၂၀၂၀ ခုနှစ်အတွင်း ထွက်ရှိထားသော realme Smart Phone များအကြောင်း

၂၀၂၀ ခုနှစ်အတွင်းထွက်ရှိလာတဲ့ Smart Phone အမျိုးအစားတွေထဲမှာ realme Smart Phone တွေဟာလည်း လူကြိုက် တဲ့အထဲမှာပါဝင်တဲ့အမျိုးအစားတစ်ခုဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း Realme Smart Phone ကိုရွေးချယ်ဝယ်ယူ မယ့်သူတွေအတွက် ယခုနှစ်ထွက်ရှိလာတဲ့ realme စမတ်ဖုန်းအမျိုးအစား (၅) ခုရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

Photo source https://bit.ly/3dqCMh6

realme 5i

realme 5i စမတ်ဖုန်းကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့မှစတင်ကာ မြန်မာကျပ်ငွေ ၂၂၉၉၀၀ ဖြင့်စတင်ရောင်းချခဲ့ပါတယ်။ ဖုန်းအရောင်အနေဖြင့် Forest Green နှင့် Aqua Blue အရောင်နှစ်မျိုးဖြစ်ပါတယ်။ realme 5i ၏ Specifications များအနေဖြင့် သေးငယ်သော Dewdrop Notch ပါဝင်သည့် IPS LCD Display ကိုအသုံးပြုပေးထား ပါတယ်။ ဖုန်း၏ အနောက်ဘက်မှာ အကြမ်းခံတဲ့ Polycarbonate Material ကိုအသုံးပြုပေးထားပြီး Design အားဖြင့် Sunrise Design အသစ်ကို အသုံးပြုထားခြင်းလည်းဖြစ်ပါတယ်။ Fingerprint Scanner အားဖုန်းရဲ့အနောက်မှာ တပ်ဆင်ထားပါတယ်။ 6.52 လက်မရှိသော Screen နဲ့ 720 x 1600 Pixels HD+ Resolution ပါရှိပါတယ်။ 4 GB LPDDR4x RAM နှင့် Internal Storage အား 64 GB အထိရွေးချယ်နိုင်မှာဖြစ်ပါတယ်။

အလေးချိန်အားဖြင့် ၁၉၅ ဂရမ်ရှိပြီး ၉.၃ မီလီမီတာအထူရှိပါတယ်။ မျက်နှာပြင်အကျယ် ၆.၅၂ လက်မရှိပြီး Mini-Drop FullScreen ကိုအသုံးပြုပေးထားပါတယ်။ Android 9.0 (Pie) ကိုအသုံးပြုပေးထားပြီး Android 10.0 နဲ့ ColourOS 6 အထိတိုးမြှင့်အသုံးပြုနိုင်မည်လည်းဖြစ်ပါတယ်။ Performance ပိုင်းအတွက် Snapdragon 665 AIE ကိုအသုံးပြုထားပြီး CPU အတွက် Octa-cora နှင့် GPU အတွက် Adreno 610 ကိုအသုံးပြုထားပါတယ်။

720 x 1600 Resolution ပုံထွက်ကိုရရှိမှာဖြစ်ပြီး Ram 4 GB Rom 64 GB ကိုအသုံးပြုထားပါတယ်။ Massive Battery 5000mAh ကိုအသုံးပြုထားပြီး တစ်ခြားဖုန်းများကို အားပြန်သွင်းပေးနိုင်သည့် Reverse Charging စနစ်လည်း ပါဝင်ပါတယ်။ Ultra-Wide Quad Camera ကိုအသုံးပြုထားပြီး Super Nightscope 2.0 နဲ့ Video Stability တို့ပါဝင်ပါတယ်။ Front Camera အဖြစ် 12MP (Wide)၊ 8MP (Ultrawide)၊ 2MP (Dedicated macro camera) နဲ့ 2MP (Depth sensor) တို့ပါဝင်မှာဖြစ်ပါတယ်။ Selfie Camera သည်လည်း 8MP ရှိပြီး HDR mode နဲ့ Panorama mode အထိအသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

Photo source https://bit.ly/3dqCMh6

realme 6 Pro

realme 6 Pro 6Cameras.ProDisplay လေးရဲ့ 64MP ProCamera က ဟိုးအဝေးက အရာဝတ္ထုတွေကို အဆ(၂၀) ထိ ပိုမိုနီးကပ်စွာ ရိုက်ကူးနိုင်မယ့် 20x Hybrid Zoom ပါဝင်တာပဲဖြစ်တဲ့အတွက် အဝေးက မြင်ကွင်းတွေကို တိကျပြတ်သားစွာ ဖမ်းယူရရှိစေမှာပါ။ realme 6 Pro ဈေးနှုန်းကတော့ (RAM 8GB + 128GB ROM) 459900 ကျပ်ကျသင့်မှာပဲဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် မေလ (၁၆) ရက်နေ့မှာ စတင်ဝယ်ယူအားပေးနိုင်မှာဖြစ်ပြီး ဇွန်လ (၁၆) ရက်နေ့အထိ realme 6 Pro ဝယ်ယူအားပေးသူများကို realme PowerBank 10000mAh လေးကို မေတ္တာလက်ဆောင်ပေးသွားမှာလည်းဖြစ်ပါ တယ်။ မေတ္တာလက်ဆောင် အရေအတွက်ကိုလည်း ကန့်သတ်ထားပါတယ်။

