အွန်လိုင်းမှ မှာယူမှုများကို ဒီဂျစ်တယ်ငွေပေးချေမှုဖြင့် ဆောင်ရွက်နိုင်ရန် MPT Money နှင့် Hi-So ၊ Zay Chin Mart တို့ပူးပေါင်း

ကုန်ပစ္စည်းများ၊ အစားအစာများနှင့် အိမ်အတွက်လိုအပ်သော ပစ္စည်းများမှာယူရာတွင် မိမိတို့နေအိမ်၌ပင် E-Wallet ဝန်ဆောင်မှုမှတစ်ဆင့် မြန်ဆန် လုံခြုံစိတ်ချရသော ဒီဂျစ်တယ်ငွေပေးချေမှုကို ဆောင်ရွက်နိုင်ရန် MPT Money သည် မြန်မာထိပ်တန်း အွန်လိုင်းဆိုင်များ ဖြစ်သော Hi-So နှင့် Zay Chin Mart တို့နှင့်ပူးပေါင်းဆောင်ရွက်လိုက်ပြီဖြစ်ကြောင်းသိရ သည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေများကြောင့် အွန်လိုင်းမှဈေးဝယ်ခြင်းနှင့် အိမ်အရောက်ပို့ဆောင်မှုစနစ်များသည် လက်ရှိမြန်မာပြည်သူများ၏ နေ့စဉ်ဘဝတစ်စိတ်တစ်ပိုင်းတွင် မရှိမဖြစ်အရေးပါလာခဲ့ပြီး မြန်မာနိုင်ငံတွင် အယုံကြည်ရဆုံး ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သည့် MPT Money သည် သုံးစွဲသူများသို့ လွယ်ကူစိတ်ချရသော ငွေသားမဲ့စနစ် ဒီဂျစ်တယ်ငွေပေးချေမှုဝန်ဆောင်မှုဖြင့် အွန်လိုင်းမှဈေးဝယ်ယူသည့် အတွေ့အကြုံကောင်းများကို ပေးစွမ်းနိုင် စေရန် ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

Photo Source https://www.facebook.com/MPTMoneyOfficial

MPT Money သုံးစွဲသူများသည် Hi-So နှင့် Zay Chin Mart တို့မှ ကုန်ပစ္စည်း ဝယ်ယူမှုများအတွက် လွယ်ကူစွာပင် ငွေပေး ချေနိုင်ပြီး MPT Money အကောင့် ကို အသုံးပြုခြင်းဖြင့် ငွေလွှဲဝန်ဆောင်ခမပေးရဘဲ ဈေးဝယ်သူများ၏ အိမ်ရှေ့အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် MPT Money နဲ့ ငွေချေမှုတိုင်းအတွက် ဝယ်ယူသည့်ပမာဏ၏ ပြန်အမ်းငွေ ၁၀ ရာခိုင်နှုန်းကိုလည်း MPT Money ၏ E-Wallet တွင် [သတ်မှတ်ထားသည့် ပမာဏအတွင်း] လက်ခံရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် Zay Chin Mart သည် လက်ရှိတွင် MPT Money ပရိုမိုးရှင်း ဆုလက်ဆောင်များနှင့်အတူ “Zay Chin Spin – Lucky Wheel ” အစီအစဉ်ကို ပြုလုပ်လျက်ရှိသည်။ Hi-So မှ ပို့ဆောင်ခ အခမဲ့အစီအစဉ်ကို ပြုလုပ်ပေးထားတာကြောင့် သုံးစွဲသူများအနေနဲ့ ပို့ဆောင်ခ ပေးစရာမလိုဘဲ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုရယူနိုင်တဲ့ အပြင် MPT Money အကောင့်ဖြင့် ငွေပေးချေရုံနှင့် E-money ပြန်အမ်းငွေ ၁၀ ရာခိုင်နှုန်း ပါ ရရှိနိုင်မှာဖြစ်ပါတယ်။

