MPT မှ Data Carry Plus ပရိုမိုးရှင်းနှင့် ညလုံးပေါက် Facebook အခမဲ့အသုံးပြုနိုင်မည့် ဝန်ဆောင်မှုကို မိတ်ဆက်

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော MPT မှ သတ်မှတ်ထားသည့် အင်တာနက်ဒေတာ ပက်ကေ့ချ်များဝယ်ယူပြီး Facebook နှင့် Messenger တို့ကို ည ၁၁နာရီမှ မနက် ရနာရီအထိ အကန့်အသတ်မရှိ အခမဲ့အသုံးပြုနိုင်မည့် Data Carry Plus အထူးပရိုမိုးရှင်း ပက်ကေ့ချ်အား စတင်မိတ်ဆက်လိုက်ပြီဖြစ် ကြောင်းသိရသည်။
ထို့ပြင် Data Carry Plus ပက်ကေ့ချ်၏ နောက်ထပ် အကျိုးခံစားခွင့် အနေဖြင့် 400 GB အထိ အင်တာနက် ဒေတာများ ကံထူးနိုင်မည်ဖြစ်ပြီး သောကြာနေ့တိုင်းတွင် ဝယ်ယူပါက Happy Friday အပိုဆောင်းဒေတာ (MBs) များရရှိမည်ဖြစ်သည်။ Data Carry Plus ၏ သတ်မှတ်ထားသော အကျိုးခံစားခွင့်များအားလုံးသည် ပြောင်းလဲသွားခြင်းမရှိဘဲ အသုံးမပြုဘဲ ကျန်ရှိနေသည့် ဒေတာများကို ဒေတာသယ်ယူနိုင်သောကာလအတွင်း ပက်ကေ့ချ်ထပ်မံဝယ်ယူပြီး အလွယ်တကူ သယ်ဆောင် သွားနိုင်မည်ဖြစ်ပြီး ဒေတာသက်တမ်းကိုလည်း ပေါင်းစည်း အသုံးပြုနိုင်မည်ဖြစ်သည်။
၉၉၉ ကျပ်မှ စ၍ ၂၆,၉၉၉ကျပ်အထိ ပက်ကေ့ချ်များ ဝယ်ယူသည့် MPT မှ ဆွေသဟာ/ ရှယ်ပြော/ ရွှေစကား အစီအစဉ်များ ရယူထားသော GSM/WCDMA prepaid and postpaid အသုံးပြုသူအားလုံးသည် Data Carry Plus ပရိုမိုးရှင်း၏ ညလုံးပေါက် Facebook အခမဲ့အသုံးပြုနိုင်မည့် ဝန်ဆောင်မှုအစီအစဉ်တွင် ပါဝင်နိုင်ပါသည်။ ပက်ကေ့ချ် အသုံးပြုခွင့် သက်တမ်းသည် ရက်ပေါင်း (၃၀) ဖြစ်ပြီး ဒေတာသယ်ယူနိုင်သော ကာလမှာ (၇)ရက် ဖြစ်သည်။ ဝယ်ယူထားသော Data Carry Plus ပက်ကေ့ချ်မှ အင်တာနက်ဒေတာပမာဏများ အားလုံး သက်တမ်းမတိုင်ခင် ကုန်ဆုံးသွားသော်လည်း သုံးစွဲသူများအနေဖြင့် Data Carry Plus ၏ ညလုံးပေါက် Facebook ကို အကန့်အသတ်မရှိ အခမဲ့ အသုံးပြုနိုင်မည့် ဝန်ဆောင်မှုအစီအစဉ်ဖြင့် ဒေတာဖိုး ထပ်မံကုန်ကျမှုမရှိဘဲ ဝယ်ယူထားသော ပက်ကေ့ချ်သက်တမ်းအတိုင်းအခမဲ့ ဆက်လက် အသုံးပြုနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage

