ဆိုက်ဘာလုံခြုံရေး ထိရောက်စွာကိုယ်တွယ်နိုင်မည့်အရေး အမေရိကန်၏ ချဉ်းကပ်ပုံအနေအထားကို ပြင်ဆင်ရန် Huawei မှ တောင်းဆို

၂၀၁၉ ခုနှစ် အမျိုးသားကာကွယ်ရေး ခွင့်ပြုမိန့် အက်ဥပဒေ (NDAA-၂၀၁၉) မှ ပုဒ်မ ၈၈၉ ၏ အခြေခံဖွဲ့စည်းပုံအား စိန်ခေါ်သည့်လုပ်ငန်းစဉ် တစ်စိတ် တစ်ဒေသအနေဖြင့် အနှစ်ချုပ်စီရင်ချက်ချမှတ်ပေးရန် Huawei မှ ယနေ့တွင် အဆိုပြုတင်သွင်းခဲ့သည်။ အဆိုပါပိတ်ပင်တားဆီးမှုများသည် ဆိုက်ဘာလုံခြုံရေးရစေမည့်နည်းလမ်းမဟုတ်သဖြင့် အမေရိ ကန်အစိုးရမှ Huawei အပေါ်ထားရှိသည့် နိုင်ငံရေးအရ ပိတ်ပင်တားဆီးမှုများကို ရပ်တန့်ပေးရန် တောင်းဆိုခြင်းလည်းဖြစ် ကြောင်း Huawei မှ ၂၀၁၉ ခုနှစ် မေလ ၂၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
“ဆိုက်ဘာလုံခြုံရေးကို အကြောင်းပြချက်တစ်ခုအဖြစ်သုံးပြီး Huawei အပေါ်ပိတ်ပင်တားဆီးတာဟာ ကွန်ရက်တွေကို ပိုပြီး လုံခြုံသွားစေမှာမဟုတ်ပါဘူး။ လုံခြုံရေးနဲ့ပတ်သက်ပြီး အမြင်မှားနေတာပါ။ ပြီးတော့ ကျွန်တော်တို့ တကယ်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကနေ အာရုံလွှဲနေတာဖြစ်ပါတယ်” ဟု Huawei ၏ ဥပဒေရေးရာ အရာရှိချုပ်ဖြစ်သူSong Liuping က ပြောကြားသည်။ “အမေရိကန်မှာရှိတဲ့ နိုင်ငံရေးသမားတွေက နိုင်ငံတစ်နိုင်ငံလုံးရဲ့ အင်အားတွေကိုသုံးပြီး ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနောက်တောက်လျှောက်လိုက်နေတာပါ။ ဒါကသာမန်တော့မဟုတ်ပါဘူး။သမိုင်းတောက်လျှောက်မှာ မကြုံဖူးသလောက်ပါပဲ” ဟု Song က မှတ်ချက်ပေးသည်။

