Mytel မှ မေတ္တာလက်ဆောင်များရယူနိုင်မည့် My Garawa အစီအစဉ်အားမိတ်ဆက်

Mytel မှ သီတင်းကျွတ်အခါသမယတွင်သုံးစွဲသူများအား ကျေးဇူးတုံ့ပြန်သောအနေဖြင့် “My Garawa” ပရိုမိုးရှင်းအစီအစဉ် ကိုစတင်မိတ်ဆက်ခဲ့ကြောင်းသိရသည်။
သီတင်းကျွတ်အချိန်အခါသမယသည် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်လေးစားမှုဖြင့် ပေးကမ်းမျှဝေကြသောအချိန်အခါ ဖြစ်သောကြောင့် Mytel မှလည်း ဂါရဝတရားရှေ့ထား၍ သုံးစွဲသူများအတွက်သီတင်းကျွတ် မေတ္တာလက်ဆောင်များ ရယူနိုင်မည့်ပရိုမိုးရှင်းအစီအစဉ်အပြင်ပျော်ရွှင်စရာ “My Garawa” ဂိမ်းအား MyID အက်ပလီကေးရှင်းတွင် အသစ်ထပ်မံထည့်သွင်းမိတ်ဆက်လိုက်ခြင်းဖြစ်သည်။
ဤပရိုမိုးရှင်းအစီအစဉ်သည် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ မှ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့အထိဖြစ်ပြီး ယခုအစီအစဉ်တွင် ပါဝင်နိုင်သည့် နည်းလမ်း ၃ မျိုးမှာ-
၁။ သုံးစွဲသူများက USSD 966 ၊ Infinity Plan နှင့် Mytel Pay မှတစ်ဆင့် Mytel ပတ်ကေ့ချ်များ (၂၀၀ကျပ်နှင့်အထက်) ကိုဝယ်ယူခြင်း(သို့) အခြားသူတစ်ဦးထံမေတ္တာလက်ဆောင်အဖြစ်ပေးပို့ခြင်း၊
၂။ ၁,၀၀၀ကျပ်နှင့်အထက် ဖုန်းငွေဖြည့်သွင်းခြင်း။
၃။ Mytel FTTH ပတ်ကေ့ချ်များအတွက် လစဉ်ကြေးပေးဆောင်ခြင်းတို့ဖြစ်သည်။

Photo Source https://www.facebook.com/mytelmyanmar

အထက်ပါ လုပ်ဆောင်ချက်တစ်ခုခုကိုပြုလုပ်တိုင်း အထူးဆုကြီးကိုကံစမ်းနိုင်မည့် Lucky ကုဒ်တစ်ခု၊ တယ်လီကွန်းဆုကြီးများ လက်ငင်းရရှိနိုင်မည့်အခွင့်အရေးနှင့်“My Garawa” ဂိမ်းကိုကစားနိုင်မည့် အကြိမ်ရေများကို ရရှိမည်ဖြစ်သည်။ My Garawa ဂိမ်းကစားပြီးဆင်းမ်ကဒ်များစုဆောင်းခြင်းဖြင့် အထူးဆုကြီးများဖြစ်သည့်Hyundai Grand i10 ကား(၁၀)စီး၊ Honda Scoopy မော်တော်ဆိုင်ကယ်အစီး (၂၀)နှင့်အခြားဆုကြီးပေါင်းများစွာကို ကံစမ်းပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ဂိမ်းထဲတွင် S1 မှ S10 အထိဆင်းမ်ကဒ်များကို စုဆောင်းရမည်ဖြစ်ပြီး တစ်ကြိမ်ကစားပြီးတိုင်းမှာလည်း Mytel ဒေတာများ၊ MytelPay E-money ဆုများနှင့်Loyalty ပွိုင့်များကဲ့သို့သော တယ်လီကွန်းဆုကြီးများကိုလည်းချက်ချင်း ရရှိနိုင်မည်ဖြစ်ပါသည်။သုံးစွဲသူများမှ သီတင်းကျွတ်အခါသမယကို “My Garawa” ပရိုမိုးရှင်းဖြင့် မိမိချစ်ခင်သူများနှင့်ပျော်ရွင်ကြည်နူးစွာဖြတ်သန်းနိုင်မည်ဖြစ်သည်။
Mytel သည်ခေတ်မီဆန်းသစ်သောနည်းပညာများဖြင့် သုံးစွဲသူများအားအထောက်အပံ့ဖြစ်စေနိုင်မည့် ဝန်ဆောင်မှုများနှင့် ပိုမိုကောင်းမွန်သောအတွေ့အကြုံများက ပေးစွမ်းနိုင်သည့်ဆက်သွယ်ရေးဝန်ဆောင်မှုများကို အဖိုးနှုန်းချိုသာစွာ အသုံးပြုနိုင်ရန် တီထွင်ဆောင်ရွက်လျက်ရှိသည်။ Mytel သည် မြန်မာ လူမျိုးတို့၏အလေ့အထနှင့်ကိုက်ညီပြီး အသုံးပြုသူများ၏လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောဆန်းသစ်တီထွင်မှုများနှင့် ဝန်ဆောင်မှုများအား ပံ့ပိုးပေး နိုင်ရန် အထူးအာရုံစိုက်၍ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