ညလုံးပေါက် Facebook ကို အကန့်အသတ်မရှိ အခမဲ့ အသုံးပြုနိုင်မည့် Data Carry Plus ပက်ကေ့ချ်များကို MPT4U App သို့မဟုတ် *777# သို့ ခေါ်ဆိုခြင်းများမှတစ်ဆင့် ရိုးရှင်းလွယ်ကူစွာ ဝယ်ယူအသုံးပြုနိုင်ပါသည်။ MPT အသုံးပြုသူများအနေဖြင့် အကြိမ်အရေအတွက် အကန့်အသတ်မရှိ စိတ်ကြိုက်ဝယ်ယူနိုင်မည်ဖြစ်ပြီး နောက်ဆုံး ဝယ်ယူထား သော ပက်ကေ့ချ်ဒေတာပမာဏနှင့် သက်တမ်းကိုလည်း ပေါင်းစည်းအသုံး ပြုနိုင်မည်ဖြစ်သည်။
Free Night Facebook ဝန်ဆောင်မှုအစီအစဉ်တွင် Facebook App (ပြင်ပ links များမပါဝင်)၊ Messenger (Voice နှင့် Video calls များမပါဝင်) နှင့် Browser မှ Facebook အသုံးပြုခွင့်ကို မည်သည့်ဒေတာကုန်ကျမှုမှမရှိဘဲ အသုံးပြုနိုင်ခွင့်ရှိပြီး Messenger မှတစ်ဆင့် ဗွီဒီယိုနှင့်ဖုန်းခေါ်ဆိုခြင်းများ၊ Facebook App နှင့် Browser မှတစ်ဆင့် ပြင်ပ links များဝင်ရောက်ကြည့်ရှုခြင်းများ အကျုံးမဝင်သဖြင့် သုံးစွဲသူများအနေဖြင့် အဆိုပါ အသုံးပြုမှုများ အတွက် ဒေတာအသုံးပြုခကျသင့်မည်ဖြစ်ကာ ဝယ်ယူထားသော ပက်ကေ့ချ်အလိုက် (သို့မဟုတ်) သုံးသလောက် ပေး အင်တာနက်နှုန်းထားဖြင့် ခေါ်ဆိုနိုင်မည်ဖြစ်သည်။
“မြန်မာနိုင်ငံမှာ Facebook က ရေပန်းအစားဆုံး လူမှုကွန်ရက်တစ်ခုဖြစ်ပြီး Facebook နဲ့ အတူ ပူးပေါင်း ဆောင်ရွက်မှုတွေဖြစ်တဲ့ စာသားသီးသန့် Facebook ဗားရှင်း (Facebook Flex) ၊ မကြာသေးခင်က မိတ်ဆက်သွားတဲ့ Facebook Discover Android App နဲ့ ဒီနေ့မှာတော့ Free Night Facebook ကို ကျွန်တော်တို့ ဂုဏ်ယူစွာနဲ့မိတ်ဆက်လိုက်ပါပြီ။ အခုမိတ်ဆက်လိုက်တဲ့ အစီစဉ်နဲ့ဆို သုံးစွဲသူတွေအတွက် ဒေတာကုန်ကျ စရိတ်မရှိဘဲ မိတ်ဆွေတွေနဲ့ ဆက်သွယ်နိုင်ဖို့၊ မိသားစုတွေနဲ့ သတင်းအချက်အလက်တွေ သိခွင့်ရဖို့၊ သူတို့ရဲ့ အကြောင်းအရာတွေကို တင်ပြဖို့၊ ဝေမျှဖို့၊ ဒါမှမဟုတ် အုပ်စုဖွဲ့ စကားတွေပြောနိုင်တော့မှာဖြစ်လို့ ကျွန်တော်တို့ အနေနဲ့ သုံးစွဲသူတွေကျေနပ် နှစ်သက်သဘောကျမယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ အထူးသဖြင့် အခုလိုမျိုး စိန်ခေါ်မှုတွေရှိတဲ့ အချိန်မှာ ‘မြန်မာပြည်နှင့်အတူရှိနေမယ်’ဆိုတဲ့ MPT ရဲ့တာဝန်နဲ့ ကတိကဝတ်ကို ကျွန်တော်တို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး နှစ်ကာလတစ်လျှောက်လုံး Facebook နဲ့အတူ ခိုင်မာတဲ့ မိတ်ဖက်အဖြစ် ရပ်တည်သွား ဖို့ပါပဲ။” ဟု MPT-KGSM Joint Operations မှ စီးပွားရေးဌာနကြီး၏ အရာရှိချုပ် ဖြစ်သူ Mr. Tetsunori Nagashima မှ ပြောကြားသည်။

Photo Source https://www.facebook.com/mptofficialpage

မကြာသေးမီက MPT အနေဖြင့် ဒုံးပျံအိမ်သုံးအင်တာနက် ဝန်ဆောင်မှုကို မြန်မာနိုင်ငံဒေသအတွင်းရှိ မြို့နယ် ၅၁ မြို့နယ်သို့ သိသိထင်ရှားစွာ တိုးချဲ့နိုင်ခဲ့သည်။ MPT ဖုန်းအချင်းချင်း ဆက်သွယ်ခေါ်ဆိုရာတွင် ဖုန်းတစ်ခါခေါ်တိုင်း တစ်နာရီအတွင်း ပထမ(၅) မိနစ်စာ ဆက်တိုက်ပြောဆိုမှုများအတွက် ကနဦး (၅) မိနစ်စာ အတွက်သာ ကျသင့်မည် ဖြစ်ပြီး ကျန် ၅၅ မိနစ်ကို အခမဲ့ ခေါ်ဆိုနိုင်မည့် “နာရီတိုင်းမှာ ၅ မိနစ်စာ” အထူးအစီအစဉ်ကိုလည်း MPT မှ ပေးအပ်လျက်ရှိသည်။
Data Carry Plus ပရိုမိုးရှင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ် ဘုတ်ခ်စာမျက်နှာဖြစ်သော https://www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။