realme 6

realme 6 64MPProCamera.ProDisplay လေးမှာတော့ သင့်အလိုရှိသမျှ သိမ်းဆည်းထားပေးနိုင်ဖို့အတွက် သိုလှောင်နိုင်မှု 128GB ပမာဏ အထိပါဝင်တာပဲဖြစ်ပါတယ်။ ဒီလို များပြားလှတဲ့ သိုလှောင်နိုင်မှု ပမာဏ ပါဝင်တာကြောင့် ဇာတ်လမ်းတွဲ တွေပဲ ကူးပြီးကြည့်မလား ၊ Storage များများလိုတဲ့ ဂိမ်းတွေပဲ သွင်းပြီးဆော့မလား မိမိစိတ်ကြိုက်လွတ်လပ်စွာ အသုံးပြုနိုင် စေမှာပါ။ ဈေးနှုန်းတွေကတော့

realme 6 (RAM 4GB + 128GB ROM) = 329,900Ks

realme 6 (RAM 8GB + 128GB ROM) = 369,900Ks ကျသင့်မှာပဲဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် မေလ (၁၆) ရက်နေ့မှာ စတင်ဝယ်ယူအားပေးနိုင်မှာဖြစ်ပြီး ဇွန်လ (၁၆) ရက်နေ့အထိ realme 6 ဝယ်ယူအားပေးသူများအတွက် အသံထွက်ကောင်းမွန်တဲ့ BT speaker လေး အပြင် realme ရဲ့ Brand T-Shirt (သို့) realme ရဲ့ Mug ပါဝင်တဲ့ gift box လေးကို မေတ္တာလက်ဆောင်ရရှိမှာပဲ ဖြစ်ပါတယ်။ မေတ္တာလက်ဆောင် အရေအတွက် အကန့်အသတ်ထားရှိပါတယ်။

Photo source https://bit.ly/3dqCMh6

realme C3

realme C3 ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ပါတယ်။ realme C3 TripleCameraGameMonster မှာ ပါဝင်တဲ့ 12MP AI Triple Camera ၏ ဆန်းပြားသည့်လုပ်ဆောင်ချက်များကို မြင်တွေ့ရမည်လည်းဖြစ်ပါတယ်။ realme C3 သည် Octa-core နှင့် Android 10.0 ကိုအခြေခံထားကာ realme UI 1.0 ကိုအသုံးပြုထားခြင်းလည်းဖြစ်ပါတယ်။ Resolution အနေနဲ့ 720 x 1600 pixels အသုံးပြုထားခြင်းကြောင့် ကြည်လင် ပြတ်သားပြီး အသုံးပြုသူများအတွက် ပိုမိုအဆင်ပြေချောမွေ့စေမှာလည်းဖြစ်ပါတယ်။ 6.5 လက်မမျက်နှာပြင်အကျယ်ရှိပြီး Mini-drop Fullscreen ကိုအသုံးပြုထားပါတယ်။။ အလေးချိန်အားဖြင့် 195g ရှိပြီး Helio G70 Processor ကိုအသုံးပြုထားခြင်းကြောင့် ဂိမ်းကစားသူများအတွက် ပိုမိုကောင်းမွန်ပြီး အတွေ့အကြုံကောင်းများကို ယူဆောင်လာ ပေးနိုင်မယ့် ဖုန်းအမျိုး အစားတစ်ခုလည်းဖြစ်ပါတယ်။

Storage အနေဖြင့် 32GB/2GB, 32GB/3GB နဲ့ 64GB/4GB တို့ရရှိနိုင်မှာဖြစ်ပါတယ်။ ကြည်လင်ပြတ်သားကောင်းမွန်သော 12MP (wide), 2MP (macro) နဲ့ 2MP (depth) စသည့် Camera သုံးလုံးကို အသုံးပြုထားပါတယ်။ Selfie Camera အတွက် 5MP (wide) တပ်ဆင်အသုံးပြုပေးထားပါတယ်။ Video များကိုလည်း 1080p@30fps အထိရယူရိုက်ကူး နိုင်မှာပါ။ အားသွင်းစနစ်ကို microUSB 2.0 အသုံးပြုထားပြီး Battery ကြာကြာခံနိုင်သည့် Li-Po 5,000 mAh Battery ကိုအသုံးပြုပေးထားပါတယ်။ အရောင်အားဖြင့် လှပဆန်းသစ်သော Frozen Blue နဲ့ Blazing Red ဆိုသည့် အရောင်နှစ်မျိုးရရှိမှာဖြစ်ပါတယ်။

realme C3i

ဂိမ်းကစားလို့ကောင်းတဲ့ Helio G70 Processor ပါဝင်ပြီး တစ်နေ့တာလုံး စိတ်ကြိုက် အသုံးပြုနိုင်မယ့် 5000mAh Battery လည်းပါဝင်တဲ့အပြင် စိတ်လွတ်လပ်စွာ ခံစားကြည့်ရှုနိုင်စေမယ့် ကြီးမားကျယ်ပြန့်တဲ့ 6.5” ရှိတဲ့ မျက်နှာပြင်တို့ ပါဝင်တဲ့ realme C3i BornforFun လေးရဲ့ RAM 2GB + 32GB ROM ပါဝင်မှုကို 149,900Ks ဖြင့် ၂၀၂၀ ခုနှစ် မေလ (၃၀) ရက်နေ့ကစတင်ပြီး မြန်မာပြည်အနှံမှာရှိတဲ့ realme ရဲ့ မိတ်ဘက် မိုလ်ဘိုင်းဖုန်းအရောင်ဆိုင်ကြီးများမှာ စတင်ရောင်းချပေး နေပြီလည်းဖြစ်ပါတယ်။