လုံခြုံမှုရှိပြီး အသုံးပြုရလွယ်ကူတဲ့ Signal Messaging Application

Signal ဆိုတာကတော့ လုံခြုံစိတ်ချရမှု အပြည့်ပေးနိုင်တဲ့ Messaging App တစ်ခုပဲ ဖြစ်ပါတယ်။ ကွန်ပြူတာဗားရှင်းအနေနဲ့ Windows, Mac နဲ့ Linux အတွက် ထုတ်လုပ်ထားပေးပြီးတော့ ဖုန်းနံပါတ်ရှိရုံနဲ့ အခမဲ့ဝင်ရောက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အသုံးပြုပုံကတော့ WhatsApp, Facebook Messenger နဲ့တစ်ခြား Application တွေလိုမျိုးပါပဲ ရိုးရှင်းပါတယ်။ တစ်ဦးခြင်းစကားပြောတာ၊ အုပ်စုဖွဲ့ပြောတာ၊ စတစ်ကာတွေ၊ ဓာတ်ပုံတွေ၊ ဖိုင်ပို့တာတွေ၊ ဖုန်းပြောတာတွေနဲ့ ဗီဒီယိုဖုန်းခေါ်ဆိုမှုမျိုးတွေအထိ ပြုလုပ်နိုင်တဲ့ စာပို့ Application တစ်ခု ဖြစ်ပါတယ်။ အုပ်စုဖွဲ့စကားပြောတာကို လူပေါင်း ၁၀၀၀ လောက်ထိပါဝင်စကားပြောနိုင်ပြီးတော့ ဖုန်းပြောတာကိုတော့ လူ ၈ ယောက်အထိ ဖုန်းခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ 

Photo source https://signal.org/en/

Signal ရဲ့ ပုံစံကအသုံးပြုရရင်းနှီးနေမယ်လို့ ခံစားရပေမယ့် တစ်ကယ်တမ်းကတော့ အဲ့လိုမဟုတ်ပါဘူး။ Signal မှာ စကားပြောထားတာတွေအားလုံးက သိုဝှက်ထားမှာြဖစ်ပါတယ်။ Signal ရဲ့ပိုင်ရှင်ကိုယ်တိုင်အောင် ဝင်ကြည့်လို့မရဘဲနဲ့ စကားပြောထားတဲ့ ကာယကံတွေကပဲ ပို့ထားတဲ့စာတွေကို ဝင်ကြည့်လို့ရမှာ ဖြစ်ပါတယ်။ တစ်ချို့ စာပို့တဲ့ App တွေမှာဒီလိုလုပ်ဆောင်ချက်တွေကို သီးသန့်လုပ်ထားပေးပေမယ့် Signal မှာတော့ အားလုံးက သိုဝှက်ထားပြီး အမြဲတမ်းအသုံးပြုရမယ့် ပုံစံဖြစ်ပါတယ်။

Signal မှာ ကိုယ်တိုင်ဖျက်ဆီးတဲ့စာပို့စနစ်ဖြစ်တဲ့ သတ်မှတ်ထားတဲ့အချိန်ရောက်ရင် အလိုအလျောက်ဖျက်ဆီးပစ်တဲ့ စနစ်တွေလဲ ပါဝင်ပါသေးတယ်။ Signal ရဲ့ စာသိုဝှက်ထားတဲ့ လုပ်ဆောင်ချက်ကတော်တော်လေး ကြီးမားကျယ်ပြန့်ပါတယ်။ ဒါကြောင့်လူတွေဟာ သူတို့ရဲ့ လုံခြုံရေးကိုတန်ဖိုးထားလာကြတဲ့အတွက် Signal ကိုပြောင်းလဲ အသုံးပြုလာကြတာ ဖြစ်ပါတယ်။

Signal ကစကားပြောဆိုထားတာတွေက သီးသန့်ဖြစ်နေပေမယ့် အသုံးပြုသူကို ဘယ်သူဆိုတာမသိတာတော့ မဟုတ်ပါဘူး။ Signal ကိုစတင်အသုံးပြုဖို့အတွက် ဖုန်းနံပါတ်တစ်လုံးလိုအပ်ပါတယ်။ တစ်ခြားတစ်ယောက်ကို ဆက်သွယ်စကားပြောဖို့ အဓိကလိုအပ်တဲ့ သက်သေခံဖုန်းနံပါတ်လို့ပြောလို့ရပါတယ်။

Signal ဆိုတာ SMS တွေနေရာမှာ အစားဝင်နိုင်ဖို့ ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။ Signal ကိုစတင်အသုံးပြုလိုက်တာနဲ့ ဖုန်းထဲက Contact တွေကိုစကန်ဖတ်ဖို့ ခွင့်တောင်းမှာ ဖြစ်တဲ့အပြင်ဘယ်သူတွေရဲ့ ဖုန်းနံပတ်တွေက Signal အသုံးပြုပြီး ဘယ်သူတွေကအသုံးမပြုဘူးးလဲဆိုတာကို တွေ့ရမှာပါ။ 

Photo source https://signal.org/en/

ဒီတော့တစ်ယောက်နဲ့တစ်ယောက် SMS ကနေပို့မနေတော့ဘဲ Signal ကို Download ဆွဲပြီးပြောင်းလဲအသုံးပြုနိုင်မှာပါ။ SMS အစားဘယ်သူ့ကို Signal ကနေပို့လို့ရလဲဆိုတာကို ကြည့်နိုင်မှာပါ။

Signal ကအသုံးပြုရလွယ်ကူပြီးတော့ Official Signal App ကို App Store ဒါမှမဟုတ် Google Play ကနေ Download ဆွဲနိုင်ပါတယ်။ စတင်အသုံးပြုဖို့အတွက် ဖုန်းနံပါတ်ဖြည့်သွင်းပေးဖို့လိုပြီးတော့ Contact တွေကိုစကန်ဖတ်ဖို့ ခွင့်ပြုပေးရုံပါပဲ။ Windows, Mac နဲ့ Linux တွေအတွက်ကိုလည်း Signal ရဲ့ Foundation Website ကနေဝင်ရောက်ရယူနိုင်မှာ ဖြစ်ပါတယ်။