3020 mAh ဘက်ထရီနှင့် အသိဉာဏ်မြင့် ပါဝါသိမ်းဆည်းမှု နည်းပညာအသုံးပြုထားတဲ့ HUAWEI Y5 2019

၂၀၁၉ ခုနှစ်ကတည်းကထွက်ရှိထားတဲ့ အရည်အသွေးမြင့်ဖုန်းအမျိုးအစားတွေထဲမှာ HUAWEI Y5 2019 စမတ်ဖုန်းက လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ HUAWEI Y5 2019 ရဲ့ ဒီဇိုင်းပုံစံက သဘာဝတရားကြီးကို အခြေခံထားတဲ့ 5.71 လက်မအရွယ် Dewdrop မျက်နှာပြင်နဲ့ပါ။¹ဒီ လှပသေသပ်တဲ့ မျက်နှာပြင်က 84.6 ရာခိုင်နှုန်း ကိုယ်ထည်အချိုးရှိလို့ ပိုပြီးကြီးမားတဲ့မျက်နှာပြင်မှာ ပျော်ရွှင်စရာတွေ ခံစားမိစေမှာအသေအချာပါပဲ။
HUAWEI Y5 2019 ရဲ့ Leather ဒီဇိုင်းပုံစံက ကိုင်တွယ်ထိတွေ့ရာမှာ ပိုပြီးအထာကျစေပါတယ်။ ပေါင်းစပ်ထားတဲ့ အရာဝတ္ထုတွေကြောင့် သေသပ်မှု၊ ထူးခြားမှုတို့ကို ခံစားစေရမှာဖြစ်သလို Leather ပုံစံအသေးစိတ်ပုံဖော်ထားမှုကလည်း အလှတရားကိုပိုမိုပေါ်လွင်စေပါတယ်။ ဒီ ဒီဇိုင်းပုံစံက လက်ရာမထင်စေသလို၊ အပေအတေလည်းခံစေတာကြောင့် စိတ်ပူစရာမရှိဘဲ အေးဆေးသုံးလို့ရပြီပေါ့။ (Leather ဒီဇိုင်းပုံစံကို အညိုရောင်တွင်ရရှိနိုင်ပါသည်)
f/1.8 ရှိတဲ့ 13 MP ကင်မရာကြောင့် ဓာတ်ပုံတွေရဲ့ အလင်းရောင်ပိုင်းကို 50 ရာခိုင်နှုန်း ပိုမိုရရှိစေပါတယ်။³ အခိုက်အတန့်တိုင်းကို ကြည်ကြည်လင်လင်နဲ့ တိတိကျကျဖမ်းယူနိုင်မှာပါ။ HUAWEI Y5 2019 နဲ့ အမိုက်စားဆယ်လ်ဖီတွေ ကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ 5PM ကင်မရာကိုမှ Selfie Toning Flash ပါဝင်တာကြောင့် အကောင်းဆုံးပုံရိပ်တွေကို ရရှိစေမှာပါ။ ဒါ့အပြင် Smart Beauty Feature ကြောင့် သဘာဝကျတဲ့အလှတရားတွေကို ရရှိစေဦးမှာပါ။

