HUAWEI Y Sereis ဖုန်းများနှင့် MatePad T8 တက်ဘလက်အသစ်များကို ၂၀၂၀ ဇွန်လဆန်းပိုင်းတွင် စတင်ဝယ်ယူနိုင်

HUAWEI အနေနှင့် ယခုကာလအပိုင်းအတွင်း Flagship series အသစ်ဖြစ်သည့် HUAWEI P40 Series နှင့် Work-Form-Home ကာလအတွက် စွမ်းဆောင်ရည်ပိုင်းကောင်းမွန်ပြီးဖျော်ဖြေရေးနှင့် လုပ်ငန်းသုံးနှစ်ခုလုံးအတွက် သင့်တော်သည့် HUAWEI MatePad Pro တို့ကို စတင်ရောင်းချနိုင်ရန် ပြင်ဆင်လျက်ရှိသည်။
HUAWEI အနေနှင့် သုံးစွဲသူတို့၏ လိုအပ်ချက်အပေါ်ဖြည့်ဆည်းပေးနိုင်ရန် Series တစ်ခုချင်းအလိုက် သုံးစွဲသူတို့အတွက် သင့်တော်စေမည့် စမတ်ဖုန်းများ၊ တက်ဘလက်များကိုထုတ်လုပ်ရောင်းချပေးနေပါသည်။ ၂၀၂၀ နှစ်ဆန်းပိုင်းကာလ ကလည်း HUAWEI ၏ Y series စမတ်ဖုန်းများအနက် ပထမဦးဆုံး HUAWEI Mobile Services (HMS) ကိုအသုံးပြုထားသည့် HUAWEI Y7p ကို မြန်မာနိုင်ငံဈေးကွက်တွင် စတင်ဖြန့်ဖြူးရောင်းချခဲ့ပြီးသုံးစွဲသူတို့၏ တစ်ခဲနက် ဝယ်ယူအားပေးမှုကြောင့် စတင်ရောင်းချသည့် ကာလအတွင်းမှာပင်ပစ္စည်းပြတ်လတ်သည်အထိ ရောင်းအားကောင်းကာ အောင်မြင်ခဲ့သော စမတ်ဖုန်းအမျိုးအစားတစ်ခုလည်းဖြစ်သည်။
ယခုရက်ပိုင်းအတွင်းတွင်လည်း နိုင်ငံတကာနှင့် ပြည်တွင်းနည်းပညာမီဒီယာအချို့တွင် HUAWEI ၏ Y Series အသစ်များဖြစ်သည့် HUAWEI Y6p နှင့် HUAWEI Y8p တို့၏ သတင်းများကိုမကြာခဏဆိုသလိုပင် ခပ်စိပ်စိပ်မြင် တွေ့လာရသည်။ HUAWEI ၏ Y Series စမတ်ဖုန်းများမှာဟိုးယခင်ကာလများတည်းကပင် အကြမ်းခံနိုင်မှု၊ ကင်မရာပိုင်း သင့်တင့်ကောင်းမွန်ပြီးဘက်စုံအသုံးပြုနိုင်မှုအတွက် စွမ်းဆောင်ရည် ကောင်းမွန်သည့်အပြင် ဈေးနှှုန်းအားဖြင့်လည်း ဈေးကွက်ထဲရှိ အချက်အလက်စွမ်းဆောင်ရည်တူစမတ်ဖုန်းများထပ် သင့်တင့်မှုတို့ကြောင့်ပြည်တွင်းဈေးကွက်တွင်သာမက နိုင်ငံတကာဈေးကွက်များတွင်ပါရေပန်းစားလူကြိုက်များသည့် စမတ်ဖုန်း Series တစ်ခုလည်း ဖြစ်သည်။
HUAWEI Y5p ကို ၁၁၉၀၀၀ ကျပ်၊ HUAWEI Y6p ကို ၁၇၉၀၀၀ ကျပ် နှင့် HUAWEI Y8p ကို ၂၉၉၀၀၀ ကျပ်တို့ဖြင့် ၂၀၂၀ ခုနှစ် ဇွန်လဆန်းပိုင်းမှ စတင်ပြီးဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် ၈ လက်မအရွယ် Tablet အမျိုးအစားသစ် ဖြစ်သော HUAWEI MatePad T8 အမျိုးအစားသစ်ကိုလည်းထုတ်ပြန်ကြော်ငြာခဲ့ပြီး ၁၉၉၀၀၀ ကျပ်ဖြင့် ဇွန်လဆန်းပိုင်းမှ စတင်ပြီးဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Photo Source https://consumer.huawei.com/mm/campaign/y6py8p-preorder/

