မျက်နှာအလှပြုပြင်စနစ် 7.0 မှာ algorithm သစ်တစ်ခုကို အသုံးပြုပြီးထုတ်လုပ်ထားတဲ့ vivo V7plus စမတ်ဖုန်း

Vivo V7+ ရဲ့ တစ်ခေတ်ဆန်း FullViewTM Display ဟာ အံ့သြဖွယ်ရာ အသက်ရှူရပ်သွားလောက်တဲ့ မြင်ကွင်းကို ရရှိစေမှာအမှန်ပါပဲ။ နှစ်လိုဖွယ်ကောင်းတဲ့ မျက်နှာပြင်နဲ့ ကျဉ်းမြောင်းတဲ့ ဘောင်တွေပါဝင်တဲ့အတွက် မျက်နှာပြင်ပိုကျယ် သွားပေမယ့် လက်ထဲမှာကိုင်ပြီး အသုံးပြုရတာ အကောင်းဆုံး သဘောကျမှုကို ပေးစွမ်းစေမှာပါ။
Vivo V7+ ဟာ လက်ထဲမှာ vivo V5 ကို ကိုင်ထားတဲ့ ခံစားချက်နဲ့ တူညီမှာဖြစ်ပေမယ့်လည်း 5.99 လက်မ FullViewTM Display ကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ ဂိမ်းတွေ၊ ဗီဒီယိုကြည့်တာတွေမှာ အကောင်းဆုံး နစ်မြောခံစားနိုင်မှာအသေအချာပါပဲ။ ဒါ့အပြင် vivo V7+ ရဲ့ 84.4 ရာခိုင်နှုန်း အထင်ကြီးဖွယ်ရာ ကိုယ်ထည်မှ မျက်နှာပြင်အချိုးကို 2.5mm ပါးလျလွန်းတဲ့ ဘောင်တွေနဲ့ ပေါင်းစပ်ထားခြင်းက အများအကြားမှာ ထင်ရှားနေမှာပါ။ ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်းက အစဉ်အလာဟောင်းတွေကို ချိုးဖျက်ပြီး မိမိရဲ့ စမတ်ဖုန်းကို သတိထားမိစေတဲ့ ပုံစံကို ပေးစွမ်းမှာပါ။
18:9 FullViewTM Display ဟာ 12.5 ရာခိုင်နှုန်း ပိုကြီးတဲ့ ဖန်သားပြင် (သမားရိုးကျ 16:9 ဖန်သားပြင်တွေနဲ့ နှိုင်းယှဉ်ရင်) ကို အသုံးပြုထားပြီး လုံးဝတစ်ခေတ်ဆန်းစေမယ့် ဂိမ်းအတွေ့အကြုံကို ပေးစွမ်းသွားမှာပါ။ ဒါ့အပြင် Vivo ရဲ့ Game Mode ဟာ ဂိမ်းကစားနေတဲ့အချိန်မှာ အဝင်ခေါ်ဆိုမှုတွေနဲ့ စာတိုတွေကြောင့် အနှောင့်အယှက်မဖြစ်အောင် ကာကွယ်ပေးဦးမှာပါ။
Vivo V7+ ဟာ ပြီးပြည့်စုံတဲ့ Selfie ရိုက်ကူးမှု ပုံရိပ်တွေကို ပေးစွမ်းနိုင်ဖို့အတွက် အစဉ်အလာအတိုင်း ဖုန်းကင်မရာ နည်းပညာကို ဆက်လက်ပြောင်းလဲ ထားပါတယ်။ ကြည်လင်ပြတ်သားမှု အားကောင်းတဲ့ 24MP ကင်မရာနဲ့ Vivo ရဲ့ အထူးသီးသန့် မျက်နှာအလှ ပြုပြင်နည်းစနစ်တို့ ပေါင်းစပ်ထားတဲ့အတွက် ကြည်လင်တောက်ပတဲ့ ဓာတ်ပုံတွေ၊ သဘာဝ ကျတဲ့ မျက်နှာအလှပုံတွေကို ပေးအပ်ပါလိမ့်မယ်။ နောက်ခံဝေဝါးပေးတဲ့ စနစ်က လှပစွာဝေဝါးနေတဲ့ နောက်ခံနဲ့အတူ အကောင်းဆုံး Selfie ပုံကို ရိုက်ယူနိုင်ပါတယ်။

