CDM ပြုလုပ်သည့်ဝန်ထမ်းများ cdmmyanmar.org Website တွင် စာရင်းပေးသွင်းနိုင်ကြောင်းထုတ်ပြန်

CDM ပြုလုပ်နေသည့် ဝန်ထမ်းများအနေဖြင့် cdmmyanmar.org Website တွင် တိုက်ရိုက်ဝင်ရောက်စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်းသိရသည်။ အဆိုပါ Website သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw-CRPH) ကိုဖွဲ့စည်းထားခြင်းဖြစ်ပြီး ကြေညာချက်များ၊ သတင်းထုတ်ပြန် ချက်နှင့်အစီရင်ခံစာ၊ သတင်းမှတ်တမ်းများ၊ ဆက်စပ်သတင်းများ၊ ဥပဒေပြုရေးဆိုင်ရာများ၊ ဗီဒီယိုမှတ်တမ်းများကို ဖော်ပြထားသည်။
ကမ္ဘာ့ကုလသမဂ္ဂ၊ International Parliamentary Union – IPU၊ ASEAN Inter-Parliamentary Organizaion – AIPA ၊ နိုင်ငံတကာပါလီမန်များနှင့် နိုင်ငံတကာသံတမန်များအနေဖြင့် ယခုဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကိုသာ တရားဝင်ဆက်သွယ်ရန် အတွက်လည်း အဆိုပါ Website တွင်ရေးသားဖော်ပြထားသည်။

Photo Source https://crphmyanmar.org/

အဆိုပါ ကော်မတီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားထုတ်ပြန်ကြေညာချက် အမှတ် (၁/၂၀၂၁) ပါ တောင်းဆို ချက်များကို အကောင်ထည်ဖော်ရန်နှင့် ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံသော ကော်မတီအဖြစ်ရပ်တည်မည်ဖြစ်ပြီး၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းဖြင့် ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် အစိုးရဖွဲ့စည်းခြင်းအပါအဝင် ပြည်ထောင်စုလွှတ်တော်၏လုပ်ပိုင်ခွင့် အဝဝကို တာဝန်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းဖော်ပြထားသည်။
CDM ပြုလုပ်သူများအနေဖြင့် အဆိုပါ Website အတွင်းသို့ ဝင်ရောက်ကာ CDM စာရင်းသွင်းရန်နေရာသို့ ရွေးချယ်ကာ လိုအပ်သည်များကို ဖြည့်စွက်ရမည်ဖြစ်သည်။ ထိုသို့ဖြည့်စွက်ရာတွင် CDM ပြုလုပ်သူအနေဖြင့် အောက်ပါ အချက်အလက် များကို ဖြည့်စွက်ရမည်ဖြစ်သည်။
နာမည်
ဖုန်းနံပါတ်
မှတ်ပုံတင်နံပါတ်
ဝန်ကြီးဌာန
ဌာန
ရာထူး
အလုပ်လုပ်ရာပြည်နယ်
အလုပ်လုပ်ရာမြို့နယ်
နေထိုင်ရာပြည်နယ်
နေထိုင်ရာမြို့နယ်
မှတ်ပုံတင်/ဝန်ထမ်းကဒ်/အခြားအထောက်အထား
အကူအညီလိုအပ်ပါက (လုံခြုံမှု -ငွေကြေးအထောက်အပံ့-အခြား)
အကြံပြုချက်စာများကို ထည့်သွင်းဖြည့်စွက်ရမည်ဖြစ်သည်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://crphmyanmar.org/