Quick charge နည်းပညာဖြင့် အချိန် ၅ မိနစ် အားသွင်းရုံဖြင့် တစ်နေ့တာလုံးသုံးစွဲနိုင်တဲ့ HUAWEI WATCH FIT

Quick charge နည်းပညာဖြင့် အချိန် ၅ မိနစ် အားသွင်းရုံဖြင့် တစ်နေ့တာလုံးသုံးစွဲနိုင်တဲ့ HUAWEI WATCH FIT ကလည်း Huawei ရဲ့အဓိကထုတ်ကုန်တစ်ခုလည်းဖြစ်ပါတယ်။ 1.64 လက်မအကျယ် စတုဂံပုံ AMOLED မျက်နှာပြင်နှင့် 280×456 HD resolution2 အသုံးပြုထားတဲ့ HUAWEI WATCH FIT က ကြည်လင်ပြတ်သားပြီး မြင်ကွင်းကျယ်အတွေ့အကြုံကို ခံစားရစေမှာဖြစ်ပါတယ်။ Always-On watch face ခြောက်ခုက ကိုယ်ပိုင်စတိုင်နဲ့ ခံစားမှုကိုပြသခွင့်ပေးပြီး အလိုအ လျောက်အလင်းချိန်ညှိပေးနိုင်ခြင်းက နေ့အလင်းရောင်မှာကြည်လင်စွာကြည့်နိုင်မှာဖြစ်ပါတယ်။
အရောင်အသွေးစုံလင်စွာနှင့် ပုံစံအမျိုးမျိုးရှိသော watch faces4. In တွေကို နေ့စဉ်ပုံစံနဲ့လိုက်ဖက်အောင် ပြောင်းလဲအ သုံးပြုနိုင်ပါတယ်။ Watch Face Store ကနေပြီး ရွေးချယ်စရာများပြားသော လှပသည့်ပုံစံများကို ရယူနိုင်ပါတယ်။ ဒါ့အပြင် မိမိရဲ့မိုဘိုင်းစက်ပစ္စည်းထဲမှ ဓာတ်ပုံဖြင့် စိတ်ကြိုက်ပြုပြင်နိုင်ပါတယ်။
Watch Face တွင်တွေ့မြင်ရသော functions များစွာကိုယခုဆိုလျှင် စိတ်ကြိုက်ပြင်ဆင်နိုင်ပြီဖြစ်ပါတယ်။ ကြည့်ရှုမှုအများ ဆုံးဖြစ်မယ့်ပုံစံပေါ်မူတည်ပြီး ရာသီဥတု၊ နှလုံးခုန်နှုန်း၊ ခြေလှမ်း၊ ဘက်ထရီသက်တမ်းအစရှိတဲ့ ကြိုက်နှစ်သက်ရာကို ရွေး ချယ်နိုင်ပါတယ်။ အရောင်စုံ လှပပျော့ပြောင်းပြီး ပရီမီယံဆန်သောဒီဇိုင်းနှင့် လက်ပတ်ကြိုးနှင့်အတူ သတ္တုဖြင့်ဖွဲ့စည်း ထားသော နာရီဘောင်တို့က အလိုက်ဖက်ဆုံးအတွဲတစ်ခုပဲဖြစ်ပါတယ်။ HUAWEI WACH FIT က ထူးခြားတဲ့ အသွင် အပြင်နှင့် ခေတ်မှီသောပုံစံကို သယ်ဆောင်ပေးလာပါတယ်။
အလွန်ပါးလွှာပေါ့ပါးသည့် HUAWEI WATCH FIT က ဘက်ထရီစွမ်းဆောင်ရည်ကို ၂၁ ဂရမ်7 အထိတိုးမြှင့်ပေးနိုင်ပြီး တစ်နေ့တာလုံးအတွက် ပြီးပြည့်စုံသောအဖော်ကောင်းတစ်ခုအဖြစ် ဖြစ်စေပါတယ်။ Dual chipset architecture နှင့် power-saving algorithms ကိုအသုံးပြုထားတာကြောင့် အချိန် ၁၀ ရက်ကြာအထိ နာရီကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Quick charge နည်းပညာဖြင့် အချိန် ၅ မိနစ်8 အားသွင်းရုံဖြင့် တစ်နေ့တာလုံးသုံးစွဲနိုင်မှာဖြစ်ပါတယ်။

Photo Source https://consumer.huawei.com/mm/

