မိသားစုတစ်ခုလုံး အသုံးတည့်စေမည့် HUAWEI MatePad T10 ကို မြန်မာနိုင်ငံတွင် ရောင်းချတော့မည်
Huawei Device Myanmar မှ ပေါ့ပါးပြီး သယ်ကူရလွယ်ကူစေသည့် ဒီဇိုင်းပိုင်း၊ ကလေးသူငယ်၊ ကျောင်းသားလူငယ်များအတွက် သင်ထောက်ကူလုပ်ငန်း အတွက်သာမက မိသားစု တစ်ခုလုံးအတွက် အသုံးတည့်စေမည့် ဈေးနှုန်းသင့်တင့်မျှတပြီး ၉.၇လက်မအရွယ်မျက်နှာပြင်၊ Audio ပိုင်းတွင် ကောင်းမွန်သည့် Tablet အမျိုးအစားသစ်ဖြစ်သည့် HUAWEI MatePad T10 ကို မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချတော့မည် ဖြစ်ကြောင်းသိရသည်။
အင်မတန်ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူစေရန် ဒီဇိုင်းပိုင်းတွင် ပြင်ဆင်ထုတ်လုပ်ထားပြီး စွမ်းဆောင်ရည်ပိုင်းအတွက် octa-core processor အမျိုးအစားဖြစ်သည့် Kirin 710A ကိုအသုံးပြုထားပြီး ဘက်ထရီပမာဏ များပြားပြီး ဒေတာအကူးအပြောင်းနှင့် အားသွင်းနိုင်ရန်အတွက် USB Type C နှင့်အတူ မန်မိုရီပမာဏကို 512GB အထိ ထပ်မံတိုးမြှင့်နိုင်မည့် Micro SD Card Slot ကို ထည့်သွင်းပေးထားပါသည်။ ထို့အပြင် EMUI 10.1 တွင်ပါဝင်လာသည့် Features သစ်များဖြစ်သည့် ကလေးသူငယ်များ သီးသန့်အသုံးပြုနိုင်ရန် Kids Corner ၊ လူကြီးလူငယ်မရွေး အမြင်အာ ရုံထိခိုက်မှုကို လျော့ပါးစေမည့် Eye Protection mode၊ App များကို ပွားသုံးစေနိုင်မည့် App Multiplier စသည့် အသုံးပြု သူများအတွက် အတွေ့အကြုံကောင်းများကို ယူဆောင်လာပေးမှာပဲဖြစ်သည်။ HUAWEI MatePad T10 ကို RAM 2GB၊ Memory 16GB အမျိုးအစားကို ၂၆၉၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး စက်တင်ဘာလကုန်အထိ Pre-Order မှာယူသူများအတွက် Flip Cover နှင့် Bluetooth Headset ကို လက်ဆောင်ရရှိမှာဖြစ်သည်။
Photo Source https://www.facebook.com/HuaweimobileMM/
HUAWEI MatePad T 10 သည် ၄၅၀ ဂရမ်ခန့်သာ အလေးချိန်ရှိသည့်အတွက် အလေးချိန်အားဖြင့် ပေါးပါးသည့်အပြင် နောက်ဘက်ကာဗာကို အခုံးပုံစံဖြင့် ဒီဇိုင်းဆွဲထားသောကြောင့် လက်ထဲတွင် ကိုင်တွယ်ရသက်တောင့်သက်သာ ရ်ှိစေမည့် အတွေ့အကြုံကို ရရှိစေမှာဖြစ်ပါသည်။ ၉.၇ လက်မအရွယ် မျက်နှာပြင်မှ 16:10 HD resolution အထိကို မြင်ကွင်းကျယ်ကျယ် အရောင်စိုစိုဖြင့် ကြည့်ရှုစေနိုင်မှာဖြစ်သည်။ အသံထွက်ပိုင်းအတွက် စပီကာနှစ်လုံးကို ထည့်သွင်းတပ်ဆင်ပေးထားပြီး Software ပိုင်းအတွက် HUAWEI Histen 6.1 ဖြင့် ထောက်ပံ့ပေးထားသည့်အတွက် 9.1-channel 3D surround အသံအရည်အသွေးကို ရရှိခံစားနိုင်စေမှာလည်း ဖြစ်သည်။