Photo Source https://www.facebook.com/MPTMoneyOfficial

“ဒီနေ့မှာတော့ အွန်လိုင်းကနေဈေးဝယ်သူတွေအတွက် သတင်းကောင်းတွေကို ကျွန်တော်တို့ ယူဆောင်လာခဲ့ပါပြီ။ MPT Money နဲ့အတူ ကျွန်တော်တို့ရဲ့သုံးစွဲသူတွေအတွက် ပစ္စည်းလာပို့သူ အိမ်ရှေ့ရောက်လာချိန်မှာ ကျသင့်ငွေပေးဖို့ ရှာနေစရာမလိုတော့ဘဲ e-money ကိုအသုံးပြုပြီး ကြိုတင်ငွေပေးရုံနဲ့ အချင်းချင်း ထိတွေ့ဆက်သွယ်စရာမလို၊ လူမှုစည်းခြားခြင်းဖြင့် အိမ်အရောက်ပို့ဆောင်မှုစနစ်ကို ရယူခံစားနိုင်ပါပြီ။ ထပ်မံပြီးတော့လည်း ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေနဲ့ ပူပေါင်းပြီး စွဲမက်ဖွယ်ရာကောင်းတဲ့ ပရိုမိုးရှင်း အစီအစဉ်တွေကိုလည်း သုံးစွဲသူတွေအတွက် ဆောင်ရွက်ပေးထားပါတယ်။”ဟု MPT Money ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးခင်မောင်မြင့်မှ ပြောကြားသည်။
MPT Money သည် သုံးစွဲသူများအတွက် စိတ်လှုပ်ရှားဖွယ်ရာအကျိုးခံစားခွင့်များနဲ့ ကမ်းလှမ်းမှုများကို ပြန်လည်ပေးအပ် လျက်ရှိသည်။ MPT Money အသုံးပြုသူများအနေဖြင့် MPT ဆင်းမ်ကတ်များကို ငွေဖြည့်သွင်း ရာတွင် ပြန်အမ်းငွေ ၁၀ ရာခိုင်နှုန်းနှင့် အခြားဆင်းမ်ကတ်များကို ငွေဖြည့်သွင်းရာတွင် ပြန်အမ်းငွေ ၃ ရာခိုင်နှုန်းကို e-money အဖြစ် [သတ်မှတ်ထားသည့် ပမာဏအတွင်း] ရရှိခံစားနိုင်မည်။ MPT Money အသုံးပြုမှုမြင့်တက်လာခြင်းသည် မြန်မာနိုင်ငံ တစ်ဝန်း E-commerce ကုမ္ပဏီများ၏ ငွေသားမဲ့စနစ် ပြောင်းလဲမှုကို ဦးဆောင်လွှမ်းမိုးလာခြင်းပင်ဖြစ်သည်။ E-Wallet မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုသည် အသုံးပြုသူများအတွက် ၎င်းတို့၏ ငွေကြေးများကို လုံခြုံစိတ်ချစွာ၊ မြန်ဆန်ချောမွေ့စွာ နှင့် အဆင်ပြေသက်သာစွာ စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/MPTMoneyOfficial

MPT Money အက်ပလီကေးရှင်းကို မည်သည့် မိုဘိုင်းလ်ကွန်ရက်ဖြင့်မဆို အသုံးပြုနိုင်ပြီး Android အသုံးပြုသူများ အနေဖြင့် http://bit.ly/MPTMoneyAndroid နှင့် iOS အသုံးပြုသူများအနေဖြင့် http://bit.ly/MPTMoney_iOS တို့မှ ဒေါင်းလုတ်ရယူနိုင်ပါသည်။
MPT Money နှင့် ပတ်သက်၍ အချက်အလက်များပိုမိုသိရှိလိုပါက ၉၉၀ နှင့် ၀၁၂၃၂၃၉၉၀ သို့ ဆက်သွယ်ခေါ်ဆိုနိုင်ခြင်း (သို့မဟုတ်) MPT Money Official Facebook Page https://www.facebook.com/MPTMoneyOfficial နှင့် Hi-So https://web.facebook.com/hiso.team/ (သို့မဟုတ်) Zay Chin Mart https://web.facebook.com/zaychinonline/?ref=br_rs သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။