Photo Source https://www.vivo.com/mm/products/

အရှေ့ကင်မရာမှာ တပ်ဆင်ထားတဲ့ 24MP အာရုံခံကိရိယာဟာ ဈေးကွက်တွင်းထိပ်တန်းဖြစ်ပြီး pixel ပမာဏ ပိုများတာကြောင့် ပိုမိုကြည်လင်ပြတ်သားပြီး ထင်ရှားပေါ်လွင်တဲ့ Selfie ပုံတွေကို ရိုက်ယူစေနိုင်မှာပါ။ နောက်ခံရှုခင်း ကလည်း အသက်ဝင်တဲ့ အရောင်အသွေးစိုပြေမှုတွေကြောင့် ပိုပြီးကြည်လင်ကောင်းမွန်တဲ့ ပုံတစ်ပုံရရှိနိုင်မှာပါ။ မျက်နှာအလှပြုပြင်စနစ် 7.0 မှာ algorithm သစ်တစ်ခုကို အသုံးပြုပြီး အလင်းရောင်မြှင့်တင်ပေးတဲ့အတွက် Selfie ပုံတွေကို ပိုမိုရုပ်လုံးကြွစေဦးမှာပါ။ အလင်းရောင်အားနည်းတဲ့ နေရာတွေမှာ ရိုက်ကူးထားရင်တောင် သဘာဝကျပြီး ပိုမိုလှပတဲ့ ပုံရိပ် တွေကို ရရှိနိုင်မှာလည်းဖြစ်ပါတယ်။
Vivo V7+ ရဲ့ ပိုမိုလှပစေတဲ့စနစ်က Selfie ပုံတွေကို လှပစွာ ရိုက်ရုံသာမကဘဲ Video ဖုန်းခေါ်တဲ့ app တွေ အသုံးပြုနေတုန်းမှာလည်း ပူးတွဲအသုံးပြုနိုင်ပါတယ်။ မျက်နှာအလှဆင်မှုပုံစံကို အလွယ်တကူရွေးချယ်ပြီး ဆက်သွယ်ပြော ဆိုနေချိန်မှာ အလှဆုံး ဖြစ်နေမှာပါပဲ။ မှောင်တဲ့ပတ်ဝန်းကျင်အနေအထားမှာ selfie အလင်းရောင်စနစ် အလိုလျောက် အလုပ်လုပ်ပြီး အလှတွေ ပိုပြီးတိုးပွားစေမယ့် အလင်းရောင်ကို ထုတ်လွှတ်ပေးသွားမှာလည်းဖြစ်ပါတယ်။ (WhatsApp, Line, Facebook Messenger, Zalo, Viber Messenger and BBM တွေမှာ အသုံးပြုနိုင်ပြီး တခြား app တွေကို အသုံးပြုနိုင်အောင်လည်း နောက်ပိုင်းမှာ ဆက်လက်ဖြည့်စွက်သွားမယ်လို့လည်း vivo ကကြေညာထားပါတယ်)
Vivo V7+ ရဲ့ နောက်ခံဝေဝါးပေးတဲ့စနစ်နဲ့ မိမိရဲ့ Selfie ပုံတွေမှာ ထင်ရှားစွာ နေရာယူနိုင်မှာပါ။ ဓာတ်ပုံမှာ ပိုမိုပြတ်သားထင်ရှားစေဖို့နဲ့ အမြင်အာရုံဆွဲဆောင်မှု ပိုမြင့်စေဖို့ နောက်ခံကို ဝေဝါးပေးတဲ့ လုပ်ဆောင်ချက်ကို အသုံးပြုထား ပါတယ်။ DSLR ကင်မရာလိုမျိုး အလင်းဝင်ပေါက်ကြီးတဲ့ ကင်မရာနဲ့ စတိုင်ကျတဲ့ Selfie ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။ အရည်အသွေးမြင့် 16MP အနောက်ကင်မရာနဲ့ PDAF နည်းပညာ၊ အဆင့်မြင့် algorithm တို့ ပေါင်းစပ်ပြီး ပိုမိုရှင်းလင်းတောက်ပပြီး အနုစိတ်ကျတဲ့ ဓာတ်ပုံတွေကို ရိုက်ယူနိုင်ဦးမှာပါ။ အနောက်ကင်မရာရဲ့ 64MP Ultra HD လုပ်ဆောင်ချက်က frame လေးခုကို တစ်ခုတည်းအဖြစ်ပေါင်းပြီး အလွန်တရာ အနုစိတ်ကျတဲ့ ဓာတ်ပုံတွေကို ဖန်တီးပေးနိုင် ပါတယ်။

