ဆူညံသံတွေကို လျှော့ချပေးပြီး သီချင်းတွေထဲမှာ စီးမျောနေနိုင်မယ့် အသစ်ထွက် Huawei FreeBuds 4i ၏ စွမ်းဆောင်ရည်များ

Huawei ရဲ့ထုတ်ကုန်တွေထဲက အသစ်ထွက်ရှိလာတဲ့ Huawei FreeBuds 4i ကလည်း သုံးစွဲသူအကြိုက်တွေ့စေတာ အမှန်ပဲဖြစ်ပါတယ်။ ဆန်းသစ်ပြီးမူရင်းဒီဇိုင်းဖြစ်တဲ့ ဘဲဥပုံစံအားသွင်းဗူးလေးက ကျစ်လစ်ပြီး ချောမွေ့တဲ့အထိတွေ့က သင့်ကိုကျေနပ်စေမှာပါ။ ချောမွေ့သောအနားကွေး၊ တောက်ပြောင်သောအပြီးသတ်တို့ဖြင့်ဖန်တီးထားသောနားကြပ်က ထင်ရှားပေါ်လွင်ပြီး ခေတ်မီစေမှာလည်းဖြစ်ပါတယ်။ Ceramic White၊ Carbon Black နှင့် Red တို့က နေ့၊ညပုံစံ စတိုင်အမျိုးမျိုးအတွက်ဖြည့်ဆည်းပေးသွားမှာပါ။
HUAWEI FreeBuds 4i ကိုသက်တောင့်သက်သာဖြစ်ပြီး အလွယ်တကူအသုံးပြုနိုင်စေရန်ဒီဇိုင်းပြုလုပ်ထားပါတယ်။ အလွန်ပေါ့ပါးတဲ့ earbuds တွေက နာရီအတော်ကြာနားထောင်ပြီးနောက်မှာ ခံစားရမယ့်ဖိအားကိုလျော့ကျစေပါတယ်။ ဒါကြောင့်တစ်နေ့လုံး သက်တောင့်သက်သာနှင့် ဝတ်ဆင်နိုင်ပါတယ်။
HUAWEI FreeBuds 4i မှာပါဝင်တဲ့ အာရုံခံကိရိယာလေးတွေက ပတ်ဝန်းကျင်မှဆူညံသံတွေကို ရှာဖွေပြီး လျော့နည်းစေပါတယ်။ ဘယ်နေရာကိုပဲသွားသွား သင်ကြိုက်နှစ်သက်တဲ့သီချင်းတွေထဲမှာ အမြဲစီးမျောနေနိုင်မှာပါ။

Photo Source https://consumer.huawei.com/mm/audio/
Dual-mic system ကို slit-duct design4 နဲ့ပြုလုပ်ထားတာကြောင့် ပြင်ပမှလေသံများကို ထိရောက်စွာလျော့ချပေးပါတယ်။ သီးသန့်ဖြစ်တဲ့ beamforming နည်းပညာ၊ AI noise reduction နည်းပညာတို့ပူးပေါင်းပြီး လူစုလူဝေးများတဲ့နေရာမှာတောင် သင့်အသံကိုတိကျစွာဖမ်းယူနိုင်မှာဖြစ်ပါတယ်။ ခေါ်ဆိုမှုတိုင်းမှာ အသံကျယ်ကျယ်နှင့် ရှင်းလင်းစွာကြားနိုင်ပါတယ်။
ပတ်ဝန်းကျင်မှအသံကိုကြားနိုင်ရန်နှင့် စကားပြောဆိုဆက်သွယ်ရန်အတွက် နားကြပ်ကိုဖြုတ်ထားဖို့မလိုပါဘူး။ နားကြပ် ကိုနှိပ်ပြီး အောက်ကိုဆွဲချလိုက်ခြင်းဖြင့်Awareness Mode ကိုပြောင်းလဲနိုင်ပါတယ်။
HUAWEI FreeBuds 4i မှာ ထူးခြားဖွယ်ကောင်းအောင် ခံနိုင်ရည်ရှိပါတယ်။ အားအပြည့်သွင်းထားလျှင် ၁၀ နာရီကြာ တောက်လျောက် သီချင်းနားထောင်နိုင်ပါတယ်။ ဒါ့အပြင် အားသွင်းမြန်ဆန်တဲ့နည်းပညာက ၁၀ မိနစ်အားသွင်းရုံနဲ့ ၄ နာရီကြာ နားဆင်နိုင်မှာဖြစ်လို့ သင်အလျင်လိုနေတဲ့အချိန်တွေမှာဆို အဆင်ပြေဆုံးပါပဲ။
10 mm dynamic coil driver နဲ့ polymer composite diaphragm တို့က ကြွယ်ဝသောသံစဉ်တွေ၊ ရှင်းလင်းပြတ်သား သောအသံ၊ အားကောင်းသော bass နှင့် အသံကိုထိန်းညှိစေပါတယ်။ သေးငယ်သောနားကြပ်လေးမှထွက်လာသော ပေးနိုင်တဲ့စိတ်လှုပ်ရှားမှုအမျိုးမျိုးက အထင်ကြီးစရာပါ။ Latency နည်းပါးတာကြောင့် အကြိုက်ဆုံးဂိမ်းဆော့တဲ့အခါမှာ ရုပ်နဲ့ အသံက တစ်ထပ်တည်းဖြစ်နေမှာကြောင့် ယှဉ်ပြိုင်မှုတွေမှာအနိုင်ရနိုင်မှာပါပဲ။ သင်ဘယ်နေရာရောက်ရောက်၊ တိုက်ပွဲ အတွက်အဆင်သင့်ပါ။ 

အားသွင်းဗူးလေးကိုဖွင့်လိုက်ရုံနှင့် HUAWEI FreeBuds 4i နှင့်ချိတ်ဆက်နိုင်ဖို့အတွက် pop-up notification ပေါ်လာမှာဖြစ်ပါတယ်။ တစ်ခါချိတ်ဆက်ထားပြီးသည်နှင့် ဖုန်း သို့မဟုတ် တက်ဘလက်မှာ အားသွင်းဗူးလေးကိုဖွင့်ရုံနှင့် အလိုအလျောက်ချိတ်ဆက်သွားမှာဖြစ်ပါတယ်။
နားကြပ်နှစ်ခုစလုံးတွင် ပိုမိုထိရောက်သောထိန်းချုပ်မှုများအတွက် built-in ပါဝင်သောအာရုံခံကိရိယာတို့ကို အဆင့်မြင့်သော algorithm က တိကျသောတုန့်ပြန်မှုအတွက်ထောက်ပံ့ပေးထားပါတယ်။ သီချင်းနားထောင်ခြင်း၊ ဖုန်းပြောခြင်းနှင့် အသံလျော့ချခြင်းတို့ကို လွယ်ကူသော gesture အနည်းငယ်ဖြင့် ပြုလုပ်နိုင်ပါတယ်။
HUAWEI FreeBuds 4i ကိုအဆင်ပြေစွာထိန်းချုပ်ရန်အတွက် HUAWEI AI Life app ကို download လုပ်ပါ။ HUAWEI Music ဟာ အရည်အသွေးမြင့်မားပြီး scenario အမျိုးမျိုးအတွက် အရည်အသွေးမြင့်သော တေးဂီတအမျိုးစုံ ကိုနား ဆင်နိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://consumer.huawei.com/mm/