OPPO F21 Pro ဖြင့် စမ်းသပ်ရိုက်ကူးခဲ့ကြသည့် CATCHING SUNSET ဓာတ်ပုံများကို OPPO မှ ထုတ်ပြန်

OPPO F21 Pro ဖြင့် စမ်းသပ်ရိုက်ကူးခဲ့ကြသည့် CATCHING SUNSET ဓာတ်ပုံများကို OPPO မှ ထုတ်ပြန်လိုက်သည်။ Smartphone ထုတ်လုပ်မှုတွင် ပုံမှန်အားဖြင့် ကင်မရာတစ်ခုထက်ပိုပြီး ပါဝင်သည့် Smartphone များတွင် Main Camera မှ လွဲ၍ အခြားကင်မရာများအတွက် 2MP Wide-angle သို့မဟုတ် Mono Camera များကို သာ အသုံးပြု ကြသည်။ အမှန်မှာ ထိုသို့ အသုံးပြုထားခြင်းသည် ဓာတ်ပုံရိုက်ရာမှာ ထင်ထားသလောက် အသုံးဝင်ခြင်း မရှိပေ။ OPPO သည် ကင်မရာများတွင် အသုံးဝင်မှုအသစ်တစ်ခုကို ရှာဖွေပေးပြီး အသုံးပြုသူများအတွက် ကမ္ဘာကြီးကို ကြည့်ရှုရန် အသစ်အသစ်သော နည်းလမ်းများပေးလိုသည်။ ထို့ကြောင့် Lenses များစွာကို စမ်းသပ်ကြည့်ပြီးနောက် Microlens သည် အသုံးပြုသူများကို လူ့မျက်စိဖြင့် တိုက်ရိုက်မမြင်နိုင်သော Micro World ကို တွေ့မြင်နိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/OPPOMyanmar/posts/2227970870694122

Microlens သည် RGB အလင်းတန်းများကိုလည်း ဖမ်းယူနိုင်မည်ဖြစ်ပြီး အတွင်းပိုင်းမှ အသေးစိတ် အရောင်များနှင့် မျက်နှာပြင်ကို ကြည့်ရှုနိုင်မည်ဖြစ်သည်။ အသုံးပြုသူများ အံ့အားစေလောက်မည့် ထို Feature ကို OPPO သည် ထုတ်ကုန်၏ ဈေးနှုန်းကို တိုးမြှင့်ခြင်းမရှိဘဲ F21 Pro ၏ ကင်မရာအရည်အသွေးကို မြှင့်တင်ပေးနိုင်ခဲ့သည်။ ဆိုလိုသည်မှာ ဖုန်းတစ်လုံးတွင် Feature အသစ်တွေ များစွာဖန်တီးထည့်သွင်းထားလျင် ထုတ်ကုန်၏ ဈေးနှုန်းက တိုးလာမှာဖြစ်ပေမဲ့ OPPO F21 Pro တွင် Feature အသစ်တွေ အများကြီး ဖန်တီးထည့်သွင်းထားပေမဲ့ ထုတ်ကုန်၏ ဈေးနှုန်းသည် ပုံမှန်အတိုင်းပဲ ရှိနေမည်ဖြစ်သည်။
OPPO သည် ကင်မရာပိုင်းနှင့်ပတ်သက်၍ အသုံးပြုသူများ၏ လိုအပ်ချက်နှင့် လိုလားချက်များကို အမြဲစောင့်ကြည့် နေပြီး သုံးစွဲသူများကြားတွင် နက်နက်နဲနဲ သုတေသနများပြုခဲ့သည်။ ထူးခြားသည့် ဓာတ်ပုံ ရိုက်ကူးဖန်တီးနိုင်ရန် ဆန်းသစ်သည့် Feature များ လိုအပ်ကြောင်း တွေ့ရှိခဲ့သည်။
OPPO F Series သည် Smartphone လောကတွင် Flagship အဆင့် ဓာတ်ပုံ Smartphone ဖြစ်သည်။ OPPO ၏ သာမန် Smartphone ကင်မရာသည် ဘဝ၏ ပုံရိပ်များကို ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးနိုင်သည်ဆိုသည့် ကင်မရာ ကန့်သတ်ချက်များကို ဖြန့်ကျက်လိုပြီး ယခု OPPO F21 Pro ၏ ကင်မရာကို ထူးခြားစေရန် ပြုလုပ်ပေးထားသည်။ ကင်မရာသည် ယခင်က မမြင်ဖူးသည့် Micro World ကမ္ဘာကို ရှာဖွေတွေ့ရှိရန် ပြတင်းပေါက်တစ်ခု ဖြစ်လာနိုင်သည်။ ၎င်းသည် ကင်မရာတစ်ခုသာမက သဘာဝတရား၏ အလှကို မြင်နိုင်သော မျက်လုံးများဖြစ်သည်။
Microlens ကင်မရာကို ဆန်းသစ်တီထွင်ရန်အတွက် အင်ဂျင်နီယာ အယောက် ၂၀ မှ ၁၁ လကြာ အချိန်ယူခဲ့ရပြီး စမ်းသပ်မှုအဆင့်တွင် အရောင်မမှန်ကန်ခြင်းနှင့် Focus အရည်အသွေးမကောင်းမွန်ခြင်းစသည့် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသည်။ အခြား ယခင်ဖုန်းများထက် ဓာတ်ပုံအကျိုးသက်ရောက်မှုကို တိကျစေရန် OPPO သည် အချိန်နှစ်ဆကျော် စမ်းသပ်ခဲ့သည်။ ထိုကင်မရာသည် အသစ်စက်စက်ဖြစ်သည့်အတွက် လုပ်ငန်းစဉ်အားလုံးကို Zero မှ စတင်၍ စမ်းသပ်ခဲ့ရသည်။
OPPO F21 Pro ကို မြန်မာနိုင်ငံတွင် ၆၂၉,၉၀၀ ကျပ်ဖြင့်ရောင်းချသွားမည်ဖြစ်ပြီး Sunset Orange နှင့် Cosmic Black ဟူ၍ အရောင် နှစ်ရောင်ကို ရွှေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

ဓာတ်ပုံများကို အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://drive.google.com/drive/folders/1x62gXfspU7xyRTqJZAmYIRQ97Ot7_YkL