Facebook ပေါ်က Creator တွေအတွက် မိတ်ဆက်လိုက်တဲ့ Meta ရဲ့ Professional Mode

လုပ်ဆောင်ချက်အသစ်အသစ်တွေကို အသုံးပြုသူတွေ၊ Creator တွေအတွက် အမြဲမပြတ် ထည့်သွင်းပေးနေတဲ့ Meta အနေနဲ့ အခုအချိန်မှာလည်း Profile ကို Professional Mode အဖြစ်ပြောင်းလဲနိုင်တဲ့ လုပ်ဆောင်ချက်အသစ် တစ်ခုကို မိတ်ဆက်လိုက်ပြီပဲ ဖြစ်ပါတယ်။

Professional Mode ကို Creator တွေအတွက် အဓိကထားထည့်သွင်းဖန်တီးပေးလိုက်တာဖြစ်ပြီး Creator တွေအနေနဲ့ သူတို့ရဲ့ လုပ်ဆောင်မှုတွေကို Social Network ပေါ်မှာ စစ်ဆေးရလွယ်ကူစေဖို့အတွက် ပြုလုပ် ပေးထားတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ရွေးချယ်ထားတဲ့ Creator တွေအတွက်ပဲ စမ်းသပ်အသုံးပြုခွင့်ပေးခဲ့ပြီး အခုအချိန်မှာတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ အခကြေးငွေ ပေးဆောင်ပြီး Subscription တွေလည်း ဝယ်စရာမလိုဘဲ အခမဲ့အသုံးပြုနိုင်တဲ့ Tool တစ်ခုလည်း ဖြစ်ပါတယ်။ 

Photo Source Facebook News

ဒီလုပ်ဆောင်ချက်ဟာ Creator တွေရဲ့လုပ်ကိုင်နိုင်စွမ်းကို ပိုတိုးလာစေနိုင်ပြီး Content တွေရဲ့ အချက်အလက်တွေ Follower အချက်အလက်တွေကိုလည်း ကြည့်ရှုစစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ Live Video တွေကတဆင့် Star တွေရယူပြီး ဝင်ငွေရရှိသလိုပဲ Professional Mode မှာလည်း Creator တွေအနေနဲ့ Reels, Live နဲ့ Video တွေရဲ့ ads တွေက တစ်ဆင့်လည်း ဝင်ငွေရရှိနိုင်ဦးမယ်လို့ ဆိုပါတယ်။

Professional Mode အပြင် ကိုယ်နှစ်သက်သဘောကျတဲ့ Creator တွေကို Subscribe ပြုလုပ်ထားပြီး Creator တွေကလည်း Subscribe ပြုလုပ်ထားသူတွေအတွက် သီးသန့်တင်ပေးနိုင်တဲ့ Subscriber only content လုပ်ဆောင်ချက်ကိုလည်း စမ်းသပ်နေတယ်လို့သိရပါတယ်။

အသစ်မိတ်ဆက်လိုက်တဲ့ Professional Mode ကတစ်ဆင့် Creator တွေဟာ ကမ္ဘာတစ်ဝမ်းက audience တွေ follower တွေနဲ့လည်းအမြဲထိတွေ့နိုင်သလို ကိုယ့်ရဲ့ Personal Facebook Profile မှာရှိတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်း အဆက်အသွယ်မပြတ် ရှိနေနိုင်မှာ ဖြစ်ပါတယ်။