Photo Source – https://bit.ly/2JMC9Db

“Huawei ဟာ လုံခြုံရေးအပိုင်းမှာ ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်ဆိုတာကို အမေရိကန်အစိုးရ က သက်သေတစ်ခုမှမပြ ခဲ့ပါဘူး။ ပြစရာသက်သေကလည်းမရှိပါဘူး။ ထင်ကြေးပဲရှိတာပါ” ဟု Song က ထပ်လောင်းပြောဆိုခဲ့သည်။
ထိုတိုင်ကြားမှုတွင် Huawei သည် NDAA-၂၀၁၉ ၏ ပုဒ်မ ၈၈၉ တွင် Huawei အားကွက်၍ အမည်နာမဖြင့်ဖော်ပြထား သည်ဟု ခုခံပြောဆိုထားပြီး အမေရိကန်အစိုးရအေဂျင်စီများကို Huawei ပစ္စည်းများနှင့် ဝန်ဆောင်မှု များဝယ်ယူခြင်းအား ပိတ်ပင်ထားသည်။ ထိုမျှမက အမေရိကန်အစိုးရအပေါ် ထိခိုက်မှုနှင့် ဆက်နွယ်မှုမရှိသော်လည်း ထိုအေဂျင်စီများ ကို Huawei မှ ပစ္စည်းနှင့်ဝန်ဆောင်မှု ဝယ်ယူသူတတိယပါတီများနှင့် ပဋိညာဉ်စာချုပ်ချုပ်ဆိုခြင်း၊ လုပ်ပိုင်ခွင့် (သို့) ချေးငွေ ပေးခြင်းများကို ပိတ်ပင်တားဆီးထားသည်ဟု ခုခံပြောဆိုထားသည်။
လွန်ခဲ့သောနှစ်ပတ်က Huawei ကိုအမေရိကန်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနက “အမည်ပျက်စာရင်း” သွင်းခဲ့ သည့် အကြောင်းကိုလည်း Song ကပြောကြားခဲ့သည်။ “အန္တရာယ်ရှိတဲ့အလားအလာတစ်ခုပါ။ ဒီနေ့ telecoms နဲ့ Huawei ပေါ့။ နောက်နေ့ဆိုရင်တော့ ခင်ဗျား ရဲ့ လုပ်ငန်းနယ်ပယ်၊ ကုမ္ပဏီ၊ ဝယ်ယူသုံးစွဲသူတွေဖြစ်လာနိုင်ပါတယ်” ဟု သူက ပြောဆိုခဲ့သည်။

Photo Source – https://bit.ly/2JIfbx2

“တရားရေးစနစ်ဆိုတာ တရားမျှတမှုအတွက် နောက်ဆုံးစည်းတစ်ခုပါ။ အမေရိကန်ရဲ့ တရားရေးစနစ်က လွတ်လပ်ပြီး သမာဓိရှိတယ်ဆိုတာ Huawei ကယုံကြည်ပါတယ်။NDAA ကအမှားကို တရားရုံးက အမှန် ပြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု Sone ကထပ်လောင်းပြောခဲ့သည်။
NDAA-၂၀၁၉ ရဲ့ ပုဒ်မ ၈၈၉ ဟာ တရားစီရင်ရေး ဥပဒေ၊ တရားစီရင်ရေးလုပ်ထုံးလုပ်နည်းများနှင့် အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အပ်နှင်းထားတဲ့ ဥပဒေအပိုဒ်များကို ချိုးဖောက်ထားပါတယ်။ ဒါ့ကြောင့် ဒီကိစ္စဟာ “ဥပဒေ အကြောင်း အရာတစ်ခု” ပါပဲ။ ဘာကြောင့်လဲဆိုတော့ ထုတ်ပြန်ကြေညာမှုမှာ ဘာအကြောင်းအရာမှမပါဘူး။ ဒါကြောင့် ဒီကိစ္စကို မြန်မြန် ဆောင်ရွက်နိုင်ဖို့ အနှစ်ချုပ်စီရင်ချက်တစ်ခုချပေးဖို့ အဆိုတင်သွင်းတာပါ ဟုHuawei ၏ တရားရုံးချုပ်ရှေ့နေဖြစ်သူ Glen Nager ကပြောကြားခဲ့သည်။

Photo Source – http://www.musion3d.co.uk/lshowcase/huawei/huawei-logo/

Huawei အပေါ် အမေရိကန်၏ ဖိနှိပ်မှုကြောင့် ကွန်ရက်တွေ ပိုမိုလုံခြုံသွားလိမ့်မည်မဟုတ်ကြောင်း Huawei မှ ယုံကြည် ထားသည်။ အကယ်၍ လုံခြုံရေးသည် အမေရိကန်အစိုးရ၏ တကယ့်ရည်ရွယ်ချက်ဟုဆိုလျှင် ဆိုက်ဘာလုံခြုံရေးတိုးမြှင့် ရန်အတွက် အမေရိကန်မှ မှန်ကန်သည့်နည်းလမ်း၊ ကျင့်သုံးမှုနှင့် ရိုးရှင်းထိရောက်သော ဆောင်ရွက်ချက်များကို လုပ် ဆောင်နိုင်မည်ဟု Huawei မျှော်လင့်ထားသည်။ တရားရုံး၏ စီစဉ်ချမှတ်သော အမိန့်နှင့်အညီ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ကြားနာစစ်ဆေးမည်ဖြစ်သည်။