HUAWEI မှ ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းဓာတ်ပုံနှင့်ဗီဒီယိုပြိုင်ပွဲကျင်းပမည်

HUAWEI ဖုန်းများနှင့်ရိုက်ကူုးထားသောပုံများကို တစ်ကမ္ဘာလုံးရှိ HUAWEI အသုံးပြုသူများဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် HUAWEI NEXT-IMAGE 2020 ပြိုင်ပွဲကို ၂၀၂၀ ခုနှစ် ဇူလိုင်လ၃၁ရက်နေ့နောက်ဆုံးထားပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီဖြစ် ကြောင်းသိရသည်။
ကမ္ဘာ့အကြီးဆုံးနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် HUAWEI သည်ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းဓာတ်ပုံနှင့် ဗီဒီယိုပြိုင်ပွဲ တစ်ခုဖြစ်သည့် NEXT-IMAGE အမည်ဖြင့် နှစ်စဉ်ကျင်းပလျက်ရှိရာ ယခု ၂၀၂၀ ခုနှစ်တွင်လည်း စိတ်လှုပ်ရှားဖွယ် ကောင်းသောဖန်တီးမှုပုံရိပ်များကိုဝေမျှနိုင်ရန်အတွက် ကျင်းပပြုလုပ်လိုက်ခြင်းလည်းဖြစ်သည်။ တီထွင်ဖန်တီးနိုင်စွမ်းတို့ကို ဂုဏ်ပြုသောအားဖြင့် Huawei သည်အကောင်းဆုံးသောဖန်တီးမှုကို ဖမ်းယူရိုက်ကူးနိုင်ခြင်းအတွက် ဆုလက်ဆောင်များ လည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

