခြင်းတို့ကြောင့် “1+8+N” Strategy ကိုလည်းပိုကောင်းလာအောင် ဖန်တီးရာရောက်စေပါတယ်။
R&D (Research & Development) ပိုင်းအားကောင်းတဲ့အတွက် Intelligent နည်းပညာတွေ ဖန်တီးနိုင်ခဲ့လို့ HUAWEI အနေနဲ့ Laptop ဈေးကွက်ကိုသိသာထင်ရှားတဲ့ အားသာချက်တွေနဲ့ ကိုင်လှုပ်နိုင်ခဲ့တာပါ။ အထူးသဖြင့် စမတ်ဖုန်းတွေရဲ့ FullView Display ၊ HUAWEI Share လိုနောက်ဆုံးပေါ် နည်းပညာတွေကထင်ထင်ပေါ်ပေါ် ဖြစ်စေခဲ့သလို “1+8+N” Strategy အတိုင်းပိုမိုကောင်းမွန်တဲ့ Intelligent Ecosystem ဆီလျှောက်လှမ်းနေပါပြီ။

Photo Source https://web.facebook.com/HuaweimobileMM/

ဒီကတဆင့် သမားရိုးကျ ဖန်တီးမှုတွေ ကျော်ဖြတ်ရင်း Cross-Device Interaction လုပ်ဆောင်ချက်မှာ Laptop ကွန်ပျူတာကို Hub သဖွယ် Wearable Gadgets တွေအတွက် Smart Screen အဖြစ် သုံးလာနိုင်စေမှာပါ။ IBM ရဲ့ President ဖြစ်သူ Thomas John Waston Jr. ဆိုခဲ့ဖူးတဲ့ စကားအတိုင်းကွန်ပျူတာနည်းပညာ ဆိုတာLeapFrogဂိမ်းကစားသလိုပဲထုတ်လုပ်သူတွေဟာဈေးကွက် ပိုင်ဆိုင်မှုရဖို့ တစ်ယောက်နဲ့တယောက် ကျော်တက် နေကြတာပါ။
လက်ရှိအနေထားအရတချို့သော Brand တွေ ကျန်ရစ်နေတာမျိုးရှိပေမယ့် Startup လုပ်ငန်းတချို့က လျှင်လျှင်မြန်မြန်ကိုအောင်မြင်လာတာလည်းရှိပါတယ်။ အထူးသဖြင့် နည်းပညာ ကြွယ်ဝမှုနဲ့ ဖန်တီးနိုင်မှု အမွေနှစ်တွေ ပေါင်းစပ်နိုင်လို့သာ ဖြစ်နိုင်သလို HUAWEI အနေနဲ့ အဆိုပါ အားသာချက်တွေ ပေါင်းစပ်ပြီး Laptop ဈေးကွက်မှာအောင်မြင်လာတာပါ။
Consumer Electronics ကိုကလည်းတသမတ်ထဲပြောင်းလဲနေတာဆိုတော့ တချိူ့သောအတားဆီးတွေ ကျော်လွားဖို့ ခက်ခဲ့သလိုနည်းပညာဖန်တီးမှုရဲ့ အဟန့်တားတချို့လည်း ဖြစ်စေတာပါ။ HUAWEI အနေနဲ့ PC နဲ့ စမတ်ဖုန်းလိုမတူညီတဲ့ Platform နှစ်ခုကိုပေါင်းကူးတံတားသဖွယ် ချိတ်ဆက်ပေးလိုက်တဲ့အခါ အဆိုပါ Barriers အတားဆီးတွေ ကျော်လွားဖို့ လွယ်ကူလာသလိုအနာဂတ် နည်းပညာဖန်တီးဖို့လည်းပိုမိုအခွင့်ရေးရရှိစေတာ ဖြစ်ပါတယ်။
သတိပြုရန်ရန်အချက်တစ်ခုအနေနဲ့ HUAWE Share Feature တစ်ခုဖြစ်တဲ့ Multi-screen Collaboration အသုံးပြုလိုပါက MateBookတွေမှာ PC Manager Version 10.0.2.99 နဲ့အထက် လိုအပ်မှာဖြစ်ပြီး HUAWEI စမတ်ဖုန်းတွေမှာဆိုရင်တော့ EMUI 10.0 နဲ့ အထက် ရှိထားရမှာ ဖြစ်ပါတယ်။ Compatible ဖြစ်တဲ့ မော်ဒယ် အသေးစိတ် အကြောင်းလေ့လာ ချင်တယ်ဆိုရင်တော့ Official HUAWEI Website မှာ ကြည့်ရှုနိုင်ပါတယ်။