ကလေးသူငယ်တွေ နည်းပညာခေတ်ကို အကာကွယ်ပေးရင်း လေ့လာစေနိုင်မယ့် HUAWEI MatePad T8

HUAWEI အနေနဲ့ MatePad T8 Tablet ကို မိတ်ဆက်ပြီးတဲ့ အားလျော်စွာ အဆိုပါ Tablet ဟာ သေးသွယ်ပြီး ပေါ့ပါးတဲ့ ဒီဇိုင်း ၊စွမ်းဆောင်ရည် ကောင်းမွန်တဲ့ Octa-core Chipset နဲ့အတူ 5,100 mAh Battery ပါဝင်တဲ့ စွယ်စုံရ Tablet အဖြစ် ရေပန်းစား နေတာပါ။ MatePad T8 ဟာ နေ့တဓူဝ လုပ်ငန်းဆောင်တာတွေ လျှင်မြန်စွာ ဆောင်ရွက်ပေးနိုင်မယ့်အပြင် Entertainment ၊ Education ဘာပဲသုံးသုံး မြန်မာငွေ ၁၉၉,၀၀၀ ကျပ်ထဲနဲ့ ဝယ်ယူနိုင်မှာပါ။
ကလေးသူငယ်တွေ သင်ကြားရေးမှာ အထောက်ကူဖြစ်စေဖို့ Kids Corner ပါဝင်ထားပြီး အမျိုးမျိုး အထွေထွေလေ့လာနိုင် မယ့် Virtual Playground တဖြစ်လည်း Kids Corner ကို Recorder ၊ Camera ၊ Multimedia နဲ့ Kids Panting ဆိုတဲ့ Basic Module ၄ မျိုးနဲ့ ဖွဲ့စည်းထားပါတယ်။ Recorder Module မှာ Voice Notes ကို မှတ်သားပေးနိုင်ခြင်း ၊ ဒီလုပ်ဆောင်ချက်ကို Education တွက်ဖြစ်စေ ၊ အသံကို အသုံးပြုပြီး Exploring Game ကစားတဲ့အခါ ကလေးသူငယ်တွေ တေးသီချင်းသီဆိုခြင်း (သို့) ပျော်ရွှင်စရာအသံများ ဖန်တီးခြင်းဖြင့် အသုံးချနိုင်မှာပါ။ Camera Module မှာတော့ စိတ်ချရတဲ့ ပတ်ဝန်းကျင်မှာ သူငယ်တွေ နှစ်သက်သဘောကျလေ့ရှိတဲ့ အရာဝတ္ထု ပစ္စည်းတွေကို ဓာတ်ပုံရိုက်ကူးခွင့် ပေးမှာပါ။ Multimedia Section မှာတော့ Entertainment Features တွေ စုံလင်စွာ ပါရှိမှာဖြစ်ပြီး ကလေးသူငယ်တွေ သဘောကျမယ့် မည်သည့်အရာမဆို Control နဲ့ Access လုပ်ခွင့်ရှိစေမှာပါ။
Kids Painting ကတော့ Digital Art နဲ့ Drawing အနုပညာ တစိတ်တဒေသကို လေ့လာခွင့် ပေးမှာဖြစ်ပြီး ကိုယ်တိုင်လည်း Creative ကျကျ ရေးဆွဲ ဖန်တီးစေနိုင်မှာပါ။

