In-Display Fingerprint ပါဝင်ပြီး ခေတ်ရှေ့ပြေးဒီဇိုင်းဖြင့်ထုတ်လုပ်ထားသော Vivo V11 စမတ်ဖုန်း

In-Display Fingerprint ပါဝင်ပြီး ခေတ်ရှေ့ပြေးဒီဇိုင်းဖြင့်ထုတ်လုပ်ထားတဲ့ Vivo V11 စမတ်ဖုန်းကလည်း သုံးစွဲသူကြား မှာ ပြောစမှတ်ဖြစ်လောက်အောင် အရည်အသွေးကောင်းမွန်တဲ့ ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။ လက်ရှိ ဝယ်ယူသုံးစွဲမယ့် သူ တွေအတွက်လည်း ဈေးနှုန်းသင့်တင့်စေမှာ အမှန်လည်းဖြစ်ပါတယ်။
မှန်မျက်နှာပြင်အောက်မှာ ဖွက်ပြီးထည့်ထားတဲ့ V11 ရဲ့ In-Display Fingerprint Scanning နည်းပညာက မိမိဘယ်သူလဲဆိုတာကို တိတိကျကျ ဝေခွဲဆုံးဖြတ်နိုင်ပါတယ်။ ကိုင်တွယ်မြင်တွေ့လို့ရတဲ့ လက်ဗွေဖတ်နေရာကို နည်းပညာအမြင့်တွေနဲ့ အသာလေး ဖယ်ရှားခဲ့လိုက်နိုင်လို့ နည်းပညာအမြင့်တွေကို ကိုင်တွယ်ရတဲ့ ခံစားမှုမျိုးကိုခံစားရမှာ ဖြစ်ပါတယ်။
Vivo က ခေတ်ရှေ့ပြေးပြီး အကောင်းဆုံးဆိုတဲ့ဖုန်းတွေ ထုတ်လုပ်ဖို့ ခပ်သွက်သွက် လှုပ်ရှားခဲ့ပါတယ်။ အခုဆိုရင် 19.5:9 aspect ratio Halo FullViewTM Display ပါဝင်တဲ့ V11 ကိုယူဆောင်လာခဲ့ပါပြီ။ Super AMOLED မျက်နှာပြင်က တောက်ပရွှန်းစို ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကိုဖေါ်ပြပေးပါတယ်။ နောက်ကျောဘတ်မှာဆိုရင် ဆန်းသစ်တဲ့ 3D ကာဗာအသုံးပြုထားပြီး ပိုမိုလှပဆန်းပြားတဲ့ fusion color အရောင်ပေါင်းစပ် ဖွဲ့စည်းခြင်းဖြင့် ရွှန်းစိုတဲ့ အရောင်လေး ဖြစ်နေပါတယ်။ ဖုန်းရဲ့အရှေ့ဘက်ရော၊ အနောက်ဘက်ပါ မြင့်မားတဲ့ quality နဲ့ အဆင့်အတန်းကို ဖေါ်ပြနေသလိုပါပဲ။

Photo Source https://www.vivo.com

12MP (24 သန်းကျော် ဓာတ်ပုံအာရုံခံ ကိရိယာများ) + 5MP တို့ပေါင်းစပ်ထားတဲ့ အနောက်ကင်မရာနှစ်ခု ကိုပေါင်းစပ်ပြီး V11 ကင်မရာစနစ်ကိုဖွဲ့စည်းထားပါတယ်။ အဓိကကင်မရာ ပုံရိပ်တွေဖမ်းယူဖို့အတွက် ကြီးမားတဲ့ f/1.8 apature နဲ့ 1.28 µm pixels တို့ပါဝင်ပါတယ်။ ဒီအချက်က အလင်းအမှောင်ကို အကောင်းဆုံး အခြေအနေဖြစ်အောင် မြှင့်တင်ပေးပါတယ်။ Dual Pixel Autofocus နည်းပညာက focus လုပ်တာကို ပိုမိုမြန်ဆန်စေပါတယ်။ ကဲ သာမန်လူတွေကို professional ဓာတ်ပုံဆရာတစ်ယောက်ဖြစ်သွားစေတော့မှာပေါ့။
အလွန်ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေရရှိဖို့အတွက် အရှေ့ကင်မရာကို ရုပ်ထွက်အားကောင်းပြီး မြင့်မားတဲ့ 25MP super high resolution sensor ကိုအသုံးပြုထားပါတယ်။ နည်းပညာအသစ် AI Face Shaping နည်းပညာက အသုံးပြုသူရဲ့ မျက်နှာသွင်ပြင်ကို အသေအချာဖတ်ရှုပြီး ပိုမိုလှပ၊ ကြည်လင်ပြတ်သားတဲ့ပုံလေးတွေကို သဘာဝအတိုင်း ရရှိစေပါတယ်။
V11 ရဲ့အရေးပါတဲ့အစိတ်အပိုင်း နှလုံးသားလေးက Qualcomm ကထုတ်လုပ်တဲ့ စွမ်းဆောင်ရည်မြင့် octa-core Snapdragon 660AIE ပဲဖြစ်ပါတယ်။ Chip ရဲ့စွမ်းဆောင်နိုင်စွမ်းနဲ့ ချိန်ညှိပြီးတော့ V11 ကို မြင့်မားတဲ့ 6GB RAM နဲ့ 126GB storage space ကိုတပ်ဆင်အသုံးပြုထားပါတယ်။ တစ်ဆက်ထဲမှာပဲ Android 8.1 အပေါ်မှာ အခြေခံထားတဲ့ နောက်ဆုံး version Funtouch OS 4.5 ရယ် Jovi AI Engine ရယ်က CPU စွမ်းဆောင်နိုင်စွမ်းရယ် memory ရယ်ကို ထိထိရောက်ရောက် အသုံးချနိုင်မှာဖြစ်ပါတယ်။ မြင့်မားတဲ့ game တွေဆော့ရင်တောင်မှ အေးအေးဆေးဆေးစွမ်းဆောင် နိုင်ပါတယ်။

