HUAWEI WATCH 3 Pro ၏ အသေးစိတ်လုပ်ဆောင်ချက်များအကြောင်း

Huawei ရဲ့ထုတ်ကုန်တွေထဲမှာ Huawei Watch 3 Pro ကလည်း အသုံးပြုသူများအကြားရေပန်းစားတဲ့ ထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။ ဂန္တဝင်ဆန်သောအဝိုင်းပုံစံနှင့် တိုက်တေနီယမ်အဖုံးတို့က HUAWEI WATCH 3 Pro ကို ပရောဖက် ရှင်နယ်ဆန်သောပုံစံကို အချိန်စက္ကန့်တိုင်းပေးပါတယ်။ ဒါ့အပြင် ကြီးမားသော ultra-vivid 1.43″ AMOLED display ကျေးဇူးကြောင့်အခိုက်အတန့်တိုင်းကို ထုတ်ဖော်ပြသနိုင်မှာပါ။
HUAWEI WATCH 3 Pro ကို high-response touch-sensitive screen၊ ဘေးခလုပ်နှင့် အပြည့်လှည့်နိုင်သော crown တို့ကိုအသုံးပြုပြီး လွယ်ကူစွာထိန်းချုပ်နိုင်ပါတယ်။ Crown ကိုလှည့်ပြီး on-display features များနှင့် volume settings များကို အလွယ်တကူ scroll လုပ်နိုင်ပါတယ်။
HUAWEI WATCH 3 Pro မှာ အမိုက်စား animated faces တွေ၊ pre-installed faces များ ၃၀ ကျော်ပါဝင်ပါတယ်။ ဒါ့အပြင် HUAWEI Watch Face Store1 မှာ ဒီဇိုင်းပေါင်း ၁၀၀၀ကျော်လည်း ပါရှိပါတယ်။ အသုံးပြုသူရဲ့ဖုန်းထဲမှာရှိတဲ့ ဗီဒီယိုအတိုလေးတွေကို အသုံးပြုပြီး ကိုယ်ပိုင် animated Watch Faces လေးအတွေအဖြစ်ဖန်တီးနိုင်ပါတယ်။ ဒါ့အပြင် ရိုးရိုးရှင်းရှင်းနှင့် လွယ်ကူသောဇယားကွက်ကို မျက်နှာပြင်ပေါ်တွင်ဖွဲ့စည်းထားခြင်းက app တစ်ခုချင်းစီအတွက် အသုံးပြု ရလွယ်ကူ သဘာဝကျပြီး ချောမွေ့စေပါတယ်။
eSIM နည်းပညာ ကိုအသုံးပြုပြီး ဆက်သွယ်ရေးပစ္စည်းတစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။ ဖုန်းခေါ်ဆိုခြင်း၊ သီချင်းနား ထောင်ခြင်း၊ ဖုန်းကိုချိတ်ဆက်စရာမလိုပဲ apps များကိုဒေါင်းလုပ်ရယူခြင်းတို့ကို အသုံးပြုနေသည့်နံပါတ်တစ်ခုတည်းနှင့် ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် သီချင်းနားထောင်ခြင်းကို HUAWEI WATCH 3 ဖြင့်ထိန်းချုပ်နိုင်သည့်အပြင် ဖုန်းမှတဆင့် Visions နှင့် speakers ကိုလည်းထပ်တူပြုလုပ်နိုင်ပါတယ်။