HUAWEI MatePad T10 တွင် စွမ်းဆောင်ရည်ပိုင်းအတွက် octa-core processor အမျိုးအစားဖြစ်သည့် Kirin 710A ကိုအသုံးပြုထားပြီး နေ့စဉ်လုပ်ဆောင်မှုများအတွက် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်စေမှာဖြစ်ပြီး ဘက်ထရီ သုံးစွဲမှုအပိုင်းတွင်လည်း သက်သာစေမှာ ဖြစ်သည်။ HUAWEI MatePad T10 ကို EMUI 10.1 ဖြင့်အသုံးပြုနိုင်မှာ ဖြစ်ပြီး နောက်ဆုံးထွက်ရှိထားသည့် UI ဖြစ်သည့်အတွက် Tablet တစ်ခုတွင် အသုံးပြုရန်သင့်တော်သည့် features များဖြစ်သော App Multiplier ၊ smart split-screen view၊ Dark Mode အစရှိသည့် features များကို အသုံးပြုနိုင်မည်ဖြစ်သည်။
Photo Source https://www.facebook.com/HuaweimobileMM/
HUAWEI MatePad T10 မှာဆိုလျင် ကလေးများအတွက် ဖန်တီးထားတဲ့ Kids corner ဆိုသည့်feature ပါဝင်သည်။ အဆိုပါ feature သည် ကလေးသူငယ်တွေ သင်ကြားရေးမှာအထောက်အကူဖြစ်စေရန် ရည်ရွယ်ထားပြီး Kids Corner တွင် Recorder ၊ Camera ၊ Multimedia ၊ Kids Painting ဆိုသည့် အဓိကအစိတ်အပိုင်း ၄ ခုပါဝင်သည်။ Parental control ပါဝင်သည့်အတွက် ကလေးငယ်တွေကို မည်သည့် ဗီဒီယို၊ ဓာတ်ပုံနှင့် Application တွေသုံးစေရန် ကန့်သတ်ထားနိုင်မည် ဖြစ်ပြီး မိဘတွေများအနေဖြင့် ကလေးသူငယ်တွေနှင့် မအပ်စပ်တဲ့အကြောင်းအရာများကို လေ့လာမိစေရန် လိုအပ်မည်မဟုတ်ပေ။ ကလေးသူငယ်များ ပိုစိတ်ဝင်စားသည့် ရုပ်ရှင်၊ သီချင်း၊ Game များနှင့် အချိန်ကုန်မှုများကို Kids corner မှ အချိန်ကိုကန့်သတ်ပေးနိုင်သည်။ နောက်ထပ်ထူးခြားသော function တစ်ခုမှာ ကလေးများမူမမှန်သော အနေ အထားှနှင့် အသုံးပြုပါက အာရုံကြောနဲ့အဆစ်မြစ်ကိုပါ နာကျင်စေနိုင်တဲ့အတွက် အသိပေးမည့် Posture Alert ပါဝင်ခြင်း ဖြစ်ပါသည်။ တစ်နေရာထဲတွင် အကြာကြီးသုံးနေရင် ရွှေ့ဖို့ပြောင်းရန် အသိပေးမည်ဖြစ်သည်။ ထို့အပြင် eBook Mode၊ Bumpy Road Alerts စသည့် မျက်လုံးအတွက် အကာကွယ်ပေးစေမယ့်လုပ်ဆောင်ချက်တွေလည်း ပါဝင်သည်။
ထိုကဲ့သို့ feature များနှင့် ကလေးများအတွက် သင်ထောက်ကူအဖြစ် အသုံးတည့်ရုံသာမက မိသားစု တစ်ခုလုံးအတွက်ပါ ဘက်စုံအသုံးတည့်စေမည့် Feature များကို HUAWEI MatePad T10 မှာပါဝင်လာပြီး အဆိုပါ HUAWEI MatePad T10 ကို RAM 2GB၊ Memory 16GB အမျိုးအစားကို ၂၆၉၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။
၂၀၂၀ ခုနှစ် စက်တင်ဘာလကုန်အထိ Pre-Order မှာယူသူများအတွက် Flip Cover နှင့် Bluetooth Headset ကို လက်ဆောင်ရရှိမည်လည်းဖြစ်သည်။