HUAWEI P30 Pro နှင့် HUAWEI P30 စမတ်ဖုန်းတို့၏ အဆင့်မြင့်နည်းပညာလုပ်ဆောင်ချက်များအကြောင်း

HUAWEI P30 Pro နဲ့ HUAWEI P30 စမတ်ဖုန်းတို့ဟာ အဆင့်မြင့်နည်းပညာပိုင်းဆိုင်ရာလုပ်ဆောင်ချက် ပုံစံခြင်းဆင်တူပါတယ်။ တကယ်တော့ Huawei P30 pro စမတ်ဖုန်းက ဓာတ်ပုံရိုက်ကူးခြင်းကို တစ်ခေတ်ဆန်းသစ်စေဖို့ ရောက်ရှိလာခဲ့တာလို့ဆို နိုင်ပါတယ်။ ဒါ့အပြင် ကောင်းကင်ယံရဲ့ သဘောတရားကို အခြေခံထားတာကြောင့် HUAWEI P30 Pro ရဲ့ အရောင်တွေက အလင်းရောင်နဲ့ စကြာဝဠာတို့ရဲ့ ပုံရိပ်ထင်ဟပ်စေပါတယ်။ နေ့လည်ခင်းကောင်းကင်ပြာ ရောင်ပုံစံမျိုးနဲ့ အာရုဏ်ဦးအရောင် ပုံစံမျိုး ဖန်တီးထားပါတယ်။
ဓာတ်ပုံရိုက်ကူးမှုမှာ ဦးဆောင်ထားနိုင်ခြင်း အားလုံးအထင်ကြီးသွားပါလိမ့်မယ်။ Leica Camera လေးခုက မိမိရဲ့ ဓာတ်ပုံတွေကို ကမ္ဘာကြီးတစ်ခုလုံးမြင်နေရသကဲ့သို့ ကူညီဖန်တီးပေးမှာပါ။ ဒီ Super Camera စနစ်မှာ အကောင်း ဆုံးပုံရိပ်တွေ ရရှိစေဖို့ SuperZoom Lens ရယ်၊ 40MP ရှိတဲ့ Super Sensing Camera ရယ်၊ 20MP ရှိတဲ့ Ultra Wide Angle Lens ရယ်နဲ့ HUAWEI TOF Camera ရယ်ပါဝင်ပါတယ်။
Periscope Telephoto Lens က ဖုန်းထဲမှာတင် ဓာတ်ပုံအရည်အသွေးမကျစေပဲ ပိုပြီးနီးနီးကပ်ကပ်ဆွဲယူကြည့်ရှုနိုင်အောင် ဆောင်ရွက်ပေးမှာပါ။ 40MP Main Camera ရဲ့ အရောင်ချိန်ညှိမှုနဲ့ OIS ရဲ့ Stability, SuperZoom Lens ရဲ့ 10x Hybrid Zoom တို့ကြောင့် တစ်ခါမှမမြင်ဖူးတဲ့ ဓာတ်ပုံအရည်အသွေးနဲ့ တိကျသေသပ်တဲ့ဓာတ်ပုံတွေကို ရရှိစေမှာပါ။ ဒါ့အပြင် 50x Zoom နဲ့ ဆွဲယူကြည့်ရှုလိုက်မယ်ဆိုရင် လမင်းကြီးက သင့်အရှေ့ရောက်နေသလိုပါပဲ။ (HUAWEI P30 Pro ၏ 50x Zoom နဲ့အတူ လ ကိုဖမ်းယူရိုက်ကူးနိုင်ပါသည်)