HUAWEI WATCH FIT နဲ့ ကြိုက်တဲ့အချိန်မှာ သရုပ်ပြဗီဒီယိုတွေကိုရှာဖွေပြီး လေ့ကျင့်ခန်းတွေပြုလုပ်လို့ရပါတယ်။ အလုပ် တွင်လုပ်နိုင်သောလေ့ကျင့်ခန်း၊ Full-Body Stretch၊ Ab ripper နှင့် ပုံမှန်လေ့ကျင့်ခန်းပေါင်း ၄၄ မျိုးကိုသရုပ်ပြထားသော အမျိုးအစားပေါင်း ၁၂ မျိုးကျော်ပြုလုပ်လို့ရတဲ့ quick-workouts ကိုနာရီမှာထည့်သွင်းပေးထားပါတယ်။ ကော်ဖီသောက် ချိန်မှာပဲဖြစ်စေ ပိတ်ရက်မှာပျင်းနေတဲ့အချိန်မှာပဲဖြစ်စေ smart watch နဲ့အတူ fit ဖြစ်အောင်ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။
HUAWEI WATCH FIT မှာ ပြေးခြင်း၊ ရေကူးခြင်းနှင့် စက်ဘီးစီးခြင်းစတဲ့ ပရော်ဖက်ရှင်နယ်အားကစားလုပ်ဆောင်နိုင်ရန် နည်းလမ်း ၁၁ မျိုးပါဝင်သည့် အမှန်တကယ်လေ့ကျင့်ခန်းဆိုင်ရာမက်ထရစ်တွေကို ထောက်ပံ့ပေးထားပါတယ်။ ကျန်ရှိနေ တဲ့လေ့ကျင့်ခန်းဆိုင်ရာနည်းလမ်း ၈၅ မျိုးမှာ ယောဂဆော့ခြင်း သို့မဟုတ် အပြင်းအထန်လေ့ကျင့်ခြင်း အစရှိတဲ့ စိတ်ကူးထဲကအတိုင်း စိတ်ကြိုက်လုပ်ဆောင်နိုင်ပြီး နှလုံးခုန်နှုန်း၊ ကယ်လိုရီနှင့် လေ့ကျင့်ခန်းကြာချိန်တို့ကို နာရီမှ မှတ်သား ထားပေးသွားမှာဖြစ်ပါတယ်။
Built-in GPS sensor နဲ့ 5ATM10၊ AI နှလုံးခုန်နှုန်း algorithm နှင့် အဆင့်မြင့် sensor တို့ဖြင့် HUAWEI WATCH FIT က လေ့ကျင့်ခန်းအားလုံးကိုလုပ်ဆောင်နိုင်စေရန် ပြုလုပ်ထားပေးပါတယ်။ ဒီနာရီက ပရော်ဖက်ရှင်နယ်လမ်းညွှန်များ၊ သိပ္ပံနည်း ကျလေ့ကျင့်ရေးသက်ရောက်မှုတွေနဲ့ အချိန်နှင့်တပြေးညီ မက်ထရစ်များကိုပေးနိုင်ပြီး လေ့ကျင့်မှုတွေကို ပိုကောင်းအောင် ကူညီပေးပါတယ်။
HUAWEI WATCH FIT က လေ့ကျင့်ခန်းစလုပ်တာနဲ့ လေ့ကျင့်ခန်းပုံစံကိုသိနိုင်ပြီး မှတ်သားထားနိုင်ရန် သတိပေး နိုင်ပါတယ်။ HUAWEI WATCH FIT က ပြေးသည်ဖြစ်စေ၊ ရေကူးသည်ဖြစ်စေ သင်လိုအပ်တဲ့ လေ့ကျင့်ခန်းဆိုင်ရာ မက်ထရစ်ကို မှတ်သားပေးထားနိုင်ပါတယ်။ HUAWEI Health App ထဲမှာလေ့ကျင့်ခန်းပြီးတာနဲ့ အသေးစိတ်မက်ထရစ်များ၊ ပရော်ဖက်ရှင်နယ်ခွဲခြမ်းစိတ်ဖြာမှုများက သိပ္ပံနည်းကျလမ်းညွှန်မှုများကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။

Photo Source https://consumer.huawei.com/mm/
HUAWEI WATCH FIT က မိမိရဲ့လှုပ်ရှားမှုအခြေအနေကို တစ်နေ့လုံးမှတ်သားပေးထားနိုင်ပြီး အချိန်အကြာကြီးထိုင်ခြင်းမှ ကာကွယ်ပေးနိုင်ရန် မတ်တပ်ရပ်ပေးရန် သတိပေးပါတယ်။ နေ့စဉ်ခြေလှမ်းများ၊ လှုပ်ရှားနေတဲ့အချိန်များနှင့် အလယ်အလတ်မှ ပြင်းထန်သောလှုပ်ရှားမှုများကို ရောင်စုံစက်ဝိုင်းသုံးခုမှာ မှတ်တမ်းတင်ထားပြီး ပြီးမြောက်သွား သည့်အချိန်မှာ ပြီးဆုံးသွားသည့်အောင်မြင်မှုခံစားချက်ကို ပေးစွမ်းပါတယ်။
