ရောင်ပြန်ဒီဇိုင်းပုံစံ၊ ထူးခြားတဲ့အသွင်အပြင်နဲ့ ထုတ်လုပ်ထားပြီး လူကြိုက်များတဲ့ Huawei nova 5T

Huawei ရဲ့ ထုတ်ကုန်စမတ်ဖုန်းတွေထဲမှာ ထိပ်တန်းထုတ်ကုန်အဖြစ်ပါဝင်နေတဲ့ Huawei nova 5T စမတ်ဖုန်းကလည်း Huawei ပရိတ်သတ်တွေအကြိုက်တွေ့ခဲ့ကြတဲ့ ဖုန်းအမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။ သိသာထင်ရှားစေမယ့် အရောင်ပုံစံကလည်း Huawei nova 5T ရဲ့ ပင်ကိုယ်အလှကို ဖော်ညွှန်းနေတာကြောင့်လည်းဖြစ်ပါတယ်။
HUAWEI nova 5T ရဲ့ ရောင်ပြန်ဒီဇိုင်းပုံစံ၊ ထူးခြားတဲ့အသွင်အပြင်နဲ့ သေသပ်တဲ့အရောင်တို့က အကောင်းဆုံးခံစားချက်ကို ပေးစွမ်းနိုင်မှာပါ။ ဒီဇိုင်းပိုင်ရဲ့ အချောသတ်ပုံစံနဲ့ အသွင်အပြင်ပုံစံက အလင်းနဲ့၊ အရိပ်တွေကို ပုံဖော်ပေးနိုင်ပါတယ်။ ဖုန်းရဲ့ ဘေးဘက်မှာပါတဲ့ Fingerprint Sensor က ဒီဇိုင်းပိုင်းအရ ပိုမိုထူးခြားသွားသလို လက်တစ်ဖက်တည်းနဲ့ လွယ်လွယ်ကူကူ၊ လျင်လျင်မြန်မြန် ဖွင့်နိုင်ပါသေးတယ်။.
HUAWEI မှ စမတ်ဖုန်းတွေရဲ့ ဒီဇိုင်းပိုးကို အကောင်းဆုံးဖြစ်အောင်ဖန်တီးခဲ့သလို ဒီ HUAWEI nova 5T မှာလည်း ကြီးမားတဲ့ မျက်နှာပြင်၊ ကိုယ်ထည် အချိုးနဲ့ အကောင်းဆုံးဖြစ်အောင် ဖန်တီးထားပါတယ်။ မျက်နှာပြင်ရဲ့အောက်မှာ ရှေ့ကင်မရာကို မြှုပ်ထားပြီး HUAWEI nova 5T ရဲ့ မျက်နှာပြင်အပြည့်နီးပါး သုံးနိုင်အောင်၊ အတွေ့အကြုံသစ်တွေ ရရှိ အောင် ဖန်တီးထားတာပဲဖြစ်ပါတယ်။

