ဈေးကွက်အတွင်း ပထမဆုံး Double Chipset Architecture ပါဝင်မှုနဲ့ ဒီဇိုင်းပုံစံအသစ်တို့ကြောင့်ရေပန်းစားနေသော HUAWEI WATCH GT

Huawei ရဲ့ ဝတ်ဆင်စရာထုတ်ကုန်တွေထဲက အကောင်းဆုံးလို့သတ်မှတ်ခံထားရပြီး ဈေးကွက်အတွင်း ပထမဆုံး Double Chipset Architecture ပါဝင်မှုနဲ့ ဒီဇိုင်းပုံစံအသစ်တွေကြောင့် ရေပန်းစားနေတဲ့အထဲမှာ HUAWEI WATCH GT နာရီက လည်းတစ်ခုအပါအဝင်ဖြစ်လို့နေပါတယ်။
HUAWEI WATCH GT နာရီရဲ့ မာကျောတဲ့ Ceramic ဘေးဘောင်ဒီဇိုင်း၊ Stainless Steel အခွန်နဲ့ DLC ပုံစံ Coating တို့ကြောင့် မတော်တဆတိုက်မိတာတို့၊ လွတ်ကျတာတို့ကို ခံနိုင်ရည်ရှိနိုင်ပါတယ်။ 10.6 mm သာ ထူပြီး၊ ဘေးကခလုတ် နှစ်ဖက်နဲ့ 454 x 454 ရှိ AMOLED မျက်နှာပြင်ကြောင့် သေသပ်ပါးလွှာမှုကို ခံစားရစေမှာပါ။
ဈေးကွက်အတွင်းမှ ပထမဆုံး Double Chipset Architecture ပါဝင်မှုနဲ့ ဒီဇိုင်းပုံစံအသစ်တို့ကြောင့် ဘက်ထရီက နှစ်ပတ်အထိအသုံးခံနိုင်ပါတယ်။ အဲ့ဒါကြောင့် ဘယ်ပဲရောက်ရောက် အသုံးပြုသူတိုင်းအဆင်ပြေနေစေမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် နှလုံးခုန်သံ စောင့်ကြည့်မှုဖွင့်ထားပြီး တစ်ပတ်ကို မိနစ် ၉၀ အထိ လေ့ကျင့်ခန်းလုပ်သမျှ မှတ်သားနိုင်ပါတယ်။ Photo Source https://bit.ly/3locmkG
နှလုံးခုန်သံ စောင့်ကြည့်မှုပိတ်၍ ဖုန်းလက်ခံမှု၊ Message လက်ခံမှုများလုပ်နိုင်ပါတယ်။ HUAWEI TruSeen™ 3.0 နှလုံးခုန်စောင့်ကြည့်ပေးတဲ့နည်းပညာက ကိုယ်တိုင်သင်ယူနိုင်တဲ့ Algorithm နဲ့ နည်းပညာမြင့်အာရုံခံစနစ်တွေ ပါဝင်တာ ကြောင့် ပိုသက်သာပြီး တိကျသေချာတဲ့ နှလုံးခုန်သံရလဒ်တွေကို ရရှိစေပါတယ်။
ခေတ်မီတဲ့ GPS ပါဝင်မှုကြောင့် နေရာရွေ့လျားမှုစနစ် (၃) မျိုးဖြစ်တဲ့ GPS, GLONASS, GALILEO တွေကို ကမ္ဘာအနှံ့ထောက်ပံ့ပေးတာကြောင့် ပိုပြီးတိကျ၊ လျင်မြန်ပြီး အသေးစိတ်တဲ့ ရွေ့လျားမှုတွေကို ဖော်ပြပေးနိုင်ပါတယ်။ အသိဉာဏ်မြင့်နည်းပြပေးနိုင်မှုကြောင့် HUAWEI WATCH GT ရဲ့ နည်းပြမှုနဲ့အတူ ကျန်းမာရေးလိုက်စားသူများအကြိုက် တွေ့စေမှာလည်းဖြစ်ပါတယ်။
အားကစားလှုပ်ရှားမှုပုံစံအမျိုးမျိုးအတွက် ရွေးချယ်စရာ Mode အမျိုးမျိုးကြောင့် HUAWEI WATCH GT က အချိန်တိုင်းဖြစ်နိုင်အောင်လုပ်ဖို့ အဆင့်သင့်ပါပဲ။ HUAWEI TruSleepTM 2.0 က ပုံမှန်အိပ်ချိန်တွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ခွဲခြားသိရှိပြီး အကောင်းဆုံးအိပ်စက်မှုရရှိအောင် ဖြစ်နိုင်ခြေရှိတဲ့ အကြံပေးချက် ၂၀၀ ကျော်ကို ပေစွမ်းနိုင်ပါသေးတယ်။ Smart Notifications တွေနဲ့အတူ တစ်နေ့တာဖြတ်သန်းဖို့အဆင်ပြေနေစေမှာလည်းဖြစ်ပါတယ်။ Photo Source https://bit.ly/3locmkG
ဒါ့အပြင် Message တွေပဲဖြစ်ဖြစ်၊ ဖုန်းခေါ်ဆိုမှုတွေပဲဖြစ်ဖြစ်၊ Alarm တွေ၊ Reminders တွေကိုအားလုံးကို အထာကျကျ နာရီထဲကကြည့်ရှုနိုင်မှာလည်းဖြစ်ပါတယ်။
Huawei ဟာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာ (ICT) ၊ စမတ်စက်ပစ္စည်းများကို ပံ့ပိုးပေးတဲ့ နိုင်ငံတကာ ရှေ့ဆောင်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ အဓိက နယ်ပယ်လေးခုဖြစ်တဲ့ ဆက်သွယ်ရေး ကွန်ရက်များ၊ IT၊ စမတ် စက်ပစ္စည်းများ နဲ့ ကလောက်ဒ် ဝန်ဆောင်မှုများ ကိုပေါင်းစပ်ထည့်သွင်းထားတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။
Huawei ရဲ့ စီးပွားရေးအုပ်စု (၃) ခုထဲမှ တစ်ခုဖြစ်တဲ့ Huawei Consumer BG သည် စမတ်ဖုန်းများ၊ PC များ၊ Tablets များ၊ ဝတ်ဆင်စရာများ၊ Mobile Broadband ထုတ်ကုန်များ၊ မိသားစုသုံး စက်ပစ္စည်းများနဲ့ Cloud ဝန်ဆောင်မှုများအတွက် AI နဲ့ ပတ်သက်သော အခြေအနေအားလုံးတို့တွင် ဦးဆောင်သူလည်းဖြစ်ပါတယ်။
အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://consumer.huawei.com/mm