Photo Source https://www.vivo.com

V11မှာ Dual-Engine အားအမြန်သွင်းစနစ်ပါဝင်တဲ့အတွက် ကြီးမားတဲ့ 3400mAh battery ကိုတောင် အမြန်ဆုံးအားပြန်ဖြည့်ပေးနိုင်ပါတယ်။ အားအမြန်သွင်းနေချိန်မှာတောင် လုံခြုံမှုအပြည့်အဝပေးပြီး အပြိုင် ဆက်သွယ် ထားတဲ့ charging chip နှစ်ခုက အလုံခြုံဆုံးနဲ့ စိတ်အချရဆုံးဖြစ်စေပါတယ်။
V11 စမတ်ဖုန်းမှာ ပါဝင်တဲ့ Jovi ဆိုတာ “Enjoy Vivo’s AI” ကနေလာတာပါ။ ဆိုလိုတာကတော့ Vivo ရဲ့ AI assistant ဖြစ်ပါတယ်။ Jovi ကတော့ အသုံးပြုသူရဲ့ နေ့စဉ်ဘဝကို ပိုမိုလွယ်ကူအဆင်ပြေအောင်ကူညီပေးမှာဖြစ်ပါတယ်။
vivo သည် စမတ်ဖုန်းလောကရဲ့ ဆန်းသစ်တီထွင်မှုနှင့် အသိဉာဏ်ရှိသော စွမ်းဆောင်မှုများမှာ စီးပွားရေး ဝန်ဆောင်မှု များကို အဓိကဦးဆောင်လမ်းဖောက်နေတဲ့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ vivo ဟာ စိတ်လှုပ်ရှားဖွယ် ကောင်းပြီး ဆန်းသစ်တီထွင်ထားသော စမတ်ဖုန်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် နည်းပညာ နှင့် ဒီဇိုင်းအတွေးအခေါ်များကို ထူးခြားဆန်းသစ်သည့် နည်းပညာများ၊ ဒီဇိုင်းအတွေးအခေါ်များဖြင့် ပေါင်းစပ်ဖန်တီးထားသော ဝန်ဆောင်မှုများမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ အသုံးပြုသူများကို ချိတ်ဆက်ပေးနိုင်ရန် ကြိုးစားအားထုတ်လျက်ရှိပါတယ်။ ဆန်းသစ်တီထွင်မှု၊ အသုံးပြုသူများအား အလေးထားခြင်းသည် ကုမ္ပဏီ၏ အဓိကအလေးထား လိုက်နာရသည့် အချက်များဖြစ်ပြီး vivo ဟာ ရေရှည်တည်တံ့ခိုင်မြဲသည့် မဟာဗျုဟာကို အကောင်အထည်ဖော်ပြီး ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ခဲ့ပါတယ်။
နောက်ဆုံးပေါ်နည်းပညာများ၊ 5G, AI, photography နှင့် မျိုးဆက်သစ် စမတ်ဖုန်း ဒီဇိုင်းများကို သုံးစွဲသူများအတွက် တရုတ်ပြည်ရှိ ဌာနချုပ်အပါအဝင် Shenzhen, Dongguan, Nangjin, Beijing, Hangzhou, Shanghai, Taipei, Tokyo နှင့် San Diego မြို့များတွင် သုတေသန ဖွံ့ဖြိုးရေးစင်တာများ တည်ထောင်ထားပါတယ်။ တရုတ်၊ တောင်အာရှ နှင့် အရှေ့တောင်အာရှ တွင် နှစ်စဉ် စမတ်ဖုန်း သန်း (၂၀၀) ကျော်ထုတ်လုပ်သည့် အချက်အချာကုန်အမှတ်တံဆိပ် ထုတ်လုပ်ရေးဌာန ကို တည်ထောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် မှတ်တမ်းများအရ vivo ဟာ အရောင်းကွန်ယက်ကို နိုင်ငံ ၃၀ တွင် ဖြန့်ကျက်ခဲ့ပြီး သုံးစွဲသူ သန်း ၃၀ ကျော် ကမ္ဘာတစ်ဝှမ်းတွင် နှစ်သက်ခဲ့ကြပါတယ်။
ပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.vivo.com