Photo Source https://www.vivo.com/mm/products/

Vivo V7+ ရဲ့ Qualcomm Octa-core CPU နဲ့ 4GB RAM တွေကြောင့် အားကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်မှာပါ။ 64GB ROM (256GB အထိ ထပ်တိုးနိုင်ပါတယ်) လည်း ပါဝင်တဲ့အတွက် မိမိစိတ်ကြိုက် ဓာတ်ပုံတွေ၊ တေးသီချင်းတွေနဲ့ ဗီဒီယိုတွေကို အများအပြား သိမ်းဆည်းထားဖို့ လုံလောက်စေပါတယ်။ နောက်ပြီး Android 7.1 ပေါ်မှာ အခြေခံထားတဲ့ Funtouch OS 3.2 က ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံနဲ့ အသိဉာဏ်ရှိတဲ့ စွမ်းအင်ချွေတာရေး စနစ်တွေကို ပံ့ပိုးပေးဦးမှာပါ။
Vivo V7+ ရဲ့ အဆင့်မြင့် AK4376A Hi-Fi audio chip က မိုလ်ဘိုင်းဖုန်း အသံထွက်နည်းပညာကို ပိုမြင့်တဲ့အဆင့်အတန်းသစ် တစ်ခုဆီ ခေါ်ဆောင်သွားသလိုခံစားမိစေမှာပါ။ ဒါ့အပြင် V7+ မှာ အလိုအလျောက် မျက်နှာပြင်ပိုင်းခြားစနစ် 3.0၊ App ပုံတူပွားစနစ်နဲ့ Face Access တွေအပြင်၊ အခြား လုပ်ဆောင်ချက်တွေလည်း အများ အပြား ပါဝင်နေပါတယ်။
အဆင့်မြှင့်တင်ထားတဲ့ အလိုအလျောက် မျက်နှာပြင်ပိုင်းခြားစနစ် 3.0 မှာ ကိစ္စအများအပြားကို တစ်ပြိုင်တည်း လုပ်ဆောင်နိုင်ပါပြီ။ ဗီဒီယိုကြည့်နေချိန်မှာ စာတိုတစ်စောင်ဝင်လာရင် စာကိုတစ်ချက်နှိပ်ရုံနဲ့ မျက်နှာပြင်ကို နှစ်ခြမ်းခွဲပေးပြီး ပြသပေးမှာဖြစ်ပါတယ်။ မျက်နှာပြင်ပေါ်မှာ လက်သုံးချောင်းနဲ့ ဆွဲချလိုက်ရုံနဲ့ ဗီဒီယိုကို ရပ်ဖို့မလိုဘဲ မျက်နှာပြင်ကို ပိုင်းပြီး အခြား application တွေကို အသုံးပြုနိုင်ပါတယ်။ App ပုံတူပွားစနစ်ဟာ app ကို တစ်ခုကနေ နှစ်ခုဖြစ်အောင်ပြုလုပ်ပြီး လူမှုကွန်ယက်သုံးအကောင့်တွေမှာ သင့်ရဲ့ ကိုယ်ပိုင်ဘဝနဲ့ လုပ်ငန်းသုံးကို သီးခြားစီ တစ်ပြိုင်နက်တည်း အသုံးပြုနိုင်မှာပါ။
Vivo V7+ ရဲ့ Face Access စနစ်သစ်ဟာ မျက်နှာရဲ့နေရာအမျိုးမျိုးကို ဖတ်ရှုမှာဖြစ်ပြီး တူညီတဲ့ သွင်ပြင်လက္ခဏာ တွေကိုတွေ့ရှိတဲ့အခါ lock ဖွင့်ပေးမှာဖြစ်ပါတယ်။ အသုံးပြုရတာလည်း အရမ်းလွယ်ကူပါတယ်။ ဖုန်းကို ကောက်ကိုင်လိုက်တာနဲ့ ဖန်သားပြင်က လင်းလာမှာဖြစ်သလို ချက်ချင်းပဲ Face Access က ဖတ်ရှုပြီး lock ဖွင့်ပေးမှာ ဖြစ်ပါ တယ်။