Photo Source https://web.facebook.com/HuaweimobileMM/

အဆိုပါ Module ၄ မျိုးရဲ့ Function အားလုံးကို MatePad T8 နဲ့ ပြီးပြည့်စုံစေမှာ ဖြစ်တဲ့အတွက် မိဘတွေအနေနဲ့လည်း ကလေးသူငယ်တွေ ပျော်ရွှင်နေတာ ကြည့်ရင်း ပီတိခံစားရစေဦးမှာပါ။
ဒါပေမယ့် သတိချပ်စရာက Electronic Device အသုံးပြုပြီး Digital အကြောင်း လေ့လာတဲ့အခါ ကလေးသူငယ်တွေ ပျက်စီးစေနိုင်သလားဆိုတဲ့ နည်းပညာနဲ့ တိုက်ရိုက် မသက်ဆိုင်တဲ့ ပြင်ပ Influence တွေပါ။
ဒီအချက်ကို သုတေသန ကျကျ လေ့လာထားပြီး Full Parental Control လုပ်ခွင့် ပေးထားမှာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ကလေးငယ်တွေကို ဘယ် ဗီဒီယို ၊ ဓာတ်ပုံနဲ့ Apps တွေကိုပဲ အသုံးပြုလေ့လာစေဖို့ ကန့်သတ်ထားနိုင်မှာပါ။
ဒါကြောင့် မိဘတွေနဲ့ စိတ်ပူစရာ မလိုတော့သလို ကလေးသူတွေနဲ့ မအပ်စပ်တဲ့ Content အကြောင်းရာတွေ လေ့လာမိမှာကို လည်း တွေးပူစရာ မလိုပါဘူး။
ဒါ့အပြင် Message Application ကိုလည်း Safe Guard လုပ်ထားနိုင်ပြီး ကလေးအချင်းချင်း သိထားတာကိုမှ ကိုယ်နဲ့ ရင်းနှီးတဲ့သူငယ်ချင်း မိဘတွေရဲ့ ကလေးတွေနဲ့ပဲ ပြောဆိုခွင့်ပေးထားနိုင်တဲ့အတွက် ကိုယ်မသိ ၊ မရင်းနှီးတဲ့ သူစိမ်းတွေနဲ့ စကားပြောနေမလား စိုးရိမ်စရာလည်း မရှိပါဘူး။
အဆိုပါ Feature တွေထက် ချာတိတ်တွေ တကယ်စိတ်ဝင်စားတာက ရုပ်ရှင် ၊ တေးဂီတ ၊ Social Media နဲ့ ဂိမ်းတွေ ဖြစ်တဲ့အတွက် ဒါတွေနဲ့ပဲ အချိန်ကုန်နေရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အမြင်အာရုံ ထိခိုက် ပျက်စီးတာမျိုး ကြုံရနိုင်ပါတယ်။
Screen Time များလေ အမြင်အာရုံ ပိုမို ထိခိုက်လေ ဆိုတဲ့အတွက် မိဘတွေ သတိမထားမိနိုင်တဲ့ တိုင်အောင် Kids Corner နဲ့ သုံးစွဲရမယ့် အချိန်ကို ကန့်သတ် ပေးနိုင်ပါတယ်။
အခုလို Time Management လုပ်နိုင်တဲ့အပြင် သူတို့တွေ ဘယ်အချိန် Log in ဝင်ထားတယ်အစ သိနိုင်မှာဖြစ်တဲ့အတွက် အရေးပါတဲ့ လုပ်ဆောင်တွေလို့ စာဖတ်သူတွေ သိရှိနိုင်ပါတယ်။
ဒါ့အပြင် စိတ်ဝင်စားစရာတွေ ရှိပါသေးတယ် ၊ အဲ့ဒါက MatePad T8 နဲ့ ကလေးတွေ သုံးနေတဲ့အခါ သူတို့ရဲ့ Physical Health ကို စောင့်ကြည့်ပေးနိုင်မယ့် Tricks တချို့ Kids Corner မှာ ပါဝင်ထားပါသေးတယ်။
အဲ့ဒါက ဘာမျိုးလဲဆိုရင် ဆိုကြပါစို့ Tablet (သို့) Laptop ကွန်ပျူတာ သုံးတဲ့အခါမျိုးမှာတောင် အထက်မှာ ပြောသွားတဲ့ Posture ကဏ္ဍအတိုင်း မူမမှန်တဲ့ အနေထား ၊ အသုံးပြုတဲ့ Position ကို အမြင်အာရုံအပြင် အာရုံကြောနဲ့ အဆစ် ၊ မြစ်ကိုပါ နာကျင်စေမယ်ဆိုရင် အသိပေမယ့် Posture Alert ပါ။

Photo Source https://web.facebook.com/HuaweimobileMM/

တကယ်လို့ တနေရာထဲမှာ အကြာကြီး သုံးနေရင် ရွှေ့ဖို့ ၊ ပြောင်းဖို့ မှန်မှန်ကန်ကန် သုံးဖို့ Kids Corner က အသိပေးမှာပါ။ ဒါ့အပြင် MatePad T8 မှာ Blue Light Filter ၊ Bumpy Road Alerts ၊ eBook Mode အစရှိတဲ့ Eye Protection လုပ်ဆောင်ချက်တွေ ပါဝင်တဲ့အတွက် အကာကွယ် ရစေဦးမှာပါ။
အနှစ်ချုပ် အနေနဲ့ ဆိုရသော် MatePad T8 က Mobile Companion လည်း ဖြစ်သလို မိသားစုတစ်ခုအတွက် လိုအပ်တဲ့ အရာတစ်ခုလို့ ဆိုရမှာပါ။ ဈေးနှုန်းအားဖြင့်လည်း သင့်တင့်သလို စုံလင်တဲ့ Feature တွေကြောင့် Tablet တစ်လုံး စွမ်းဆောင်နိုင်တာက လိုတာထက် ပိုနေပါတယ်။
T8 ဟာ စွမ်းဆောင်ရည်ပိုင်း လှစ်ဟင်းမှုမရှိသလို ကလေးသူငယ်တွေ အသုံးပြုမယ် ဆိုပါက Kids Corner က Digital ခေတ် အားသာချက်ကို Physical Protection အကာကွယ်ပေးရင်း လေ့လာစေနိုင်မှာပါ။ နောက်တနည်း ပြောရင်တော့ နည်းပညာ ကမ္ဘာနဲ့ ပတ်သက်ပြီး လူငယ်တွေ သိလိုစိတ်နဲ့ စူးစမ်းလေ့လာချင်တာကို ပံ့ပိုးလိုက်တဲ့ Perfect First Step လို့ ပြောရမှာပါ။