HUAWEI Y6p တွင် လက်ရှိဈေးကွက်တွင် ရှိနေသည့် ၂ သိန်းကျပ်အောက်ဖုန်းအချို့ထပ် ပိုမိုများပြားသည့် RAM နှင့် Storgae ပမာဏဖြစ်သည့် 4GBRAM+64GBROM တို့ဖြင့် နေ့စဉ်အသုံးပြုမှုအတွက် ပိုမိုအဆင်ပြေချောမွေ့စေနိုင်မည် လည်းသည်။ ထို့အပြင် ဘက်ထရီပမာဏကိုလည်း 5000 mAh အထိမြှင့်တင် ထည့်သွင်းအသုံးပြုပေးထားသည့်အတွက် တစ်နေကုန် ဖုန်းအသုံးပြုနေရသူ၊ မိုဘိုင်းဂိမ်းများကို ဆော့ကစားသူများအတွက်ပိုမိုအဆင်ပြေစေမည်ဖြစ်သည်။ ပြီးခဲ့သည့် နှစ် ၂၀၁၉ အတွင်းကထွက်ရှိခဲ့သည့် HUAWEI Y9S ဆိုလျင် 4000 mAH ပမာဏရှိသည့် ဘက်ထရီကိုတပ်ဆင် အသုံးပြုထားပြီး အင်တာနက်အသုံးပြုမှုအတွက် ၁၀ နာရီ၊ ဂိမ်းကစားမှုများအတွက် ၉ နာရီ၊ စသည့်အချက်များအလျောက် အသုံးပြုနိုင်မှာပဲဖြစ်ပါသည်။ 5000 mAh ဆိုသည့် ဘက်ထရီပမာဏမှာ Flagship series စမတ်ဖုန်းအချို့ထပ်တောင် သာလွန်ကောင်းမွန်သည့်ဘက်ထရီပမာဏတစ်ခုလည်းဖြစ်ပြီး မှန်းဆချက်များအရဆိုလျင်တစ်နေ့တာလုံး ဖုန်းကို ကောင်း မွန်စွာအသုံးပြုစေနိုင်မည့် အချက်တစ်ခုလည်းဖြစ်သည်။ HUAWEI Y6p ကို ၁၇၉၀၀၀ ကျပ်ဖြင့် ပြည်တွင်းဈေးကွက်တွင် ရောင်းချမှာဖြစ်ပြီး မေလ ၃၁ ရက်နေ့အထိ Pre-Order ကာလအဖြစ် သတ်မှတ်ထားပြီး Pre-Order မှာယူသူများအတွက် HUAWEI Smart Band အမျိုးအစားတစ်ခုဖြစ်သည့် HUAWEI band 3e ကိုလည်းလက်ဆောင်ရရှိဦးမည်ဖြစ်သည်။
HUAWEI Y8p တွင်လည်း ယခင် HUAWEI Y Series စမတ်ဖုန်းအမျိုးအစားနှင့်မတူဘဲ HUAWEI Y Series ဖုန်းများအနက် ပထမဦးဆုံး OLED အမျိုးအစား Display ကိုအသုံးပြုထားသောစမတ်ဖုန်းအမျိုးအစာတစ်ခုလည်း ဖြစ်သည်။ OLED အမျိုးအစား display သည်လည်း လက်ရှိအချိန်တွင် HUAWEI P series နှင့် Mate Series အမျိုးအစားဖုန်းများမှာ သာတွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသည့် မျက်နှာပြင်အမျိုးအစားဖြစ်ပြီး ကာလာအရည်အသွေးပိုင်းတွင် ကောင်းမွန် ပြီးကြည်လင်ရ့ွှန်းစိုတောက်ပသည့် မြင်ကွင်းအတွေ့အကြုံကိုခံစားရရှိစေမည်ဖြစ်သည်။ ၆ ဒဿမ ၃ လက်မအရွယ် HUAWEI Dewdrop Display OLED display ကို HUAWEI Y8p တွင် တပ်ဆင်အသုံးပြုထားပြီး Flagship ဖုန်းများတွင် ခံစားရမည့် မြင်ကွင်းအတွေ့အကြုံများကိုခံစားရရှိစေမှာဖြစ်သည်။ ထို့အပြင်OLED display အမျိူးအစား ၏ နောက်ဆက်တွဲကောင်းကွက်များဖြစ်သည့် AOD (always on Display), Dark Mode နှင့် in-screen fingerprint unlock (မျက်နှာပြင် လက်ဗွေစနစ်) စသည်တို့ကိုပါ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