Photo Source https://gallery.consumer.HUAWEI.com

“ကမ္ဘာတစ်ဝှမ်းရှိဖန်တီးသူများအားလုံးအတွက် ကိုယ့်ရဲ့ဖန်တီးမှုစွမ်းရည်ကိုအသုံးချပြီး ပျော်ရွှင်စရာပုံရိပ်တွေကို မည်သည့်နေရာမှမဆိုရိုက်ကူးပြီးမျှဝေလိုက်ပါ။ ကမ္ဘာကြီးကိုအတူတကွ စုစည်းနိုင်ဖို့ငါတို့သီခြားစီတည်ရှိနေရင်တောင် သင့်ရဲ့ဖန်တီးနိုင်စွမ်းအားကိုအသုံးပြုပြီးကျနော်တို့ရဲ့မစ်ရှင်ထဲမှာပူးပေါင်းပါ”ဟု HUAWEI Consumer Business ၏ Global Chief Brand Officer ဖြစ်သည့် Andrew Garrihyမှ ပြောကြားသည်။
အဆိုပါပြိုင်ပွဲကို Huawei ဖုန်းအသုံးပြုသူများအားလုံးပါဝင်ယှဉ်ပြိုင်နိုင်ပြီး HUAWEI NEXT-IMAGE 2020 သည် အပျော်တမ်းစမတ်ဖုန်းဓါတ်ပုံဆရာများနှင့် ၎င်းတို့၏ပြောင်မြောက်သောပုံရိပ်များကိုမျှဝေမည့် visual storyteller’s ဆုတို့ အတွက် ငွေသားဆုလက်ဆောင် ဒေါ်လာ ၁၀၀၀၀ အထိရရှိနိုင်ရန်အပြင်အခြားဆုများ အပါအဝင် ဆုပေါင်း ၇၀ ကျော်ရှိပြီး ကမ္ဘာ့အကောင်းဆုံးဓာတ်ပုံညာရှင်များမှအကောင်းဆုံးပုံရိပ်များကိုရွေးချယ်ပေးသွားမည်ဖြစ်သည်။
HUAWEI သည် ခေတ်သစ်မီဒီယာပုံစံသည်အသုံးပြုသူများအားအသစ်၊ တမူထူးခြားသောဇာတ်ကြောင်းများကို ဖန်တီးရန်မည်သို့ကူနိုင်သည်ကို အသိအမှတ်ပြုရန်ဗီဒီယိုနှင့် Storytelling အမျိုးအစားကိုမိတ်ဆက်ခဲ့သည်။ အဆိုပါပြိုင်ပွဲ အမျိုးအစား ၆ မျိုးကိုလေ့လာပြီးနှစ်သက်ရာအမျိုးအစားကိုဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။
-Near Far: သင့်ရဲ့စမတ်ဖုန်းကင်မရာကိုအသုံးပြုပြီးမတူညီတဲ့ရှုထောင့်များမှ ပုန်းကွယ်နေသောအလှတရားများ ကို သင်အပြင်မှာ ဖြစ်ဖြစ်၊အတွင်းမှာဖြစ်ဖြစ်ရိုက်ယူခြင်း
-Good Night: ညအချိန်တွင်ဖြစ်ဖြစ်၊ အလင်းနည်းပါးသောနေရာတွင်ဖြစ်ဖြစ်ပတ်ဝန်းကျင်၏ အခိုက်အတန့်လေးပေါ် မူတည်ပြီးဖန်တီးပုံဖော်ခြင်း
-Hello,Life! ပုံတစ်ပုံကစကားလုံး ၁၀၀၀ နှင့်ညီမျှပေသည်။ ထို့ကြောင့်သင်နေ့စဉ်ရရှိသောစိတ်ခံစားမှု သို့မဟုတ် သဘော ကျနှစ်သက် သောအရာများကိုမျှဝေပုံဖော်ခြင်း
-Faces: Portrait ဓာတ်ပုံပညာ၏စွမ်းအားဖြင့်သင်နှင့်အနီးစပ်ဆုံးမျက်နှာများကိုရိုက်ကူးပုံဖော်လိုက်ပါ။
-Live Moments: ဇာတ်လမ်းအတိုသို့မဟုတ် ၁၀ မိနစ်အထိရှိသော မိုဘိုင်းရုပ်ရှင်ကိုထုတ်လုပ်ရိုက်ကူးပါ။ သင့်ရဲ့ ဖန်တီးနိုင်စွမ်းကိုဖော်ပြပြီးလှုပ်ရှားနေသောပုံရိပ်များမှဇာတ်လမ်းကောင်းလေးများကိုဝေမျှခြင်း
-Storyteller: သင့်ရဲ့ကိုယ်ပိုင်ဇာတ်လမ်းကိုပြောပြရန်၊စိတ်ခံစားမှုကိုဖော်ပြရန်ဓာတ်ပုံများကိုအသုံးပြုပါ။အဆိုပါ Photo Story တွင်ဓာတ်ပုံ ၃ ပုံမှ ၉ ပုံပါဝင်ရမည်ဖြစ်သည်။

Photo Source https://gallery.consumer.HUAWEI.com

HUAWEI NEXT-IMAGE Awards 2020 သည် မိုဘိုင်းဓာတ်ပုံဝါသနာရှင်တို့ အချိန်နေရာမရွေး လွတ်လပ်စွာဖန်တီးနိုင်မည်ဖြစ်သည်။ အနုပညာဆန်သောဖန်တီးမှုတွေကို ဖမ်းယူပြီးသဘာဝ၏ အလှတရားတို့ကို မျှဝေပေးသော ပါဝင်သူများအားလုံးသည် အံ့အားသင့်ဖွယ်ကောင်းသောဆုလက်ဆောင်များရရှိမည့်အပြင် HUAWEI ၏နောက်ဆုံးပေါ်ထုတ်ကုန်ဖြစ်သည့် HUAWEI P40 Pro ကိုပါရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် NEXT-IMAGE သည် ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းဓာတ်ပုံနှင့်ဗီဒီယိုပြိုင်ပွဲဖြစ်ပြီး ပြီးခဲ့သည့်နှစ်တစ်နှစ်တည်းတွင်ပါဝင်ယှဉ်ပြိုင်သူ 520,000 ကျော်ရှိခဲ့သည်။ ၂၀၁၈ခုနှစ်ပြိုင်ပွဲတွင်လည်းမြန်မာနိုင်ငံမှဆုရရှိသူ ၂ ဦးလည်းပေါ်ထွက်ခဲ့သည်။
အသေးစိတ်သိရှိလိုပါကပြိုင်ပွဲ၏တရားဝင် website ကို ဖြစ်သော အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://gallery.consumer.HUAWEI.com