HUAWEI TruSeen™ 4.0 နှလုံးခုန်နှုန်းစောင့်ကြည့်ပေးသည့်နည်းပညာကြောင့် စမတ်နာရီက နှလုံးခုန်နှုန်းကို တစ်နေ့တာအတွင်း သို့မဟုတ် အိပ်နေချိန်တွင်မှာ နှလုံးခုန်နှုန်းကို တိကျစွာစောင့်ကြည့်ပေးနိုင်ပါတယ်။ နှလုံးခုန်နှုန်းဟာ ပုံမှန်ထက်ကျော်လွန်ခဲ့လျှင် တစ်နေ့တာလုံးကျန်းမာရေးစောင့်ရှောက်ပေးခြင်းဖြင့် သတိပေးချက်ကို ပို့ပေးပါတယ်။
သွေးထဲအောက်စီဂျင် (SpO2) နည်းပါးမှုက ကျန်းမာရေးပြသနာကို တွေ့ကြုံစေနိုင်ပါတယ်။ HUAWEI WATCH FIT ကိုဝတ်ဆင်ထားခြင်းဖြင့် SpO2 ကိုတစ်ချက်ထိလိုက်ရုံဖြင့်တိုင်းတာနိုင်ပါတယ်။ စက္ကန့်အနည်းငယ်အတွင်းမှာ တိကျသေချာတဲ့ data ကိုဖော်ပြပေးနိုင်တာကြောင့် သင့်ကျန်းမာရေးကိုဂရုစိုက်နိုင်ရန်အတွက် အထောက်အပံ့ပေးပါတယ်။
အမျိုးသမီးများ ဓမ္မတာစက်ဝန်း14 နှင့် သားဥကြွေမည့်ရက်စွဲကို နာရီဖြင့် မှတ်သားထားနိုင်ပါတယ်။ HUAWEI WATCH FIT က မှတ်သားထားသည့် မှတ်တမ်းထဲမှ တိပေးချက်ကိုပို့ဆောင်ပေးနိုင်မှာဖြစ်ပြီး အထူးနေ့ရက်တွေအတွက် ကြိုတင်ပြင်ဆင် ထားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် နှလုံးခုန်နှုန်းနှင့် HUAWEI TruSleep™ 2.0 အိပ်စက်နှုန်းမှတ်တမ်းတင်သည့် နည်းပညာကိုအခြေခံပြီး အိပ်စက်မှုအခြေအနေကို တိကျစွာမှတ်သားထားနိုင်ပြီး အိပ်စက်ခြင်းအရည်အသွေးကို ခွဲခြမ်း စိတ်ဖြာပြီး အိပ်စက်ခြင်းအရည်အသွေးကိုတိုးတက်စေရန် သိပ္ပံနည်းကျအကြံပြုချက် ၂၀၀ ကျော် ကို ထောက်ပံ့ပေး ထားပါတယ်။
HUAWEI TruRelax™ နည်းပညာနှင့် တစ်နေ့တာစိတ်ဖိစီးမှုကိုမှတ်သားနိုင်တဲ့ algorithm တို့က စိတ်ဖိစီးမှုကိုခံစားနေရလျှင် စိတ်ဖိစီးမှုအဆင့်ကို ထိရောက်စွာကြည့်ရှုနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုခံစားရချိန်မှာ စိတ်ဖိစီးမှု ကိုလျှော့ချနိုင်ရန်အတွက် အကြံပြုထားသည့် အသက်ရှုသည့်လေ့ကျင့်ခန်းကို ကြိုးစားလိုက်နာကြည့်လို့ရပါတယ်။
SMS မက်ဆေ့ချ်များ၊ ဖုန်းအဝင်ခေါ်ဆိုမှုများနှင့် calendar events သို့မဟုတ် အခြား social media Apps များအတွက် HUAWEI WATCH FIT မှအချိန်ကိုက်သတိပေးခြင်းဖြင့် အရေးကြီးကိစ္စတွေကို မေ့သွားခြင်းမျိုး ဖြစ်စေမှာ မဟုတ်ပါဘူး။ အခုဆိုရင် သီချင်းဖွင့်ခြင်းကို ပိုမိုကောင်းမွန်စွာထိန်းချုပ်နိုင်ခြင်း၊ remote shutter နဲ့ ဓာတ်ပုံရိုက်ခြင်း သို့မဟုတ် ဖုန်းကိုအလွယ်တကူ smart watch ဖြင့်ရှာဖွေနိုင်မှာပါ။ Weather၊ Alarm၊ Stopwatch၊ Flashlight စသည့် feature များကိုလည်းအသုံးပြုနိုင်ပါတယ်။