Photo Source https://consumer.huawei.com/mm/campaign/y6py8p-preorder/

HUAWEI Y8p တွင် HUAWEI ၏ နာမည်ကျော် 48MP AI Triple Camera စနစ်လည်းပါဝင်လာပြီး16 MP AI Selfie Camera ကိုလည်းတပ်ဆင်ထားသည်။ RAM 6GB နှင့် Internal Storage 128GB ပါဝင်ပြီး Kirin 710 F SOC နှင့်အတူ Android 10 ကိုအခြေခံထားသော EMUI 10.1 ကိုအသုံးပြုထားသည်။
HUAWEI Y5p သည် ဈေးနှုန်းအားဖြင့် ကျပ် ၁၁၉၀၀၀ ကျပ်သာကျသင့်မည်ဖြစ်ပြီး ခေတ်မှီဆန်းပြားသောဒီဇိုင်းပုံစံနှင့်အတူ ၅ ဒဿမ ၄၅ လက်မအရွယ် HD+ resolution ထိရရှိနိုင်မည့် HUAWEI FullView Display ပါဝင်မည်ဖြစ်သည်။ ဖုန်းအသုံးပြုမှုအတွက် 2GB RAM နှင့် 32GB internal storage ပါဝင်မှာဖြစ်ပြီး 8MP ကင်မရာနှင့်အတူအရှေ့ကင်မရာ 5MP ကိုတပ်ဆင်ထားသည်။ ဗီဒီယိုကြည့်ရှုမှုအတွက် ၁၇ နာရီ၊ အွန်လိုင်းဗီဒီယိုကြည့်ရှုမှုအတွက် ၉ နာရီ၊ 4G အင်တာနက်အသုံးပြုမှုအတွက်၁၃နာရီဝန်းကျင်ခန့်အထိအသုံးပြုနိုင်မည့် 3020 mAh ဘက်ထရီကို တပ်ဆင်ပေးထားသော ကြောင့်တစ်နေကုန် ဖုန်းအသုံးပြုမှုအတွက် ကောင်းမွန်စွာလုံလောက်စေမည်ဖြစ်သည်။
HUAWEI Y Sereis အသစ်များနှင့်အတူ ပူးတွဲမိတ်ဆက်ခဲ့သော HUAWEI MatePad T8 တက်ဘလက်အမျိုးအစားသစ် သည် MTK MT8768 အမျိုးအစားOcta-Ocre Processor ကိုအသုံးပြုထားပြီး RAM 2GB နှင့် Internal Storage 32GB အထိပါဝင်မှာဖြစ်ကာ 512GB အထိ Micro-SD ကတ်ဒ်ဖြင့် ထည့်သွင်းအသုံးပြုနိုင်ဦးမည့် Tablet အမျိုးအစားဖြစ်သည်။ အရောင်အသွေးစုံလင်သောမျက်နှာပြင်နှင့် မြင့်မားသောမျက်နှာပြင်ကိုယ်ထည်အချိုးအစား၊ သတ္ထုကိုယ်ထည်ကို အသုံးပြု ထားပြီးကိုင်ဆောင်ရလွယ်ကူစေမည့် အနားစောင်းဒီဇိုင်းနှင့်အတူပါးလွှာပေါ့ပါးပြီးအကြမ်းခံနိုင်ခြင်းကြောင့် သင်ကြားရေး လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းသုံးနှင့်တစ်ကိုယ်ရည်အသုံးပြုခြင်းများစသည့် ဘက်စုံအသုံးပြုနိုင်မှာပဲဖြစ်သည်။ ၂၀၂၀ ဇွန်လဆန်းတွင် စတင်ဝယ်ယူရရှိနိုင်မှာဖြစ်ပြီးမတ်လ ၃၁ ရက်နေ့အထိ Pre-Order မှာယူနိုင်ပြီး HUAWEI Band 3e နှင့် HUAWEI Flip Cover ကို လက်ဆောင်ရရှိနိုင်မည်ဖြစ်သည်။
လက်ရှိအချိန်တွင် HUAWEI Y6p နှင့် Y8p ကို Pre-Order မှာယူလိူသူများအတွက် အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။
https://consumer.huawei.com/mm/campaign/y6py8p-preorder/