AGD Bank မှ ငွေသားချက်ချင်းထုတ်ယူလိုသူများအတွက် INSTA Cash အကောင့်သစ်ဝန်ဆောင်မှုမိတ်ဆက်

AGD Bank အနေဖြင့် ငွေလွှဲပြောင်းခြင်း၊ ငွေထည့်သွင်းလက်ခံခြင်းများပြုလုပ်ပြီးနောက် ငွေသား ချက်ချင်းထုတ်ယူလိုသောသူများအတွက် (၂၄ ရက်နေ့၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်) မှစတင်ကာ အကောင့်အမျိုးအစား အသစ် INSTACash ကို ဖွင့်လှစ်အသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရသည်။
အခြားဘဏ်များမှ (Interbank/CCT) ဖြင့်လွှဲပြောင်းသောငွေများ၊ ချက်စာရွက်ဖြင့်လွှဲပြောင်းသောငွေများ၊ ငွေသားထည့် သွင်းထားသောငွေများ ကို တစ်ပတ်လျှင် ကျပ်ငွေ ၁၀သိန်း အထိ တိုကင်ယူစရာမလို၊ ဘဏ်ငွေ ထုတ်ရက်အထိစောင့်စရာမလို၊ တန်းစီစရာ မလိုပဲ ထုတ်ယူနိုင်မည့်အပြင်၊ အကောင့်ထဲတွင်ကျန်ရှိသောငွေများအတွက် အတိုးနှုန်း ၄ ရာခိုင်နှုန်း ရရှိနိုင်မည် ဖြစ်သည်။
INSTACash ကို ငွေကျပ် ၅သိန်း မှစတင်ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး ငွေထည့်သွင်းမှုများကို ငွေသားအပြင် အခြားဘဏ်မှ Interbank ငွေလွှဲ နှင့် clearing cheque တို့ဖြင့်ပါ အလွယ်တကူပြုလုပ်နိုင်သည်။
ငွေသားအလွယ်တကူထုတ်ယူရင်း အတိုးပါရရှိနိုင်မည့် INSTACash အကောင့်ကို နီးစပ်ရာ AGD ဘဏ်ခွဲများတွင် လာရောက်စုံစမ်းနိုင်ကြောင်းလည်းသိရသည်။

Photo Source https://web.facebook.com/AGDBank

ထို့အပြင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့မှစတင်ပြီး AGD ဘဏ်တွင် လုပ်ငန်းရှင်များ၊ ဆိုင်ရှင်များအတွက် အထူးသင့်တော်သော EZYBiz current အကောင့်ကိုဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်းလည်း AGD Bank မှထုတ်ပြန်ထားသည်။ အသစ်မိတ်ဆက်လိုက်သော EZYBiz အကောင့်ဖြင့် လုပ်ငန်း၊ဆိုင်ခန်းများအတွက် နည်းအမျိုးမျိုးဖြင့် ငွေလက်ခံနိုင်မှာဖြစ်ပြီး ငွေသားကိုအပတ်စဉ် ပြန်ထုတ်ယူနိုင်မည့် အာမခံချက်ပါ ရရှိသွားမည်ဖြစ်သည်။
စာရင်းရှင်အပ်ငွေစာရင်း အသစ် EZYBiz သည် အာမခံချက်ရှိသော ငွေသားထုတ်ယူမှု၊ အခြားဘဏ်များသို့ (interbank) ငွေလွှဲခ အခမဲ့ စသည်တို့ကို ရယူပြုလုပ်နိုင်မှာ ဖြစ်သည်။ လုပ်ငန်းရှင်များ၊ ဆိုင်ရှင်များ အနေဖြင့် အကောင့်အတွက် မိမိလုပ်ငန်းအထောက်အထားပြသရန်လိုအပ်ပြီး မြန်မာငွေ ၁၀ သိန်းကျပ်ကနေ အကောင့် စတင်ဖွင့်လှစ်နိုင်မည် ဖြစ်ပါသည်။
အသေးစိတ်အချက်အလက်များထပ်မံသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://web.facebook.com/AGDBank