Photo Source https://consumer.huawei.com/mm/

HUAWEI nova 5T ရဲ့ ကျောဖက် AI ကင်မရာလေးခုက အမိုက်စား HD ပုံရိပ်တွေ ဖမ်းယူနိုင်သလို၊ Ultra Wide-Angle, Macro နဲ့ Bokeh ဓာတ်ပုံတွေကိုလည်း အသီးသီးဖမ်းယူနိုင်ဦးမှာပါ။ ကင်မရာက အဆင့်မြင့်တဲ့ဗီဒီယိုတွေကိုလည်း ဖန်တီးနိုင်သလို ကြည်လင်တောက်ပတဲ့ ဓာတ်ပုံတွေ၊ ရှုခင်းဗီဒီယိုတွေ၊ အသက်ရှူမှားလောက်တဲ့ အနီးကပ်ဓာတ်ပုံ တွေကိုလည်း ဖန်တီးနိုင်ဦးမှာပါ။ ဘယ်နေရာ၊ ဘယ်အချိန်ပဲရောက်ရောက် အစွမ်းထက်တဲ့ ဓာတ်ပုံ၊ ဗီဒီယို Algorithms တွေက အရောင်စုံလင်တဲ့၊ Resolution မြင့် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ရရှိစေမှာလည်းဖြစ်ပါတယ်။
ထူးခြားကောင်းမွန်တဲ့ စံနှုန်းများနဲ့ ထုတ်လုပ်ထားတဲ့ 1/2-inch sensor တပ်ဆင်ထားတဲ့ 48 MP ကင်မရာနဲ့အတူ တကယ့် Professional တစ်ယောက်ရိုက်ကူးထားတဲ့ အရည်အသွေးမြင့် ပုံရိပ်တွေကို ကိုယ့်ရဲ့ smartphone နဲ့ ရိုက်ကူးဖန်တီးနိုင်မှာပါ။ ဒါ့အပြင် AI နည်းပညာနဲ့အားဖြည့်ထားတဲ့ Super Night Mode ဟာဆိုရင်လည်း ပြင်ပအလင်းရောင်အနည်းအများအပေါ် အကောင်းဆုံးချိန်ညှိတွက်ဆပြီး ရင်သပ်ရှုမောဖွယ် ညအလှပုံရိပ်များကို ကိုယ်တိုင် ကိုယ်ကျ ဖန်တီးရိုက်ကူးနိုင်ဖို့ ကူညီပေးမှာပဲဖြစ်ပါတယ်။
ရုပ်ရှင်ဆန်ဆန် တမူထူးခြားတဲ့ မြင်ကွင်းကျယ်ပုံရိပ်တွေကို ကိုယ့်ရဲ့လက်နဲ့ ကိုယ်တိုင်ကျိုယ်ကျ ဖန်တီးရိုက်ကူးနိုင်ဖို့ Huawei nova 5T ကအပြည့်အဝကူညီပေးမှာလည်းဖြစ်ပါတယ်။ f/2.2 ultra wide-angle lens ကို တပ်ဆင်ပေးထားတာကြောင့် ကိုယ်ရိုက်ကူးဖန်တီးလိုက်တဲ့ ပုံရိပ်တိုင်းဟာ ပြန်ကြည့်လိုက်တိုင်း ထူးခြားကွဲထွက်နေတဲ့ အမြင်ခံစားမှုအတွေ့အကြုံသစ်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
လူတော်တော်များများသတိမထားမိကြတဲ့၊ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတတ်တဲ့ ကိုယ့်ရဲ့လက်တစ်ကမ်းက အရာဝတ္ထုတွေကို ပုံဖော်ရိုက်ကူးနိုင်ပါပြီ။ 4 cm အကွာအဝေးအထိ အနီးကပ်ဆုံးရိုက်ကူးနိုင်တဲ့ Super Macro Lens နဲ့အတူ ကိုယ့်ရဲ့ကမ္ဘာသစ်ရှာပုံတော် ခရီးစဉ်အတွေ့အကြုံကို အားလုံးနဲ့ဝေမျှလို့ရမှာလည်းဖြစ်ပါတယ်။

Photo Source https://consumer.huawei.com/mm/

ကိုယ်ရိုက်ကူးမယ့် အရာဝတ္ထု (ဒါမှမဟုတ်) လူ ကို အကောင်းဆုံးပုံဖော်နိုင်မယ့် Bokeh effect ကို ဒီတစ်ခါမှာတော့ Kirin chipset ရဲ့ ISP real-time processing capabilities နဲ့အတူ ပိုပြီးအဆင့်မြှင့်တင်လာခဲ့ပါပြီ။ Mobile ဖုန်းနဲ့ဓာတ်ပုံရိုက်ကူးဖန်တီးခြင်းကို Professional Potrait ဘုရင်တစ်ဆူအလား အတွေ့အကြုံသစ်ကိုခံစားရစေမှာလည်း ဖြစ်ပါတယ်။
မျက်နှာပြင်အပေါ်ထောင့်မှာရှိနေတဲ့ 32 MP front selfie camera က ကိုယ့်ရဲ့အလှတရားကို AI နည်းပညာနဲ့ ပေါ်လွင်ထင်ရှားအောင်ကူညီပေးမှာပဲဖြစ်ပါတယ်။ 4-in-1 pixel fusion နည်းပညာရဲ့ ပေါင်းစပ်ကူညီမှုက အလင်းအားပို ကောင်းပြီး ကြည်လင်ပေါ်လွင်တဲ့ အကောင်းဆုံး Selfie အတွေ့အကြုံသစ်ကို ပေးစွမ်းနိုင်မှာပါ။
အားသွင်းနှေးတာတွေက နေ့စဉ်ဘဝအတွက် အဆင်မပြေစေပါဘူး။ အထူးသဖြင့် ဖုန်းအရမ်းသုံးရတဲ့အခြေအနေမျိုးမှာပေါ့။ ဒါပေမယ့် HUAWEI nova 5T ရဲ့ 3750 mAh 2 ဘက်ထရီက 22.5 W HUAWEI SuperCharge စနစ်ကို အထောက်အပံ့ပေးထားပါတယ်။ မိနစ် 30 အတွင်း 50 ရာခိုင်နှုန်းအထိအားပြည့်စေနိုင်ပါတယ်။