Huawei Myanmar ၏ Youth Open Day အစီအစဉ်တွင် မေလအတွင်း နည်းပညာနှင့်ကွန်ပျူတာကျောင်းသား၊ ကျောင်းသူ (၉၀) နီးပါးတက်ရောက်

Huawei Myanmar ၏ Youth Open Dayအစီအစဉ်ကို ပြီးခဲ့သည့် မေလအတွင်း သုံးကြိမ်တိုင်ကျင်းပခဲ့ရာ ဒေသအသီးသီးရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား၊ကျောင်းသူ ၉၀ နီးပါး ပါဝင်တက်ရောက်ခဲ့ပြီးဖြစ် ကြောင်း သိရသည်။

Photo Source – https://bit.ly/2XC69oz

ရန်ကုန်မြို့ရှိ Huawei Myanmar ရုံးချုပ်တွင်ကျင်းပသည့် Youth Open Day အစီအစဉ်တွင် ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် 5G၊ AI စသည့်နောက်ဆုံးပေါ် နည်းပညာများ၊ နည်းပညာဆိုင်ရာတီထွင်ဖန်တီးမှု အသစ်များနှင့် အနာဂတ် အိုင်စီတီကဏ္ဍအလားအလာများအကြောင်း လေ့လာခွင့်ရရှိမည်လည်းဖြစ်သည်။
Youth Open Day အစီအစဉ်ကျင်းပရခြင်းရည်ရွယ်ချက်မှာ နည်းပညာနှင့်ကွန်ပျူတာတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် နည်းပညာနှင့်အိုင်စီတီကဏ္ဍအလားအလာကို သိရှိနားလည်ကာ မြန်မာနိုင်ငံ၏ အိုင်စီတီကဏ္ဍဖံွံ့ဖြိုးတိုးတက် ရေးအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုပါဝင်ဆောင်ရွက်နိုင်ရန် ဖြစ်သည်။

Photo Source – https://bit.ly/2XC69oz

ပညာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် ပါမောက္ခချုပ်များကော်မတီနှင့် Huawei Myanmar တို့အကြား အိုင်စီတီထူးချွန်လူငယ် များမွေးထုတ်ပေးရေးအစီအစဉ် (ICT Talent Development Program) ဆိုင်ရာ နားလည်မှုစာချွန်လွှာကို ပြီးခဲ့သည့်နှစ် အတွင်း လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါနားလည်မှုစာချွန်လွှာအရ ကဏ္ဍ (၆) ခုတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ရာ Youth Open Day အစီအစဉ်လည်း အပါအဝင်ဖြစ်ကြောင်းသိရသည်။

Photo Source – https://bit.ly/2XC69oz

Youth Open Day အစီအစဉ်အရ တစ်ကြိမ်လျှင် ကျောင်းသားကျောင်းသူ (၃၀) ကိုဖိတ်ကြားမည်ဖြစ်ပြီး၊ Huawei Myanmar က ၂၀၁၉ ခုနှစ်အတွင်း Youth Open Day အစီအစဉ်ကို (၁၄) ကြိမ်အထိ ကျင်းပသွားမည်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေး နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)၊ နည်းပညာတက္ကသိုလ် (မန္တလေး)၊ နည်းပညာ တက္ကသိုလ် (ကျောက်ဆည်)၊ နည်းပညာတက္ကသိုလ် (မိတ္ထီလာ)၊ နည်းပညာတက္ကသိုလ် (တောင်ကြီး)၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊မြန်မာသတင်း အချက်အလက်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (မုံရွာ)၊ကွန်ပျူတာ တက္ကသိုလ် (ကလေး)၊ ကွန်ပျူတာ တက္ကသိုလ် (မိတ္ထီလာ)၊ ကွန်ပျူတာတက္ကသိုလ် (ပခုက္ကူ)၊ ကွန်ပျူတာတက္ကသိုလ် (ပင်လုံ)၊ ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)၊ ကွန်ပျူတာတက္ကသိုလ် (မအူပင်)၊ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ကွန်ပျူတာတက္ကသိုလ် (သထုံ)၊ ကွန်ပျူတာ တက္ကသိုလ် (ထားဝယ်) စသည့် တက္ကသိုလ် (၂၅) ခုမှ ကျောင်းသားကျောင်း သူပေါင်း ၄၂၀ သည် Huawei Myanmar ၏ Youth Open Day အစီအစဉ်တွင် ပါဝင်ကာ နောက်ဆုံးပေါ် နည်းပညာများနှင့်အိုင်စီတီကဏ္ဍအကြောင်း လေ့လာကြမည်ဖြစ်သည်။

Photo Source – https://bit.ly/2XC69oz

“ထူးချွန်ထက်မြက်သူမရှိရင် အနာဂတ်ဆိုတာလည်း မရှိပါဘူး။ လူငယ်တွေက မြန်မာနိုင်ငံရဲ့ အနာဂတ်ပါ။ ICT ကဏ္ဍမှာ မြန်မာနိုင်ငံသားတွေရဲ့ နည်းပညာကျွမ်းကျင်တက်မြောက်မှုကို မြှင့်တင်ပေးနိုင်ဖို့ ကျွန်တော်တို့ Huawei ကုမ္ပဏီက ကတိပြု ထား ပါတယ်။ ICT နည်းပညာထူးချွန်သူတွေ မွေးထုတ်ပေးနိုင်ဖို့ “ICT Talent Development”ဆိုတဲ့ တာဝန်သိလူမှုရေး လုပ်ငန်းစဉ် (CSR) တစ်ခုကို ၂၀၂၃ ခုနှစ်ကတည်းက ကျွန်တော်တို့ စတင်ဆောင်ရွက်ခဲ့ပါတယ်”ဟု Huawei Myanmar ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာ Zhang Liman က ပြောကြားသည်။

Photo Source – https://bit.ly/2XC69oz

Huawei သည် ကမ္ဘာတစ်ဝှမ်းတွင်ဦးဆောင်လျက်ရှိသော သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာများ၊ အခြေခံအဆောက်အဦနှင့်စမတ်စက်ပစ္စည်းများကိုထောက်ပံ့သော ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ Huawei ၏ ရည်ရွယ်ချက် (၄) ခု ဖြစ်သည့် တယ်လီကွန်းကွန်ရက်၊ အိုင်တီ၊ စမတ်စက်ပစ္စည်းများနှင့် cloud ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်သော ဆက်သွယ်ရေးဖြင့် အသိပညာရှိသည့်ကမ္ဘာကြီးဖြစ်လာစေရန် တစ်ဦးချင်း၊ တစ်အိမ်ချင်းနှင့် အဖွဲ့အစည်းတစ်ခုစီထံသို့ ပို့ဆောင်ပေးလျက်ရှိကြောင်းလည်းသိရသည်။

Photo Source – https://bit.ly/2XC69oz

Huawei အနေဖြင့် ကမ္ဘာကြီးပိုမိုတိုးတက်ရန်အတွက် နည်းပညာပိုင်းတွင် အခြေခံသုတေသနကို နက်နက်နဲနဲ ရင်းနှီးမြှုပ်နှံ ထားပြီးဝန်ထမ်းပေါင်း ၁၈၀,၀၀၀ ကျော်ဖြင့် နိုင်ငံပေါင်း ၁၇၀ ကျော်တွင် ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။ Huawei ကို ၁၉၈၇ ခုနှစ်က စတင်တည်ထောင်ခဲ့သည်။