Kirin A1 chip ၊ dual-chip ဒီဇိုင်းနှင့်အသိဉာဏ်မြင့်ပါဝါထိန်းသိမ်းမှု နည်းပညာဖြင့် ထုတ်လုပ်ထားသော HUAWEI WATCH GT 2

Kirin A1 chip ၊ dual-chip ဒီဇိုင်းနှင့်အသိဉာဏ်မြင့်ပါဝါထိန်းသိမ်းမှု နည်းပညာတို့ဖြင့် ထုတ်လုပ်ထားသော HUAWEI WATCH GT 2 ဟာ ဆန်းသစ်ထားတဲ့ပါဝါစနစ် ကိုအသုံးပြုထားပါတယ်။
HUAWEI WATCH GT စီးရီးတိုင်းက စမတ်နာရီတွေရဲ့ ဘက်ထရီကြာရှည်ခံမှုအကန့်အသတ်အသစ်တွေကို ဆန်းသစ်ရှာ ဖွေနေဆဲဖြစ်ပါတယ်။ HUAWEI ရဲ့ အသစ်ဖန်တီးထားတဲ့ ဝတ်ဆင်စရာများမှာအသုံးပြုမယ့် Kirin A1 chip ရယ်၊ dual-chip ဒီဇိုင်းရယ်၊ အသိဉာဏ်မြင့်ပါဝါထိန်းသိမ်းမှု နည်းပညာတို့ရယ်ကြောင့် ၂ ပတ်အထိ1နေ့ရောညပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ရှင်းလင်းပီးကျော့ရှင်းသေသပ်တဲ့ ဒီဇိုင်းပုံစံကိုအခြေခံထားမှုနဲ့အတူ HUAWEI WATCH GT 2 က အရည်အသွေးမြင့်မားတဲ့ 3D ဖန်သားမျက်နှာကို အသုံးပြုထားပြီး ဘေးဘောင်ကျဉ်းသွားအောင် ဖန်တီထားပါတယ်။ အသေးစိတ်ကျတဲ့ လက်ရာတွေကို နာရီအိမ်မှာတိတိကျကျတွေ့ရမှာဖြစ်သလို ရိုးရှင်းသေသပ်မှုကို ဖော်ဆောင်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။ Photo Source https://bit.ly/3locmkG

တစ်ကိုယ်ရည် လေ့ကျင့်ခန်းလုပ်သူတွေအတွက် အောင်မြင်မှုအသစ်တွေပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်သမျှကို HUAWEI WATCH GT 2 က တိကျတဲ့ နေရာယူစနစ်နဲ့ ခြေရာခံပေးမှာဖြစ်သလို တိကျတဲ့ TruSeenTM 3.5 နဲ့ နှလုံးခုန်သံတွေကိုလည်း စောင့်ကြည့်လေ့လာပေးသွားမှာပါ။ Indoor ဒါမှမဟုတ် Outdoor လေ့ကျင့်ခန်းတွေအတွက် အဖော်မွန်တစ်ခုပဲဖြစ်ပါတယ်။
မိမိရဲ့ နေ့စဉ်ဘဝကို လွယ်ကူနေစေဖို့ HUAWEI WATCH GT 2 မှာ Bluetooth Calling2, in-device Music, Message Notification, TruSleepTM 2.0 အိတ်ချိန်မှတ်စနစ်၊ TruRelaxTM ဖိအားစောင့်ကြည့်မှုတွေ ပါဝင်ပါတယ်။ ပိုမိုသက်သာပြီး လွယ်လွယ်ကူကူ နေထိုင်နိုင်ဖို့ သင့်အတွက်ဖန်တီးထားတဲ့ နာရီတစ်လုံးပဲဖြစ်ပါတယ်။
HUAWEI WATCH GT 2 ဟာ 46 mm စီးရီး – ၂ ပတ် ဘက်ထရီသက်တမ်း၊ 42mm စီးရီး – ၁ ပတ် ဘက်ထရီသက်တမ်း။ ဘက်ထရီသက်တမ်းသည် အသုံးပြုမှုအခြေအနေအပေါ် မူတည်ပါသည်။ ဒါ့အပြင် 46 mm စီးရီးတွင်သာ Bluetooth Calling ကို အထောက်အပံ့ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် နေရာဒေသအပေါ်မူတည်၍ ရရှိနိုင်မှုကွဲပြားနိုင်သည်။ သိထားသင့်တဲ့ အရေးကြီးဆုံးအချက်ကတော့ Stree Feature သည် Android ဖုန်းများတွင်သာ အလုပ်လုပ်ပါသည်။ Photo Source https://bit.ly/3locmkG

Huawei ဟာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာ (ICT) ၊ စမတ်စက်ပစ္စည်းများကို ပံ့ပိုးပေးတဲ့ နိုင်ငံတကာ ရှေ့ဆောင်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ အဓိက နယ်ပယ်လေးခုဖြစ်တဲ့ ဆက်သွယ်ရေး ကွန်ရက်များ၊ IT၊ စမတ် စက်ပစ္စည်းများ နဲ့ ကလောက်ဒ် ဝန်ဆောင်မှုများ ကိုပေါင်းစပ်ထည့်သွင်းထားတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။
Huawei ရဲ့ စီးပွားရေးအုပ်စု (၃) ခုထဲမှ တစ်ခုဖြစ်တဲ့ Huawei Consumer BG သည် စမတ်ဖုန်းများ၊ PC များ၊ Tablets များ၊ ဝတ်ဆင်စရာများ၊ Mobile Broadband ထုတ်ကုန်များ၊ မိသားစုသုံး စက်ပစ္စည်းများနဲ့ Cloud ဝန်ဆောင်မှုများအတွက် AI နဲ့ ပတ်သက်သော အခြေအနေအားလုံးတို့တွင် ဦးဆောင်သူလည်းဖြစ်ပါတယ်။
အောက်ပါ Link တွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://consumer.huawei.com/mm/