Photo Source https://www.facebook.com/mytelmyanmar

Mytel ကုမ္ပဏီသည် နိုင်ငံတကာဆက်သွယ်ရေး ဝန်ဆောင်မှုဈေးကွက်များတွင် ဆယ်စုနှစ်တစ်ခုကျော်တိုင် အတွေ့အကြုံရှိသေ ာမိတ်ဖက်အဖွဲ့ဝင်တစ်ခုဖြစ်သည့် Viettel ၏နည်းပညာများနှင့်ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။ Mytel သည် မြန်မာ လူမျိုးတို့၏ယဉ်ကျေးမှုအလေ့အထနှင့်ကိုက်ညီသည့် အရည်အသွေးပြည့်မီပြီး ကောင်းမွန်သော သုံးစွဲသူအကြိုက်ဝန်ဆောင်မှုများကိုပြည်သူပြည်သားများအတွက်နောက်ဆုံးပေါ်နည်းပညာများဖြင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ Mytel သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ခေတ်အမီဆုံးဆက်သွယ်ရေး အခြေခံအဆောက်အအုံ များတည်ဆောက်၍အကျယ်ပြန့်ဆုံး4.5G ကွန်ရက်ဖြန့်ကျက်မှုဖြင့်ပြည်သူလူထု၏ လူနေမှုဘဝများကို စွမ်းအားမြှင့်တင် ပေးနိုင်သော ဒီဂျစ်တယ်စနစ်သို့ကူးပြောင်းနိုင်ရန်ဦးတည်ဆောင်ရွက်နေသော ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည်။ Mytelသည်မြန်မာနိုင်ငံတွင် 5G ကွန်ရက်၊ e-SIM နှင့် VoLTE စနစ်တို့ကိုပထမဆုံးမိတ်ဆက်ပေးခဲ့သည့် အော်ပရေတာလည်းဖြစ်သည်။
Mytelသည်၂၀၂၀ခုနှစ်တွင်ယင်း၏ “Empower My Children” ဖောင်ဒေးရှင်းကို Mytel ၂ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ်တရားဝင်မိတ်ဆက်ခဲ့သည်။ ယခုအချိန်အထိ Mytel သည်မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး အော်ပရေတာများအနက် ပရဟိတဖောင်ဒေးရှင်းထူထောင်ထားသည့် ပထမဆုံးအော် ပရေတာလည်းဖြစ်သည်။ Mytel သည် COVID-19 ကပ်ရောဂါကျရောက်နေချိန်အတွင်းတွင် မြန်မာလူထုနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို ကူညီပံ့ပိုးရန်ရည်ရွယ်ကာ “Together We Fight COVID-19“ အစီအစဉ်ကိုအကောင်အထည်ဖော်ခဲ့ရုံမျှမက ဆေးရုံများ၊ကျောင်းများကိုအလှူငွေများ၊ လိုအပ်သောဆေးဝါးများ၊ Internet လှူဒါန်းခြင်းနှင့်ဈေးများတွင် Beach Umbrella များလှူဒါန်းခြင်းအစရှိသည်တို့ကိုလည်းလုပ်ဆောင်ခဲ့သည်။
အသေးစိတ်အချက်အလက်များကိုပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/mytelmyanmar