Photo Source https://consumer.huawei.com/mm/

3D Curved မှန်သားကိုယ်ထည်နှစ်ထပ်ရဲ့ သေသပ်လှပမှုက HUAWEI P30 Pro ကို အနုပညာလက်ရာမြောက်စေပါတယ်။ 6.47 လက်မအရွယ် OLED Dewdrop မျက်နှာပြင် ကနေ အရောင်စုံပြီး ထူးခြားကောင်းမွန်တဲ့ မြင်ကွင်းတွေကို ခံစားရစေမှာပါ။ HUAWEI P30 Pro ကို လက်တစ်ဖက်တည်းနဲ့ သက်သက်သာသာ ကိုင်လို့ရနိုင်သလို ပိုပြီးအဆင့်မြင့်တဲ့ in-screen လက်ဗွေစနစ်ကလည်း ပါဝင်ပါသေးတယ်။
ပုံမှန်သမရိုးကျ top-front စပီကာအစား ပိုပြီးကျယ်ပြန့်တဲ့မျက်နှာပြင်၊ နားထောင်တဲ့ဧရိယာတို့ရရှိစေဖို့ HUAWEI P30 Pro က HUAWEI Acoustic မျက်နှာပြင်နည်းပညာကို အသုံးပြုထားပါတယ်။ ဒီ လျပ်စစ်သံလိုက်အသံစနစ်က မျက်နှာပြင်ရဲ့ တုန်ခါမှုတွေနဲ့အတူ အသုံးပြုသူရဲ့ နားထဲမှာကြားရစေမှာပါ။ ဒါအပြင် Adventure ခရီးစဉ်မျိုးတွေကြိုက်သူအတွက် HUAWEI P30 Pro က အဆင်သင့်ရှိနေပါပြီ။ သူ့ရဲ့ IP68 ဖုန်နဲ့ ရေစိုခံနိုင်မှုက ရေထဲပြုတ်ကျသွားတာတွေ၊ ရေစင်တာမျိုးတွေအတွက် အဆင်ပြေပြီပေါ့။
Kirin 980 က ကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့ ပါဝါစားသက်သာမှုတို့နဲ့အတူ ကမ္ဘာ့ပထမဆုံး 7nm Mobile Chipset တစ်ခုဖြစ်ပါတယ်။ ဒီ နည်းပညာမြင့် Chipset နဲ့ RAM 8GB, 256GB သိမ်းဆည်းနိုင်မှု4 ကြောင့် HUAWEI P30 Pro က စွမ်းဆောင်ရည်မြင့်မားစေပါတယ်။ 4200mAh ဘက်ထရီပမာဏ (ပုံသေပမာဏ)နဲ့ အတွေ့အကြုံတွေအများကြီးကို နေ့စဉ်ခံစားနိုင်မှာပါ။ ဒါ့အပြင် အသိဉာဏ်ရှိ ပါဝါထိန်းသိမ်းမှုစနစ်လည်း ပါဝင်ပါသေးတယ်။
ဖုန်းအားသွင်းရတာက အဆင်မပြေမဖြစ်စေသလို စိတ်ညစ်စရာလည်း မလိုတော့ပါဘူး။ TÜV ရဲ့ လုံခြုံမှုထောက်ခံထားတဲ့ 40W HUAWEI SuperCharge နဲ့ မိနစ် ၃၀ အတွင်း ၇၀ ရာခိုင်နှုန်း အထိအားပြန်ဖြည့်ပေးနိုင်ပါတယ်။ HUAWEI P30 Pro ကို TÜV ရဲ့ လုံခြုံစိတ်ချရမှုထောက်ခံချက်ရရှိထားတဲ့ 15W Wireless QuickCharge နဲ့ ကြိုးမဲ့အားသွင်းလိုက်ပါ။ သွားလာစရာရှိရင် ယူသွားလိုက်ရုံဆိုတော့ ပိုအဆင်ပြေစေပါတယ်။

Photo Source https://consumer.huawei.com/mm/

DIY Projects တွေကို HUAWEI P30 Pro မှာတဲ့ AR Measurement နဲ့ပြီးမြောက်စေနိုင်ပါတယ်။ HUAWEI TOF ကင်မရာက အလျား၊ အနံ၊ အထူစသည်ဖြင့် တိတိကျကျတိုင်းတာနိုင်ပါတယ်။ Face Recognition နည်းပညာကိုအခြေခံပြီး ပိုမိုတိုးတက်အောင်လုပ်ဆောင်လိုက်တဲ့အခါမှာတော့ လူတစ်ယောက်ရဲ့အရပ်ကိုတိုင်းတယ်ဆိုတာ ခေါင်းကနေခြေအထိ Scan ဖတ်ဖို့ခိုင်းလိုက်သလိုပါပဲ။
HUAWEI P30 Pro ကနေ MateBook ကို ရိုးရိုးထိလိုက်ရုံနဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ ဖိုင်တွေကို စက္ကန့်အနည်းငယ်အတွင်း ပေးပို့နိုင်ပါတယ်။ နောက်ပြီး ဂိမ်းဆော့နေတဲ့အချိန်မှာ တစ်ချက်လှုပ်လိုက်ပြီး MateBook ကို သွားထိလိုက်ရုံနဲ့ Laptop မျက်နှာပြင်ကို စက္ကန့် ၆၀ စာ ဗီဒီယိုဖမ်းပြီး ဖုန်းထဲသိမ်းနိုင်ပါသေးတယ်။ စက်အချင်းချင်း စာတွေကိုလည်း အတူတူ အလုပ်လုပ်ရင် လွယ်လွယ်ကူကူ Copy and Paste ပြုလုပ်နိုင်ပါတယ်။