Photo Source https://consumer.huawei.com/mm/wearables/

လက်ရှိလုပ်နေသော tasks များဖြစ်တဲ့ workout၊ ဖုန်းခေါ်ဆိုမှု၊ သီချင်း၊ stop Watch စတဲ့များစွာသောအရာကိုကြည့်ရှုနိုင်ပါတယ်။ HUAWEI ရဲ့ Personal Voice Assistant ဖြစ်တဲ့ Celia ဝင်ရောက်လာတာပဲဖြစ်ပါတယ်။ HUAWEI WATCH 3 Pro တွင်ထည့်သွင်းထားပြီးဖြစ်သော Celia က ဖုန်းကူညီ ခေါ်ဆိုပေးခြင်း၊ device ကိုထိန်းချုပ်ပေးခြင်းနှင့် အသုံးဝင်သောအချက်အလက်တို့ကိုလျင်မြန်စွာ ကူညီရှာဖွေပေးနိုင်ပါတယ်။ ဒါ့အပြင် Voice Memo feature ကိုအသုံးပြုပြီး အရေးကြီးတဲ့အချက်အလက်များကို မှတ်သားပေးထားနိုင်ပါတယ်။
လွယ်ကူတဲ့ hand gestures နှင့်ဖုန်းအဝင်ခေါ်ဆိုမှုများကို ထိန်းချုပ်နိုင်ပါတယ်။ လက်သီး ဆုပ်လိုက်၊ဖြေလိုက်ပြုလုပ်ပြီး ဖုန်းခေါ်ဆိုနိုင်ခြင်း သို့မဟုတ် လက်ကောက်ဝတ်ကိုတစ်ဖက်သို့လှည့်ပြီး အဝင်ခေါ်ဆိုမှုကို mute လုပ်ထားနိုင်ပါတယ်။ Apps များကို HUAWEI WATCH 3 Pro မှတဆင့် HUAWEI in-house app market၊ HUAWEI AppGallery တို့မှဒေါင်းလုပ်ရယူနိုင်ပါတယ်။ အခြား third party apps များဖြစ်သော သီချင်း၊ လေ့ကျင့်ခန်း၊ နေ့စဉ်အသုံးပြုသော tools၊ ခရီး စသည်တို့ကိုရှာဖွေနိုင်မှာပါ။
Remote shutter feature ကိုအသုံးပြုပြီး သူငယ်ချင်းများအားလုံးနဲ့ ကောင်းမွန်သောဓာတ်ပုံကိုရိုက်ကူးနိုင်ပါတယ်။ crown ကိုအသုံးပြုပြီး zoom အနီးအဝေးပြုလုပ်ပြီး မှန်ကန်သောရိုက်ချက်ကိုအမြဲရရှိစေမှာပါ။ ကျန်းမားရေးနှင့် လေ့ကျင့်ခန်းခရီးတစ်လျှောက်အတွက် smart data ရဲ့စွမ်းအားကိုအသုံးပြုပြီး အကူအညီရယူလိုက်ပါ။ HUAWEI Health App မှာအားလုံးကိုမှတ်တမ်းတင်ထားပြီး သင့်ရဲ့တိုးတက်မှုတစ်လျှောက်ကို လွယ်ကူပြတ်သားစွာနဲ့ ကြည့်ရှုနိုင်မှာပါ။
HUAWEI WATCH 3 Pro မှာပါဝင်တဲ့ Skin Temperater Detector ကိုအသုံးပြုပြီး မိမိရဲ့အပူချိန်မြင့်မားနေလျှင် ချက်ခြင်းသိရှိနိုင်ပါတယ်။
HUAWEI ရဲ့အသစ်မြှင့်တင်ထားတဲ့ TruSeenTM 4.5 heart rate monitoring technology မှာ 6-in-1 LED နဲ့ အလင်းပိုမိုရရှိရန်အတွက် photodiodes ၄ ခုပါဝင်ပါတယ်။ Sapphire မှန်ဘီလူးက အလင်းကိုပိုမိုထိုးဖောက်နိုင်ခြင်း၊ စွမ်းအင်သုံးစွဲမှုနည်းခြင်းနှင့် ပိုမိုကောင်းမွန်သော ဝတ်ဆင်ရသည့်အတွေ့အကြုံကို ခံစားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အဆင့်မြင့် algorithms က ပိုမိုတိကျသော နှလုံးခုန်နှုန်းကို တိုင်းတာစောင့်ကြည့်ပေးပါတယ်။

Photo Source https://consumer.huawei.com/mm/wearables/

အရေးပေါ်သည်မည့်သည့်အချိန်တွင် ဖြစ်ပေါ်မည်ကိုကြိုတင်မသိနိုင်သောကြောင့် ကြိုတင်စီစဉ်ထားသင့်ပါတယ်။ မည်သည့်အခြေအနေမျိုးကြောင့် HUAWEI WATCH 3 Pro ပြုတ်ကျသည်ဖြစ်စေ ချက်ချင်း emergency mode ကိုပြောင်းပြီး စီစဉ်ထားသည့်ဆက်သွယ်ရမည့်သူကို သတိပေးမှာဖြစ်ပါတယ်။ တခြားနည်းဖြင့်ဆိုသော Up button ကို ၅ ကြိမ်နှိပ်ခြင်းဖြင့် emergency service များကို ချက်ချင်းခေါ်ဆိုနိုင်ပါတယ်။
အသုံးပြုသူရဲ့ ခြေလှမ်း၊ ဓမ္မတာအခြေအနေ၊ ကယ်လိုရီလောင်ကျွမ်းနှုန်း၊ အိပ်စက်ချိန်အရည်အသွေး၊ စိတ်ဖိစီးမှု level နှင့်အခြားသောအရာများရဲ့ နေ့စဉ်၊အပတ်စဉ်မှတ်တမ်းကိုကြည့်ရှုနိုင်ပါတယ်။ လက်ကောက်ဝတ်ပေါ်က full-feature fitness tracker၊ workout modes ၁၀၀ ကျော်၊ pro indoor နှင့် outdoor အားကစားအတွက် pro modes ၁၉ ခု နှင့် ပုံမှန်ပြုလုပ်နေကျ workout ပုံစံ ၆ ခုပါဝင်သော အလိုအလျောက်လေ့ကျင့်ခန်းထောက်လှမ်းနိုင်သော custom modes ၈၅ ခု တို့ကို ရယူနိုင်ပါတယ်။ ဒါ့အပြင် multimode GNSS location sensor နဲ့ အကောင်းဆုံးသောပြင်ပခြေရာခံစနစ်ကို ရယူနိုင်မှာဖြစ်ပါတယ်။
HUAWEI WATCH 3 Pro ကို dual-chipset architecture တပ်ဆင်အသုံးပြုထားသောကြောင့် စွမ်းဆောင်ရည်မြှင့်တင်ရုံသာမက ပိုမိုမျှတသောလုပ်ဆောင်မှုကိုလည်း ရရှိနိုင်ပါတယ်။ Smart Power-Saving Algorithm 3.0 နဲ့ပေါင်းစပ်ထားတာကြောင့် 24/7 health နှင့် fitness ကိုတစ်နေ့တာလုံး စောင့်ကြည့်နိုင်ပါတယ်။ ပုံမှန်အသုံးပြုပုံမျိုးဖြစ်သော smart mode12 တွင် ၅ ရက်ကြာအောင်အသုံးပြုနိုင်ပြီး ultra-long battery life mode ဖြင့် ၂၁ ရက်ထိကြာအောင် အသုံးပြုနိုင်ပါတယ်။