Photo Source https://consumer.huawei.com/mm

32 GB ROM ပမာဏပါဝင်တာကြောင့် သီချင်းတွေ၊ ဓာတ်ပုံတွေ၊ App တွေကို အားရပါးရသိမ်းဆည်းနိုင်မှာလည်းဖြစ်ပါ တယ်။ 3020 mAh ပါဝင်တဲ့ကြီးမားတဲ့ ဘက်ထရီနှင့် အသိဉာဏ်မြင့် ပါဝါသိမ်းဆည်းမှု နည်းပညာကြောင့် ဂိမ်းဆော့တာတွေ၊ မီဒီယာပိုင်းတွေအတွက် ပိုပြီးအချိန်ရရှိစေမှာဖြစ်ပါတယ်။ HUAWEI Y5 2019 က ၁၆ နာရီနီးပါး ဗီဒီယိုကြည့်ချိန်၊ ၇၄ နာရီနီးပါး သီချင်းနားထောင်ချိန်နဲ့ ၁၀ နာရီနီးပါး အင်တာနက်အသုံးပြုချိန်တို့ကို ပေးစွမ်းနိုင်ပါတယ်။
HUAWEI Y5 2019 က မျက်နှာပေါ်မှာရှိတဲ့ အချက်အလက်ပေါင်း ၁၀၂၄ ခုအထိ အသိဉာဏ်ရှိရှိမှတ်သားပေးတာကြောင့် ဖုန်းကိုဖွင့်ယူလိုက်တာနဲ့ မျက်နှာကိုလျင်လျင်မြန်မြန် မှတ်မိစေပြီး အလင်းရောင်နည်းပါးနေရင်တောင် စက္ကန့်ပိုင်းအတွင်း လွယ်လွယ်ကူကူ Unlock လုပ်နိုင်မှာဖြစ်ပါတယ်။
EMUI 9.0 နဲ့ Android 9 တို့ရဲ့ ပေါင်းစပ်မှုက လျင်မြန်ချောမွေ့တဲ့ အတွေ့အကြုံတွေ ရရှိစေမှာပါ။ ဒါ့အပြင် HUAWEI Y5 2019 က 12 nm Chipset ကို အသုံးပြုထားတာကြောင့် အရင်မျိုးဆက်တွေထက် ပါဝါစားသက်သာစေသလို ပိုပြီးစမတ်ကျစေမှာပါ။ ဘယ်အချိန် ဘယ်နေရာပဲရောက်ရောက် Party Mode နဲ့ဆို အရာရာအဆင်ပြေစေမှာလည်းဖြစ်ပါ တယ်။ ဒီ Feature က မတူညီတဲ့ Huawei ဖုန်းတွေကိုချိတ်ဆက်နိုင်ပြီး သီချင်းတစ်ပုဒ်တည်းကို ဖွင့်လို့ရပါတယ်။

Photo Source https://consumer.huawei.com/mm

Dual SIM နဲ့ 512 GB အထိ Micro SD Card တစ်ချိန်တည်း ထည့်သွင်းနိုင်မယ့် three-card slot ဒီဇိုင်းကြောင့် အဆင်ပြေစေပါတယ်။ Dual 4G နဲ့ Dual VoLTE တစ်ချိန်တည်းသုံးနိုင်တဲ့ အားသာချက်နဲ့အတူ လျင်မြန်ချောမွေ့တဲ့ လိုင်းဆွဲအားကို အသုံးပြုနိုင်ပါတယ်။
စာဖတ်တဲ့အခါမှာ သက်သက်သာသာနဲ့အဆင်ပြေစေဖို့ HUAWEI Y5 2019 က Eye Comfort Mode နဲ့အတူ အသုံးပြုသူရဲ့မျက်လုံးကို ဂရုစိုက်ပေးပါတယ်။ ဒီမျက်နှာပြင်ကိုတော့ TÜV Rheinland က ထောက်ခံပေးထားပြီး မျက်စိထိခိုက်စေမယ့် အပြာရောင်အလင်းတန်းတွေကို ကာကွယ်ပေးပါတယ်။
Huawei ဟာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာ (ICT) ၊ စမတ်စက်ပစ္စည်းများကို ပံ့ပိုးပေးတဲ့ နိုင်ငံတကာ ရှေ့ဆောင်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ အဓိက နယ်ပယ်လေးခုဖြစ်တဲ့ ဆက်သွယ်ရေး ကွန်ရက်များ၊ IT၊ စမတ် စက်ပစ္စည်းများ နဲ့ ကလောက်ဒ် ဝန်ဆောင်မှုများ ကိုပေါင်းစပ်ထည့်သွင်းထားတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။
Huawei ရဲ့ စီးပွားရေးအုပ်စု (၃) ခုထဲမှ တစ်ခုဖြစ်တဲ့ Huawei Consumer BG သည် စမတ်ဖုန်းများ၊ PC များ၊ Tablets များ၊ ဝတ်ဆင်စရာများ၊ Mobile Broadband ထုတ်ကုန်များ၊ မိသားစုသုံး စက်ပစ္စည်းများနဲ့ Cloud ဝန်ဆောင်မှုများအတွက် AI နဲ့ ပတ်သက်သော အခြေအနေအားလုံးတို့တွင် ဦးဆောင်သူလည်းဖြစ်ပါတယ်။
အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://consumer.huawei.com/mm